
တောင်ကိုရီးယားနဲ့ပွဲမှာ ကစားသမား ချွေတာရင်းနဲ့ ရှုံးပွဲ တွေ့ထားခဲ့ရတဲ့ ပေါ်တူဂီဟာ
ဒီနေ့ညတော့ ထိပ်တန်းကစားသမားကောင်းတွေနဲ့ အပီဝုန်းမယ် ထင်ပါတယ်။
တောင်ကိုရီးယားနဲ့ပွဲမှာ ပေါ်တူဂီက အဓိက ကစားသမားများစွာ အနားပေးထားခဲ့တာကြောင့်
အခုည ဆွစ်နဲ့ပွဲအတွက်အဲ ဒီကစားသမားတွေက လန်းလန်းဆန်းဆန်း ရှိနေနိုင်ပါတယ်။
ဆွစ်ဇာလန်ကတော့ အုပ်စုတွင်းမှာ ဘရာဇီးကိုပဲ ရှုံးနိမ့်ခဲ့ပြီး ကင်မရွန်းနဲ့ ဆာဘီးယားတို့ကို အနိုင်ရခဲ့ပါတယ်။
ပေါ်တူဂီနဲ့ ဆွစ်ဇာလန်အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ ကစားသွားခဲ့တဲ့ နေးရှင်းလိဒ်မှာ ဆုံတွေ့ထားခဲ့ဖူးသလို
နှစ်ပွဲကစားထားပြီး အိမ်ကွင်းတွေမှာ အပြန်အလှန် အနိုင်ရခဲ့ကြပါတယ်။
ဘီဘီစီ မှာ ဘောလုံးသတင်းတွေတင်ဆက်နေတဲ့ ခရစ္စဆပ်တန်ကတော့ အခုလို ခန့်မှန်းထားပါတယ်။
”ဆွစ်ဇာလန်ကတော့ ဘရာဇီးနဲ့ ပွဲမှာ အတော်ချာခဲ့တာပါ။ ဘောလုံး ဂိုးပေါက်တည့်တာ တစ်ကြိမ်တောင် မရှိခဲ့ဘူး။
ဒါပေမယ့် ကာတာက တခြားပွဲတွေကို ကြည့်ရင်တော့ ဒီပွဲမှာ သူတို့ တစ်ခုခု လုပ်ပြနိုင်မယ် လို့ မျှော်လင့်စရာ ဖြစ်နေတယ်။
ပေါ်တူဂီကလည်း အကောင်းဆုံး ကစားသမား တချို့ ရှိတယ်။ ဒါပေမယ့် ဆွစ် က ဆားဘီးယားကို ကျော်ဖြတ်ပြီး
၁၆ သင်း အဆင့် ရောက်လာတဲ့နောက် ယုံကြည်မှုတွေ အပြည့် ရှိနေပါလိမ့်မယ်။
သူတို့က ပြီးခဲ့တဲ့ ဇွန်လ နေးရှင်းလိဂ်မှာ တုန်းကလည်း ပေါ်တူဂီကို အနိုင် ကစားခဲ့သေးတယ်။
ဒီပွဲကလည်း ကျဉ်းမြောင်းတဲ့ ရလဒ်ပဲ ထွက်မှာပါ။ ဒီပွဲမှာ ရော်နယ်ဒို က ပွဲ ရလဒ် အပေါ်သက်ရောက်မှုကြီး တစ်ခုခုတော့ လုပ်နိုင်လိမ့်မယ် ခံစားမိနေတယ်။
သူပါမှ ပေါ်တူဂီ ပွဲနိုင်မှာ မှာတော့ မဟုတ်ပါဘူး။ ပေါ်တူဂီ အတွက်ကတော့ ရော်နယ်ဒို ကို ရွေးဖို့ ဆိုတာ စဉ်းစားခန်းကျပ်နေပါလိမ့်မယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အသင်းသားတွေ အပေါ် သူ့လွှမ်းမိုးမှုက ကြီးပါတယ်။”လို့ ဆပ်တန်ကပြောထားပါတယ်။
ဆပ်တန်ကတော့ မိနစ် ၉ဝနဲ့ အချိန်ပိုတွေ အပြီး ၁-၁ သရေရလဒ် ထွက်မှာ ဖြစ်ကာ
ပင်နယ်တီမှာ ရော်နယ်ဒိုက အဆုံးအဖြတ် ကန်ချက် လွဲပြီး ဆွစ်ဇာလန် နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအတွက် ရှုံးထွက်ပွဲ (၆) ပွဲစလုံးမှာ (၅၁၄) မိနစ်နဲ့
စုစုပေါင်း ဂိုးပေါက် ခြိမ်းခြောက်မှု (၂၅) ကြိမ်အထိ ကစားထားပေမယ့်လည်း ရော်နယ်ဒိုဟာ ဂိုးပေါက်ကို ရှာမတွေ့သေးပါဘူး။
zawgyi
ေရာ္နယ္ဒို ပင္နယ္တီလြဲႏိုင္တယ္ဆိုၿပီး ဒီညပြဲရလဒ္ကို ၾကိဳတင္နိမိတ္ဖတ္လာတဲ့ ခရစၥဆပ္တန္
ေတာင္ကိုရီးယားနဲ႔ပြဲမွာ ကစားသမား ေခြၽတာရင္းနဲ႔ ရႈံးပြဲ ေတြ႕ထားခဲ့ရတဲ့ ေပၚတူဂီဟာ
ဒီေန႔ညေတာ့ ထိပ္တန္းကစားသမားေကာင္းေတြနဲ႔ အပီဝုန္းမယ္ ထင္ပါတယ္။
ေတာင္ကိုရီးယားနဲ႔ပြဲမွာ ေပၚတူဂီက အဓိက ကစားသမားမ်ားစြာ အနားေပးထားခဲ့တာေၾကာင့္
အခုည ဆြစ္နဲ႔ပြဲအတြက္အဲ ဒီကစားသမားေတြက လန္းလန္းဆန္းဆန္း ရွိေနႏိုင္ပါတယ္။
ဆြစ္ဇာလန္ကေတာ့ အုပ္စုတြင္းမွာ ဘရာဇီးကိုပဲ ရႈံးနိမ့္ခဲ့ၿပီး ကင္မ႐ြန္းနဲ႔ ဆာဘီးယားတို႔ကို အႏိုင္ရခဲ့ပါတယ္။
ေပၚတူဂီနဲ႔ ဆြစ္ဇာလန္အသင္းတို႔ဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ ကစားသြားခဲ့တဲ့ ေနးရွင္းလိဒ္မွာ ဆုံေတြ႕ထားခဲ့ဖူးသလို
ႏွစ္ပြဲကစားထားၿပီး အိမ္ကြင္းေတြမွာ အျပန္အလွန္ အႏိုင္ရခဲ့ၾကပါတယ္။
ဘီဘီစီ မွာ ေဘာလုံးသတင္းေတြတင္ဆက္ေနတဲ့ ခရစၥဆပ္တန္ကေတာ့ အခုလို ခန႔္မွန္းထားပါတယ္။
”ဆြစ္ဇာလန္ကေတာ့ ဘရာဇီးနဲ႔ ပြဲမွာ အေတာ္ခ်ာခဲ့တာပါ။ ေဘာလုံး ဂိုးေပါက္တည့္တာ တစ္ႀကိမ္ေတာင္ မရွိခဲ့ဘူး။
ဒါေပမယ့္ ကာတာက တျခားပြဲေတြကို ၾကည့္ရင္ေတာ့ ဒီပြဲမွာ သူတို႔ တစ္ခုခု လုပ္ျပႏိုင္မယ္ လို႔ ေမွ်ာ္လင့္စရာ ျဖစ္ေနတယ္။
ေပၚတူဂီကလည္း အေကာင္းဆုံး ကစားသမား တခ်ိဳ႕ ရွိတယ္။ ဒါေပမယ့္ ဆြစ္ က ဆားဘီးယားကို ေက်ာ္ျဖတ္ၿပီး
၁၆ သင္း အဆင့္ ေရာက္လာတဲ့ေနာက္ ယုံၾကည္မႈေတြ အျပည့္ ရွိေနပါလိမ့္မယ္။
သူတို႔က ၿပီးခဲ့တဲ့ ဇြန္လ ေနးရွင္းလိဂ္မွာ တုန္းကလည္း ေပၚတူဂီကို အႏိုင္ ကစားခဲ့ေသးတယ္။
ဒီပြဲကလည္း က်ဥ္းေျမာင္းတဲ့ ရလဒ္ပဲ ထြက္မွာပါ။ ဒီပြဲမွာ ေရာ္နယ္ဒို က ပြဲ ရလဒ္ အေပၚသက္ေရာက္မႈႀကီး တစ္ခုခုေတာ့ လုပ္ႏိုင္လိမ့္မယ္ ခံစားမိေနတယ္။
သူပါမွ ေပၚတူဂီ ပြဲႏိုင္မွာ မွာေတာ့ မဟုတ္ပါဘူး။ ေပၚတူဂီ အတြက္ကေတာ့ ေရာ္နယ္ဒို ကို ေ႐ြးဖို႔ ဆိုတာ စဥ္းစားခန္းက်ပ္ေနပါလိမ့္မယ္။
ဘာျဖစ္လို႔လဲ ဆိုေတာ့ အသင္းသားေတြ အေပၚ သူ႔လႊမ္းမိုးမႈက ႀကီးပါတယ္။”လို႔ ဆပ္တန္ကေျပာထားပါတယ္။
ဆပ္တန္ကေတာ့ မိနစ္ ၉ဝနဲ႔ အခ်ိန္ပိုေတြ အၿပီး ၁-၁ သေရရလဒ္ ထြက္မွာ ျဖစ္ကာ
ပင္နယ္တီမွာ ေရာ္နယ္ဒိုက အဆုံးအျဖတ္ ကန္ခ်က္ လြဲၿပီး ဆြစ္ဇာလန္ ႏိုင္မယ္လို႔ ခန႔္မွန္းထားပါတယ္။
ေရာ္နယ္ဒိုဟာ ကမာၻ႔ဖလားမွာ ေပၚတူဂီအတြက္ ရႈံးထြက္ပြဲ (၆) ပြဲစလုံးမွာ (၅၁၄) မိနစ္နဲ႔
စုစုေပါင္း ဂိုးေပါက္ ၿခိမ္းေျခာက္မႈ (၂၅) ႀကိမ္အထိ ကစားထားေပမယ့္လည္း ေရာ္နယ္ဒိုဟာ ဂိုးေပါက္ကို ရွာမေတြ႕ေသးပါဘူး။