ဥရောပရဲ့ Overrated အဖြစ်ဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ သီယာဂို

လီဗာပူးကွင်းလယ်လူဟောင်း ဟာမန်းက

လီဗာပူးကွင်းလယ်လူ သီယာဂိုအယ်လ်ကန်တာရာက
ဥရောပဘောလုံးလောကရဲ့ overrated အဖြစ်ဆုံး
ကစားသမားတစ်ဦးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဟာမန်းက ကိုယ့်အသင်း ဘောလုံးဆုံးရှုံးသွားချိန်
သီယာဂိုရဲ့အရည်အသွေးကို

မေးခွန်းထုတ်လိုက်ပြီး လီဗာပူးအနေနဲ့
ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ
ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရလို့
ယခုရာသီမှာ ကာရာဘောင်နဲ့
အက်ဖ်အေဖလားတို့ပဲ ရရှိခဲ့ပါတယ်။

သီယာဂိုက ယခုရာသီမှာ အသင်းရဲ့
အဓိကကွင်းလယ်လူတစ်ဦးအဖြစ် ပါဝင်ကစားခဲ့ပေမယ့်
ဂျာမနီနိုင်ငံသား ဟာမန်းကတော့
အသင်းဟောင်းလီဗာပူးအနေနဲ့
ယခုနွေရာသီအတွင်း ကွင်းလယ်ပိုင်းကို

အင်အားဖြည့်တင်းသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
”ကျွန်တော့်အမြင်အရဆိုရင်
လီဗာပူးအနေနဲ့ အသင်းကို
ပြုပြင်ဖို့ လိုအပ်နေပါတယ်။
အထူးသဖြင့် ကွင်းလယ်ပိုင်းပေါ့။

သီယာဂိုအပေါ် မျှော်လင့်ချက်တွေ
ဘာလို့ အများကြီးထားနေရတာလဲဆိုတာ
ကျွန်တော် နားမလည်နိုင်ဖြစ်နေပါတယ်။
ကျွန်တော့်အတွက်တော့ သူဟာ
ဥရောပဘောလုံးလောကရဲ့ overrated

အဖြစ်ဆုံးကစားသမားတစ်ဦးပါ။
ကိုယ့်အသင်းက ကစားပုံကောင်းပြီး
ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ချိန်ဆို
သီယာဂို ကစားတာ သိပ်ကောင်းပေါ့။
ဒါပေမဲ့ တကယ့်ကျဉ်းထဲကျပ်ထဲ

ရောက်ပြီဆိုရင် သီယာဂိုကို ရှာမတွေ့တော့ဘူး။
တကယ်လို့ အခက်အခဲတွေကြားထဲကနေ
ဖောက်ထွက်ဖို့ တစ်ယောက်ယောက်
လိုအပ်ပြီဆိုရင် သီယာဂိုမဖြစ်နိုင်တာသေချာပါတယ်”လို့
ဟာမန်းက ပြောပါတယ်။

ဆက်လက်ပြီး ဟာမန်းက
တခြားကွင်းလယ်လူတွေဖြစ်တဲ့
ကီတာနဲ့ အသင်းခေါင်းဆောင်
ဟန်ဒါဆန်တို့အကြောင်းလည်း ပြောပါတယ်။
”ကီတာကလည်း စိတ်ပျက်စရာကောင်းပါတယ်။

ဟန်ဒါဆန်က အလုပ်သမားစစ်စစ်ပါ။
လီဗာပူးအသင်းအနေနဲ့ ကွဲပြားခြားနားမှုတွေ
လုပ်နိုင်တဲ့ ကွင်းလယ်လူမျိုး လိုအပ်ပါတယ်”လို့
ဟာမန်းက ထပ်ပြောပါတယ်။

Zawgyi








ဟာမန်းက ပြောပါတယ်။
ဆက်လက်ပြီး ဟာမန်းက


ဟာမန်းက ထပ်ပြောပါတယ်။