၁၀ နှစ်ကျော်အတွင်းမှာ အပြောင်းအရွှေ့အသုံးစရိတ်ချည်း ပေါင် ၉၀၉ သန်းတောင်ရှိခဲ့ပြီး အဓိကဆုဖလား ၄ ခုသာရရှိခဲ့တဲ့ မန်ယူ

မန်ယူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်းမှာ

အသားတင်အပြောင်းအရွှေ့အသုံးစရိတ်ချည်း ပေါင် ၉၀၉ သန်းတောင်ရှိခဲ့ပြီး

အဲဒါဟာ ကမ္ဘာပေါ်က ဘယ်အသင်းထက်မဆို အများဆုံးဖြစ်ဖြစ်ကြောင်း

လေ့လာဆန်းစစ်မှုအသစ်တစ်ခုအရ သိရပါတယ်။

ဘောလုံးသုသေတနအဖွဲ့အစည်းဖြစ်တဲ့ CIES ရဲ့အဆိုအရ

ယူနိုက်တက်ဟာ ၂၀၁၂ နွေရာသီကတည်းက ကစားသမားခေါ်ယူမှုတွေအတွက်

ပေါင် ၁.၃ သန်းဘီလီယံကျော်သုံးစွဲခဲ့ကြောင်း သိရတာပါ။

အဲဒီကာလအတွင်း ကစားသမားရောင်းချမှုတွေကနေ

ပေါင် ၃၉၇ သန်းသာ ပြန်ရခဲ့ကာ အဓိကဆုဖလား ၄ ခုသာရရှိခဲ့ပြီး

၂၀၁၇ နောက်ပိုင်းကတည်းက ဖလားလက်မဲ့ဖြစ်နေပါတယ်။

ဒီလေ့လာဆန်းစစ်မှုဟာ ဥရောပတလွှား ပရီးမီးယားလိဂ်ရဲ့

ဘဏ္ဍာရေးစိုးမိုးနိုင်မှုကို ပြသရာရောက်ပြီး

လွန်ခဲ့တဲ့ ၁၀ နှစ်အကျော်အတွင်းမှာ ကစားသမားခေါ်ယူမှုအတွက်

ငွေကြေးသုံးစွဲမှုအများဆုံးထိပ်ဆုံး ၁၀ သင်းထဲမှာ ၆ သင်းက

ပရီးမီးယားလိဂ်က ဖြစ်နေတာပါ။

အဲဒီမှာ အဲဗာတန်နဲ့အက်စ်တွန်ဗီလာတို့ဟာ

ကစားသမားအရောင်းအဝယ်နဲ့ပတ်သက်လို့

ချဲလ်ဆီးနဲ့လီဗာပူးတို့ထက်အောင် အရှုံးပေါ်ခဲ့တာကို တွေ့ရပါတယ်။

အင်္ဂလန်ရော ဥရောပမှာ မန်ယူပြီးရင် ကစားသမားခေါ်ယူမှု

အသုံးစရိတ်အများဆုံးက မန်စီးတီးဖြစ်ပြီး အပြောင်းအရွှေ့တွေမှာ

သူတို့အရှုံးပြတာက စံချိန်တင်အဖြစ် ပေါင် ၈၃၂ သန်းတောင် ရှိပါတယ်။

ကစားသမားအရောင်းအဝယ်မှာ မန်စီးတီးအရှုံးပြတာက

မန်ယူထက် ၃ ဆနီးပါးပိုများပေမယ့် အဲဒီကာလအတွင်း သူတို့ဟာ

အဓိကဆုဖလား ၁၁ ခုတောင် ရရှိခဲ့တာပါ။

ယူနိုက်တက်ကတော့ ပေါ့ဂ်ဘာ၊ မက်ဂွိုင်းယား၊ ဆန်ချိုနဲ့ ဖရက်ဒ်တို့လို

ကစားသမားတွေအတွက် ငွေကြေးကုန်ကျများခဲ့တာ ဖြစ်ပါတယ်။

အံ့သြစရာကောင်းတာက အင်္ဂလိပ်အသင်းတွေထဲမှာ

ကစားသမားအရောင်းအဝယ်အရှုံးပြမှုတတိယအများက

ပေါင် ၄၉၂ သန်းနဲ့ အာဆင်နယ်ဖြစ်နေတာပါ။

ဒါပေမဲ့ အာဆင်နယ်ဟာ အဲဒီကာလအတွင်း မန်ယူလိုပဲ

အဓိကဆုဖလား ၄ ခု ရခဲ့ပါတယ်။

zawgyi

၁၀ ႏွစ္ေက်ာ္အတြင္းမွာ အေျပာင္းအေ႐ႊ႕အသုံးစရိတ္ခ်ည္း ေပါင္ ၉၀၉ သန္းေတာင္ရွိခဲ့ၿပီး အဓိကဆုဖလား ၄ ခုသာရရွိခဲ့တဲ့ မန္ယူ

မန္ယူဟာ လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္အတြင္းမွာ

အသားတင္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ခ်ည္း ေပါင္ ၉၀၉ သန္းေတာင္ရွိခဲ့ၿပီး

အဲဒါဟာ ကမာၻေပၚက ဘယ္အသင္းထက္မဆို အမ်ားဆုံးျဖစ္ျဖစ္ေၾကာင္း

ေလ့လာဆန္းစစ္မႈအသစ္တစ္ခုအရ သိရပါတယ္။

ေဘာလုံးသုေသတနအဖြဲ႕အစည္းျဖစ္တဲ့ CIES ရဲ႕အဆိုအရ

ယူႏိုက္တက္ဟာ ၂၀၁၂ ေႏြရာသီကတည္းက ကစားသမားေခၚယူမႈေတြအတြက္

ေပါင္ ၁.၃ သန္းဘီလီယံေက်ာ္သုံးစြဲခဲ့ေၾကာင္း သိရတာပါ။

အဲဒီကာလအတြင္း ကစားသမားေရာင္းခ်မႈေတြကေန

ေပါင္ ၃၉၇ သန္းသာ ျပန္ရခဲ့ကာ အဓိကဆုဖလား ၄ ခုသာရရွိခဲ့ၿပီး

၂၀၁၇ ေနာက္ပိုင္းကတည္းက ဖလားလက္မဲ့ျဖစ္ေနပါတယ္။

ဒီေလ့လာဆန္းစစ္မႈဟာ ဥေရာပတလႊား ပရီးမီးယားလိဂ္ရဲ႕

ဘ႑ာေရးစိုးမိုးႏိုင္မႈကို ျပသရာေရာက္ၿပီး

လြန္ခဲ့တဲ့ ၁၀ ႏွစ္အေက်ာ္အတြင္းမွာ ကစားသမားေခၚယူမႈအတြက္

ေငြေၾကးသုံးစြဲမႈအမ်ားဆုံးထိပ္ဆုံး ၁၀ သင္းထဲမွာ ၆ သင္းက

ပရီးမီးယားလိဂ္က ျဖစ္ေနတာပါ။

အဲဒီမွာ အဲဗာတန္နဲ႔အက္စ္တြန္ဗီလာတို႔ဟာ

ကစားသမားအေရာင္းအဝယ္နဲ႔ပတ္သက္လို႔

ခ်ဲလ္ဆီးနဲ႔လီဗာပူးတို႔ထက္ေအာင္ အရႈံးေပၚခဲ့တာကို ေတြ႕ရပါတယ္။

အဂၤလန္ေရာ ဥေရာပမွာ မန္ယူၿပီးရင္ ကစားသမားေခၚယူမႈ

အသုံးစရိတ္အမ်ားဆုံးက မန္စီးတီးျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ေတြမွာ

သူတို႔အရႈံးျပတာက စံခ်ိန္တင္အျဖစ္ ေပါင္ ၈၃၂ သန္းေတာင္ ရွိပါတယ္။

ကစားသမားအေရာင္းအဝယ္မွာ မန္စီးတီးအရႈံးျပတာက

မန္ယူထက္ ၃ ဆနီးပါးပိုမ်ားေပမယ့္ အဲဒီကာလအတြင္း သူတို႔ဟာ

အဓိကဆုဖလား ၁၁ ခုေတာင္ ရရွိခဲ့တာပါ။

ယူႏိုက္တက္ကေတာ့ ေပါ့ဂ္ဘာ၊ မက္ဂြိဳင္းယား၊ ဆန္ခ်ိဳနဲ႔ ဖရက္ဒ္တို႔လို

ကစားသမားေတြအတြက္ ေငြေၾကးကုန္က်မ်ားခဲ့တာ ျဖစ္ပါတယ္။

အံ့ၾသစရာေကာင္းတာက အဂၤလိပ္အသင္းေတြထဲမွာ

ကစားသမားအေရာင္းအဝယ္အရႈံးျပမႈတတိယအမ်ားက

ေပါင္ ၄၉၂ သန္းနဲ႔ အာဆင္နယ္ျဖစ္ေနတာပါ။

ဒါေပမဲ့ အာဆင္နယ္ဟာ အဲဒီကာလအတြင္း မန္ယူလိုပဲ

အဓိကဆုဖလား ၄ ခု ရခဲ့ပါတယ္။