ဥရောပအိပ်မက်တွေကိုအသက်သွင်းချင်တယ်လို့ မြန်မာ့တန်ကြေးအမြင့်ဆုံးကစားသမား ဟိန်းထက်အောင် ဖွင့်ဟလာ

မလေးရှားကလပ်ဆီလန်ဂေါအသင်းမှာပါဝင်ကစားနေတဲ့

အသက် ၂၂နှစ် အရွယ် ဟိန်းထက်အောင်ရဲ့ လက်ရှိကာလ

တန်ကြေးဟာ ယူရို (၄သိန်း ၄သောင်း) အထိရှိနေပြီး

မြန်မာငွေနဲ့ဆိုရင်တော့ သိန်း (၁သောင်း၂ထောင်)ဝန်းကျင်

ရှိနေတယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ ဒါဟာ မြန်မာ

ကစားသမားတွေထဲမှာတော့ တန်ကြေးအမြင့်ဆုံးဖြစ်နေသလို

ဟံသာဝတီယူနိုက်တက်မှာ ကစားစဉ်ကတည်းက ဥရောပအိပ်မက်ကို

အသက်သွင်းချင်တယ်လို့ ဟိန်းထက်အောင် ကိုယ်တိုင်က

ဖွင့်ဟထားပါတယ်။ နောက်ချန်တိုက်စစ်ကစားသမား

(shadow striker)အဖြစ် ကစားခဲ့တဲ့ ဟိန်းထက်အောင်က

လက်ရှိမြန်မာလူငယ်ကစားသမားတွေ ဥရောအထိ

ထွက်ကစားနေတာကိုမြင်ရတဲ့အချိန်မှာ ကြိုးစားချင်စိတ်တွေ

အရမ်းဖြစ်မိတယ်လို့ ဖွင့်ဟထားသူဖြစ်တယ်။

“ကျွန်တော့်ရည်မှန်းချက်ကတော့ တချိန်မှာ ဥရောပအထိ

ရောက်ချင်တယ်။ ဒါပေမဲ့ ကျွန်တော်တစ်ဆင့်ချင်းပဲသွားချင်သလို

အာဆီယံဒေသတွင်းကနေစတင်မှာပါ။ ကိုဗစ်ကာလမှာကတည်း

ထရိန်နင်တွေမပျက်ခဲ့ဘူး Gym လည်းပုံမှန်ကစားခဲ့တယ်။

မလိုအပ်ဘဲနဲ့လည်း အပြင်မထွက်ခဲ့ပါဘူး။ အိမ်မှာပဲနေခဲ့ပါတယ်။

၂၀၂၀ ကတော့ ကျွန်တော့်အတွက်မေ့လို့မရတဲ့နှစ်ဖြစ်ခဲ့ပြီး

ဟံသာဝတီအသင်းမှာအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အသင်းဖော်တွေနဲ့ ဆရာတွေဆီကအကူအညီရခဲ့သလို

ကျွန်တော်ကိုယ်တိုင်ကလည်း လေ့ကျင့်ရေးတွေမှာ မဆုတ်မနစ်

ကြိုးစားခဲ့ပါတယ်။ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်မှာ

ဂိုးဖန်တီးမှုအများဆုံးဖြစ်ခဲ့တယ်ဆိုတာကတော့

ကျွန်တော်အရင်ကတည်း နောက်ချန်တိုက်စစ်မှူးအဖြစ်ကစားလို့

ဖန်တီးမှုတွေပိုလုပ်နိုင်တာပါ။ နောက်ပိုင်းမှာတော့ ညာတောင်ပံမှာ

ကစားရင်း အားသာတဲ့ဖြတ်တင်ဘောတွေပိုလုပ်လာနိုင်ခဲ့တယ်” လို့

ဟိန်းထက်အောင်က ဖွင့်ဟခဲ့ဖူးပါတယ်။ အိပ်မက်များစွာနဲ့

မြန်မာ့တန်ကြေးအမြင့်ဆုံးကစားသမားလေး ဟိန်းထက်အောင်တစ်ယောက်

သူမျှော်လင့်ထားတဲ့အတိုင်း ဥရောပဇာတ်ခုံပေါ်မှာ

ကပြခွင့်ရမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်။

zawgyi

ဥေရာပအိပ္မက္ေတြကိုအသက္သြင္းခ်င္တယ္လို႔ ျမန္မာ့တန္ေၾကးအျမင့္ဆုံးကစားသမား ဟိန္းထက္ေအာင္ ဖြင့္ဟလာ

မေလးရွားကလပ္ဆီလန္ေဂါအသင္းမွာပါဝင္ကစားေနတဲ့

အသက္ ၂၂ႏွစ္ အ႐ြယ္ ဟိန္းထက္ေအာင္ရဲ႕ လက္ရွိကာလ

တန္ေၾကးဟာ ယူ႐ို (၄သိန္း ၄ေသာင္း) အထိရွိေနၿပီး

ျမန္မာေငြနဲ႔ဆိုရင္ေတာ့ သိန္း (၁ေသာင္း၂ေထာင္)ဝန္းက်င္

ရွိေနတယ္လို႔ သတင္းေတြမွာေဖာ္ျပေနပါတယ္။ ဒါဟာ ျမန္မာ

ကစားသမားေတြထဲမွာေတာ့ တန္ေၾကးအျမင့္ဆုံးျဖစ္ေနသလို

ဟံသာဝတီယူႏိုက္တက္မွာ ကစားစဥ္ကတည္းက ဥေရာပအိပ္မက္ကို

အသက္သြင္းခ်င္တယ္လို႔ ဟိန္းထက္ေအာင္ ကိုယ္တိုင္က

ဖြင့္ဟထားပါတယ္။ ေနာက္ခ်န္တိုက္စစ္ကစားသမား

(shadow striker)အျဖစ္ ကစားခဲ့တဲ့ ဟိန္းထက္ေအာင္က

လက္ရွိျမန္မာလူငယ္ကစားသမားေတြ ဥေရာအထိ

ထြက္ကစားေနတာကိုျမင္ရတဲ့အခ်ိန္မွာ ႀကိဳးစားခ်င္စိတ္ေတြ

အရမ္းျဖစ္မိတယ္လို႔ ဖြင့္ဟထားသူျဖစ္တယ္။

“ကြၽန္ေတာ့္ရည္မွန္းခ်က္ကေတာ့ တခ်ိန္မွာ ဥေရာပအထိ

ေရာက္ခ်င္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တစ္ဆင့္ခ်င္းပဲသြားခ်င္သလို

အာဆီယံေဒသတြင္းကေနစတင္မွာပါ။ ကိုဗစ္ကာလမွာကတည္း

ထရိန္နင္ေတြမပ်က္ခဲ့ဘူး Gym လည္းပုံမွန္ကစားခဲ့တယ္။

မလိုအပ္ဘဲနဲ႔လည္း အျပင္မထြက္ခဲ့ပါဘူး။ အိမ္မွာပဲေနခဲ့ပါတယ္။

၂၀၂၀ ကေတာ့ ကြၽန္ေတာ့္အတြက္ေမ့လို႔မရတဲ့ႏွစ္ျဖစ္ခဲ့ၿပီး

ဟံသာဝတီအသင္းမွာအေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

အသင္းေဖာ္ေတြနဲ႔ ဆရာေတြဆီကအကူအညီရခဲ့သလို

ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေလ့က်င့္ေရးေတြမွာ မဆုတ္မနစ္

ႀကိဳးစားခဲ့ပါတယ္။ ၂၀၂၀ ျမန္မာေနရွင္နယ္လိဂ္မွာ

ဂိုးဖန္တီးမႈအမ်ားဆုံးျဖစ္ခဲ့တယ္ဆိုတာကေတာ့

ကြၽန္ေတာ္အရင္ကတည္း ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္ကစားလို႔

ဖန္တီးမႈေတြပိုလုပ္ႏိုင္တာပါ။ ေနာက္ပိုင္းမွာေတာ့ ညာေတာင္ပံမွာ

ကစားရင္း အားသာတဲ့ျဖတ္တင္ေဘာေတြပိုလုပ္လာႏိုင္ခဲ့တယ္” လို႔

ဟိန္းထက္ေအာင္က ဖြင့္ဟခဲ့ဖူးပါတယ္။ အိပ္မက္မ်ားစြာနဲ႔

ျမန္မာ့တန္ေၾကးအျမင့္ဆုံးကစားသမားေလး ဟိန္းထက္ေအာင္တစ္ေယာက္

သူေမွ်ာ္လင့္ထားတဲ့အတိုင္း ဥေရာပဇာတ္ခုံေပၚမွာ

ကျပခြင့္ရမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာျဖစ္တယ္။