၁၄၀ မြောက် ထောင့်ကန်ဘောက ဂိုးရတဲ့ ယူနိုက်တက်နဲ့ ဂေါင်းကြီး ဂိုးသွင်းတဲ့ပွဲ

ဒီရာသီ မအောင်မြင်တဲ့ ကြိုးပမ်းမှု ၁၃၉ ကြိမ်မြောက်အပြီး နောက်ဆုံးမှာတော့

မန်ယူက ထောင့်ကန်ဘောကနေ ဂိုးသွင်းနိုင်ခဲ့ပါပြီ။

ခေါင်းကြီးရယ်လို့ ပရိသတ်တွေရဲ့နာမည်ပြောင်းပေးခြင်းခံထားရတဲ့

အသင်းခေါင်းဆောင်မက်ဂွိုင်းယားက လိဒ်နဲ့ပွဲမှာ မန်ယူအတွက် ဦးဆောင်ဂိုးအဖြစ်

ခေါင်းတိုက်သွင်းယူခဲ့တာပါ။

ဒီပွဲမတိုင်ခင် အခုရာသီ ရန်းနက်လက်ထက်မှာရော အရင်နည်းပြ

ဆိုးလ်ရှားလက်ထက်မှာပါ မန်ယူဟာ ထောင့်ကန်ဘောကနေ

ဂိုးသွင်းနိုင်ခြင်းမရှိလို့ အဲဒါဟာ လှောင်ပြောင်စရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီ့အတွက်လည်း ပြီးခဲ့တဲ့နွေရာသီမှာဆိုရင် မန်ယူဟာ တန်ကန်ဘော

နည်းပြတစ်ယောကိုတောင် ငှားရမ်းခဲ့တာပါ။

ဒါတောင် ရာသီထက်ဝက်ကျော်ဖြစ်တဲ့ လိဒ်နဲ့ပွဲစဉ်ရောက်မှ ထောင့်ကန်ဘောကနေ

ပထမဆုံးအကြိမ်အဖြစ် ဂိုးစတင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ လုခ်ရှောတင်ပေးတဲ့ထောင့်ကန်ဘောကနေ မက်ဂွိုင်းယားက

ခေါင်းတိုက်သွင်းယူခဲ့တာပါ။ လိဒ်နဲ့ပွဲက မက်ဂွိုင်းယားရဲ့အဲဒီဂိုးဟာ ၂၀၂၁

မတ်လနောက်ပိုင်း အမှတ်ပေးပွဲစဉ်တစ်ခုမှာ ထောင့်ကန်ဘောကနေ

ပထမဆုံးဂိုးရခဲ့တာလည်း ဖြစ်ပါတယ်။


တကယ်လည်း မက်ဂွိုင်းယားဟာ ဒီ့မတိုင်ခင် မန်ယူအတွက် ထောင့်ကန်ဘောကနေ

နောက်ဆုံးဂိုးသွင်းယူပေးခဲ့သူတွေထဲက တစ်ယောက်ဖြစ်ပြီး ၂၀၂၁ ဇန်နဝါရီက

ရှက်ဖီးယူနဲ့ပွဲမှာလည်း ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းပေးခဲ့သေးတာပါ။

ဖိအားတွေအောက်ရောက်နေတဲ့ အဲဒီမန်ယူအသင်းခေါင်းဆောင်အတွက်

အခုလိုအချိန်မှာ ဒီဂိုးဟာ ကျေနပ်ဖွယ်ရာဖြစ်စေပါလိမ့်မယ်။

Zawgyi

၁၄၀ ေျမာက္ ေထာင့္ကန္ေဘာက ဂိုးရတဲ့ ယူႏိုက္တက္နဲ႔ ေဂါင္းႀကီး ဂိုးသြင္းတဲ့ပြဲ

ဒီရာသီ မေအာင္ျမင္တဲ့ ႀကိဳးပမ္းမႈ ၁၃၉ ႀကိမ္ေျမာက္အၿပီး ေနာက္ဆုံးမွာေတာ့

မန္ယူက ေထာင့္ကန္ေဘာကေန ဂိုးသြင္းႏိုင္ခဲ့ပါၿပီ။

ေခါင္းႀကီးရယ္လို႔ ပရိသတ္ေတြရဲ႕နာမည္ေျပာင္းေပးျခင္းခံထားရတဲ့

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားက လိဒ္နဲ႔ပြဲမွာ မန္ယူအတြက္ ဦးေဆာင္ဂိုးအျဖစ္

ေခါင္းတိုက္သြင္းယူခဲ့တာပါ။

ဒီပြဲမတိုင္ခင္ အခုရာသီ ရန္းနက္လက္ထက္မွာေရာ အရင္နည္းျပ

ဆိုးလ္ရွားလက္ထက္မွာပါ မန္ယူဟာ ေထာင့္ကန္ေဘာကေန

ဂိုးသြင္းႏိုင္ျခင္းမရွိလို႔ အဲဒါဟာ ေလွာင္ေျပာင္စရာတစ္ခုျဖစ္ခဲ့ပါတယ္။

ဒီ့အတြက္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာဆိုရင္ မန္ယူဟာ တန္ကန္ေဘာ

နည္းျပတစ္ေယာကိုေတာင္ ငွားရမ္းခဲ့တာပါ။

ဒါေတာင္ ရာသီထက္ဝက္ေက်ာ္ျဖစ္တဲ့ လိဒ္နဲ႔ပြဲစဥ္ေရာက္မွ ေထာင့္ကန္ေဘာကေန

ပထမဆုံးအႀကိမ္အျဖစ္ ဂိုးစတင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ လုခ္ေရွာတင္ေပးတဲ့ေထာင့္ကန္ေဘာကေန မက္ဂြိဳင္းယားက

ေခါင္းတိုက္သြင္းယူခဲ့တာပါ။ လိဒ္နဲ႔ပြဲက မက္ဂြိဳင္းယားရဲ႕အဲဒီဂိုးဟာ ၂၀၂၁

မတ္လေနာက္ပိုင္း အမွတ္ေပးပြဲစဥ္တစ္ခုမွာ ေထာင့္ကန္ေဘာကေန

ပထမဆုံးဂိုးရခဲ့တာလည္း ျဖစ္ပါတယ္။

တကယ္လည္း မက္ဂြိဳင္းယားဟာ ဒီ့မတိုင္ခင္ မန္ယူအတြက္ ေထာင့္ကန္ေဘာကေန

ေနာက္ဆုံးဂိုးသြင္းယူေပးခဲ့သူေတြထဲက တစ္ေယာက္ျဖစ္ၿပီး ၂၀၂၁ ဇန္နဝါရီက

ရွက္ဖီးယူနဲ႔ပြဲမွာလည္း ေထာင့္ကန္ေဘာကေန ေခါင္းတိုက္သြင္းေပးခဲ့ေသးတာပါ။

ဖိအားေတြေအာက္ေရာက္ေနတဲ့ အဲဒီမန္ယူအသင္းေခါင္းေဆာင္အတြက္

အခုလိုအခ်ိန္မွာ ဒီဂိုးဟာ ေက်နပ္ဖြယ္ရာျဖစ္ေစပါလိမ့္မယ္။