ာနေးမရှိတဲ့လီဗာပူး အဆင့် ၄ အတွင်း မဝင်နိုင်ဘူးလို ဝီလျံဂါးလက်စ်ပြော

မာနေးကိုလက်လွှတ်လိုက်တဲ့ လီဗာပူးအနေနဲ့ ဒီရာသီမှာ ချန်ပီယံဆုမပြောနဲ့ ထိပ်တန်း ၄သင်းစာရင်းဝင်ဖိုတောင် မဖြစ်နိုင်ဘူးလို ချဲလ်ဆီး၊ အာဆင်နယ်နဲ့ စပါးနောက်ခံလူဟောင်း ဝီလျံဂါးလက်စ်ကပြောကြားလိုက်ပါတယ်။

နည်းပြကလော့ပ်လက်ထက်မှာ လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုတစ်ကြိမ်ရထားပြီး နောက်ဆုံး ၆ ရာသီ ဆက် ထိပ်တန်း ၄ သင်းစားရင်းဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂါးလက်စ်ကတော့ မာနေးမရှိတဲ့

လီဗာပူးဟာ ဒီရာသီမှာရုန်းကန်ရနိုင်ပြီး ထိပ်တန်းစာရင်းတောင် မဝင်နိုင်ဘူးလိုဆိုထားတာပါ။ လီဗာပူးဟာ ဒီရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ မာနေးကို ဘိုင်ယန်ဆီ ပေါင် ၃၅ သန်းနဲ့ရောင်းချထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယား လိဂ်အဖွင့်ပွဲစဉ်မှာ လီဗာပူးအနေနဲ့ တန်းတက်ဖူလ်ဟမ်ကို သရေသာကစားထားနိုင်ပြီးနောက် ဂါလက်စ်ကအခုလို မှတ်ချက်ပေးလာခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီရာသီမှာ

ချန်ပီယံဖြစ်နိုင်မယ့်အသင်းတွေကိုလည်း ဂါးလက်စ်ကပြောခဲ့သေးတာပါ။ အဲဒီအသင်းတွေကတော့ သူကစားခဲ့ဖူးတဲ့ ချဲလ်ဆီ၊ အာဆင်နယ်နဲ့စပါးအသင်းတို ဖြစ်နေပါတယ်။ သူ့ရဲ့ဦးစားပေးအနေနဲ့ ချဲလ်ဆီးက

ချန်ပီယံဖြစ်ဖိုထိပ်ဆုံးမှာရှိနေပြီး ဒုတိယအနေနဲ့ ကတော့ အာဆင်နယ်နဲ့စပါး တစ်သင်းသင်းဖြစ်နိုင်တယ်လိုဆိုထားပါတယ်။ ချန်ပီယံဖြစ်ဖိုသူမှန်းထားတဲ့အသင်းစာရင်းမှာ လက်ရှိချန်ပီယံ မန်စီးတီးတောင်မပါခဲ့ပါဘူး။

ဂါးလက်စဟာ သူ့ရဲ့အသင်းဟောင်း တစ်သင်းဖြစ်တဲ့အာဆင်နယ်ကို ချန်ပီယံဖြစ်နိုင်မယ်လိုပြောထားပေမယ့် နည်းပြ အာတီတာနဲ့ပတ်သက်လိုတော့ အခုလိုမှတ်ချက်ပေးခဲ့သေး တာပါ။ ဒီရာသီမှာသာ အာဆင်နယ် ထိပ်စား ၄သင်းစာရင်းမဝင်ရင် ထုတ်ပယ်ခံရနိုင်တယ်ဆိုပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

(zawgyi)






