
ယူနိုက်တက်အနေနဲ့ သမိုင်းလှန်နေတာ ရပ်တန့်ဖို့လိုပြီး မဟုတ်ရင် ဆေးရုံ
သွားပြီး ဦးနှောက်ဆေးသင့်တယ်လို့ အီဘရာဟီမိုဗစ်က ပြောဆိုလိုက်ပါတယ်။
ဆွီဒင်ကစားသမားဟာ၂၀၁၆ခုနှစ်မှ၂၀၁၈ခုနှစ်အထိယူနိုက်တက်တွင်
ကစားခဲ့သူဖြစ်ပါတယ်။သူဟာယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ
၅၃ပွဲကစားခဲ့ရာမှာ၂၉ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။သူဟာယူနိုက်တက်တွင်
ကစားစဉ်ကာလအတွင်းယူရိုပါလိဂ်ဖလားရရှိအောင်ကူညီခဲ့သလိုရနှစ်အတွင်း
ပထမဆုံးလိဂ်ဖလားရအောင်လည်းကူညီခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာအယ်အေဂလက်စီတွင်ကျင်လည်ပြီးနောက်အသင်းဟောင်း
အေစီမီလန်သို့ရောက်လာချိန်မှာလည်းအသက်၄၀နှစ်အရွယ်ရှိပြီဖြစ်ပေမယ့်
ဂိုးသွင်းကောင်းနေတုန်းဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ကယူနိုက်တက်ဟာ အတိတ်က
အောင်မြင်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်ထားမှုတွေကို ဖြတ်တောက်ဖို့
လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ “ သူတို့တွေက အတိတ်အကြောင်းကို
အရမ်းပြောကြတယ်။ ကျွန်တော် အဲဒီကို သွားခဲ့တုန်းကဆိုရင် ‘ငါက ဒီမှာ
လက်ရှိပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပြီး ကိုယ့်သမိုင်းကိုယ်ရေးဖို့ ရှိနေတာပဲ’ လို့
ပြောခဲ့တယ်။ ဒါပေမယ့် အတိတ်ကိုပဲ တွေးနေတာ အရမ်းများလွန်းရင်
သံသရာလည်နေရော။ လက်ရှိအခြေအနေကိုပဲစဉ်းစား ဒါမှမဟုတ်
ဆေးရုံသွားပြီး ဦးနှောက်ဆေးသင့်တယ်”
“ ကျွန်တော် အင်္ဂလန်မှာအတွေ့အကြုံကောင်းတစ်ခု ရခဲ့ပါတယ်။
ယူနိုက်တက်က အံ့ဩစရာကောင်းတဲ့ကလပ်ပါ။ ကျွန်တော်တို့တွေ
ဆုဖလားအနည်းငယ် အောင်မြင်ခဲ့တယ်။အဲဒီက အရည်အသွေးက
နည်းစနစ်ပိုင်းအရ ချီးကျူးခံရတာတွေကအိုဗာဖြစ်နေပေမယ့် အရှိန်အဟုန်၊
စည်းချက်မှန်မှန်လှုပ်ရှားမှုတွေကတခြားလိဂ်တွေနဲ့ မတူဘူး။
မင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နိုင်ပေမယ့် အဲဒီက
အရှိန်အဟုန်နဲ့ ပြင်းပြမှုကို မကိုင်တွယ်နိုင်ရင်အောင်မြင်မှာ
မဟုတ်ဘူး။” လို့ ဇလာတန်က ပြောဆိုခဲ့တာပါ။
Zawgyi
ဦးေႏွာက္ေဆးဖို႔ လိုၿပီလို႔ ယူႏိုက္တက္ကို တည့္ျဖဳတ္လိုက္တဲ့ ဇလာတန္
ယူႏိုက္တက္အေနနဲ႔ သမိုင္းလွန္ေနတာ ရပ္တန႔္ဖို႔လိုၿပီး မဟုတ္ရင္ ေဆး႐ုံ
သြားၿပီး ဦးေႏွာက္ေဆးသင့္တယ္လို႔ အီဘရာဟီမိုဗစ္က ေျပာဆိုလိုက္ပါတယ္။
ဆြီဒင္ကစားသမားဟာ၂၀၁၆ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိယူႏိုက္တက္တြင္
ကစားခဲ့သူျဖစ္ပါတယ္။သူဟာယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ
၅၃ပြဲကစားခဲ့ရာမွာ၂၉ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာယူႏိုက္တက္တြင္
ကစားစဥ္ကာလအတြင္းယူ႐ိုပါလိဂ္ဖလားရရွိေအာင္ကူညီခဲ့သလိုရႏွစ္အတြင္း
ပထမဆုံးလိဂ္ဖလားရေအာင္လည္းကူညီခဲ့ပါတယ္။အီဘရာဟီမိုဗစ္ဟာ
အယ္ေအဂလက္စီတြင္က်င္လည္ၿပီးေနာက္အသင္းေဟာင္းေအစီမီလန္သို႔
ေရာက္လာခ်ိန္မွာလည္းအသက္၄၀ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမယ့္ဂိုးသြင္းေကာင္း
ေနတုန္းျဖစ္ပါတယ္။ အီဘရာဟီမိုဗစ္ကယူႏိုက္တက္ဟာ အတိတ္က
ေအာင္ျမင္မႈေတြနဲ႔ စိတ္ပိုင္းဆိုင္ရာ ဆက္သြယ္ထားမႈေတြကို ျဖတ္ေတာက္ဖို႔
လိုအပ္တယ္လို႔ ယုံၾကည္ေနပါတယ္။ “ သူတို႔ေတြက အတိတ္အေၾကာင္းကို
အရမ္းေျပာၾကတယ္။ ကြၽန္ေတာ္ အဲဒီကို သြားခဲ့တုန္းကဆိုရင္ ‘ငါက ဒီမွာ
လက္ရွိပစၥဳပၸန္ကိုပဲ အာ႐ုံစိုက္ၿပီး ကိုယ့္သမိုင္းကိုယ္ေရးဖို႔ ရွိေနတာပဲ’ လို႔
ေျပာခဲ့တယ္။ ဒါေပမယ့္ အတိတ္ကိုပဲ ေတြးေနတာ အရမ္းမ်ားလြန္းရင္
သံသရာလည္ေနေရာ။ လက္ရွိအေျခအေနကိုပဲစဥ္းစား ဒါမွမဟုတ္
ေဆး႐ုံသြားၿပီး ဦးေႏွာက္ေဆးသင့္တယ္” “ ကြၽန္ေတာ္ အဂၤလန္မွာ
အေတြ႕အႀကဳံေကာင္းတစ္ခု ရခဲ့ပါတယ္။ ယူႏိုက္တက္က အံ့ဩစရာေကာင္းတဲ့
ကလပ္ပါ။ ကြၽန္ေတာ္တို႔ေတြ ဆုဖလားအနည္းငယ္ ေအာင္ျမင္ခဲ့တယ္။
အဲဒီက အရည္အေသြးက နည္းစနစ္ပိုင္းအရ ခ်ီးက်ဴးခံရတာေတြက
အိုဗာျဖစ္ေနေပမယ့္ အရွိန္အဟုန္၊ စည္းခ်က္မွန္မွန္လႈပ္ရွားမႈေတြက
တျခားလိဂ္ေတြနဲ႔ မတူဘူး။မင္းက ကမာၻ႔အေကာင္းဆုံး ကစားသမား
ျဖစ္ႏိုင္ေပမယ့္ အဲဒီက အရွိန္အဟုန္နဲ႔ ျပင္းျပမႈကို မကိုင္တြယ္ႏိုင္ရင္
ေအာင္ျမင္မွာ မဟုတ္ဘူး။” လို႔ ဇလာတန္က ေျပာဆိုခဲ့တာပါ။