
ယူနိုက်တက်အသင်းဟာ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ်





တစ်ရာသီစာလက်မှတ်နှုန်းထားတွေကိုမြှင့်တင်ခဲ့တယ်လို့ The Sun
သတင်းစာက ရေးသားလိုက်ပါတယ်။ လက်ရှိမှာကလပ်ကိုလွှဲပြောင်း





ရယူဖို့အတွက် ဝယ်လက် ၃ ဦးကချဉ်းကပ်လာချိန်မှာ အခုလိုသတင်းထွက်လာတာဖြစ်တယ်။
ရှိတ်ဂျက်ဆင်မ်၊ ဆာဂျင်ရက်ကလစ်ဖ်နဲ့ American hedge fund ရင်းနှီးမြုပ်နှံသူများ
Elliott တို့ဘက်က ပေါင် ၅ ဘီလီယံအထိကမ်းလှမ်းမှုတွေရှိနေတယ်လို့သိရပါတယ်။





အခြားတစ်ဖက်မှာတော့ အသင်းဟာ လူငယ်ကြယ်ပွင့် ဂါနာချိုကို ၅ နှစ်သက်တမ်းတိုး
စာချုပ်အတွက်အောင်မြင်မှုတွေရရှိခဲ့ပြီဖြစ်တယ်။ လက်ရှိပြဿနာကတော့





ဂလေဇာတွေဟာ ယူနိုက်တက်ကိုရောင်းချရာကနေ ပေါင် ၆ ဘီလီယံထက်မနည်း
လိုချင်နေပြီး လေလံဆွဲသူတွေဟာ ရူးသွပ်တဲ့ငွေကြေးကိုပေးဆောင်မှာမဟုတ်ဘူးလို့
Sky Sports သတင်းထောက်ချုပ် ဆိုလ်ဟီကိုလ်က သုံးသပ်လိုက်ပါတယ်။





“ဒီနေရာမှာ အရေးကြီးတာက ဂလေဇာမိသားစုဘာလုပ်ချင်တာလဲ။
မန်ချက်စတာယူနိုက်တက်ကို တကယ်ရောင်းချင်နေတာလား။





ဒါမှမဟုတ် သူတို့က ကလပ်မှာရှိတဲ့လူအနည်းစုရှယ်ယာကိုရောင်းပြီး
အိုးလ်ထရက်ဖို့ဒ်ကိုပြန်လည်တည်ဆောက်ဖို့အတွက် အဲ့ဒီပိုက်ဆံကိုသုံးချင်တာလား။
အခုအချိန်က ယူနိုက်တက်ကိုရောင်းချဖို့အချိန်ကောင်းမဟုတ်ဘူးလို့





သူတို့ထင်နေတာလား။ အဆုံးစွန်သောအားဖြင့် သူတို့အပေါ်ပဲမူတည်ပါတယ်။
ကျွန်တော်တို့ပြောနေတာက ယူနိုက်တက်လေလံဆွဲသူတွေဟာ ရူးသွပ်တဲ့





ငွေကြေးပမာဏကိုပေးဆောင်မှာမဟုတ်ဘူး။ သူတို့က ဂလေဇာတွေရဲ့
တေးသွားအတိုင်းကကြမှာမဟုတ်ဘူး။ အသင်းက ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ
ဈေးဖြတ်ထားသလို အဲ့ဒီထက်ပိုပေးမှာမဟုတ်ဘူး” လို့ ဆိုလ်ဟီကိုလ်က ပြောဆိုလိုက်ပါတယ်။





zawgyi
၁၁ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ တစ္ရာသီစာလက္မွတ္ႏႈန္းထားျမႇင့္တင္လာခဲ့သလို ဂေလဇာေတြဘာလုပ္ခ်င္ေနတာလဲလို႔ Sky Sports သတင္းေထာက္ခ်ဳပ္ ေမးခြန္းထုတ္





ယူႏိုက္တက္အသင္းဟာ ၁၁ ႏွစ္အတြင္း ပထမဆုံးအႀကိမ္အျဖစ္
တစ္ရာသီစာလက္မွတ္ႏႈန္းထားေတြကိုျမႇင့္တင္ခဲ့တယ္လို႔ The Sun
သတင္းစာက ေရးသားလိုက္ပါတယ္။ လက္ရွိမွာကလပ္ကိုလႊဲေျပာင္း





ရယူဖို႔အတြက္ ဝယ္လက္ ၃ ဦးကခ်ဥ္းကပ္လာခ်ိန္မွာ အခုလိုသတင္းထြက္လာတာျဖစ္တယ္။
ရွိတ္ဂ်က္ဆင္မ္၊ ဆာဂ်င္ရက္ကလစ္ဖ္နဲ႔ American hedge fund ရင္းႏွီးျမဳပ္ႏွံသူမ်ား





Elliott တို႔ဘက္က ေပါင္ ၅ ဘီလီယံအထိကမ္းလွမ္းမႈေတြရွိေနတယ္လို႔သိရပါတယ္။
အျခားတစ္ဖက္မွာေတာ့ အသင္းဟာ လူငယ္ၾကယ္ပြင့္ ဂါနာခ်ိဳကို ၅ ႏွစ္သက္တမ္းတိုး
စာခ်ဳပ္အတြက္ေအာင္ျမင္မႈေတြရရွိခဲ့ၿပီျဖစ္တယ္။ လက္ရွိျပႆနာကေတာ့





ဂေလဇာေတြဟာ ယူႏိုက္တက္ကိုေရာင္းခ်ရာကေန ေပါင္ ၆ ဘီလီယံထက္မနည္း
လိုခ်င္ေနၿပီး ေလလံဆြဲသူေတြဟာ ႐ူးသြပ္တဲ့ေငြေၾကးကိုေပးေဆာင္မွာမဟုတ္ဘူးလို႔





Sky Sports သတင္းေထာက္ခ်ဳပ္ ဆိုလ္ဟီကိုလ္က သုံးသပ္လိုက္ပါတယ္။
“ဒီေနရာမွာ အေရးႀကီးတာက ဂေလဇာမိသားစုဘာလုပ္ခ်င္တာလဲ။
မန္ခ်က္စတာယူႏိုက္တက္ကို တကယ္ေရာင္းခ်င္ေနတာလား။





ဒါမွမဟုတ္ သူတို႔က ကလပ္မွာရွိတဲ့လူအနည္းစုရွယ္ယာကိုေရာင္းၿပီး
အိုးလ္ထရက္ဖို႔ဒ္ကိုျပန္လည္တည္ေဆာက္ဖို႔အတြက္ အဲ့ဒီပိုက္ဆံကိုသုံးခ်င္တာလား။





အခုအခ်ိန္က ယူႏိုက္တက္ကိုေရာင္းခ်ဖို႔အခ်ိန္ေကာင္းမဟုတ္ဘူးလို႔
သူတို႔ထင္ေနတာလား။ အဆုံးစြန္ေသာအားျဖင့္ သူတို႔အေပၚပဲမူတည္ပါတယ္။
ကြၽန္ေတာ္တို႔ေျပာေနတာက ယူႏိုက္တက္ေလလံဆြဲသူေတြဟာ ႐ူးသြပ္တဲ့





ေငြေၾကးပမာဏကိုေပးေဆာင္မွာမဟုတ္ဘူး။ သူတို႔က ဂေလဇာေတြရဲ႕
ေတးသြားအတိုင္းကၾကမွာမဟုတ္ဘူး။ အသင္းက ဘယ္ေလာက္တန္ဖိုးရွိတယ္ဆိုတာ





ေဈးျဖတ္ထားသလို အဲ့ဒီထက္ပိုေပးမွာမဟုတ္ဘူး” လို႔ ဆိုလ္ဟီကိုလ္က ေျပာဆိုလိုက္ပါတယ္။