ဥရောပရဲ့ ဒုတိယအဆိုးဆုံးကစားသမားအဖြစ် သတ်မှတ်ခံရတဲ့ မက်ဆီ

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး မက်ဆီဟာဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲမှာ

ကန်ချက်နဲ့ဂိုးရရှိမှုနှုန်းထား ဒုတိယအဆိုးဆုံး

ကစားသမားဖြစ်နေတယ်လို့ သိရပါတယ်။

အာဂျင်တီးနားဂန္ထဝင်ဖြစ်တဲ့ ဘောလုံးမှော်ဆရာမက်ဆီဟာ

ပဲရစ်မြို့မှာသူ့ရဲ့စွမ်းဆောင်ရည်တွေနိမ့် ကျနေပြီး ၁၇ ပွဲမှ

ာသူ့ရဲ့ပါဝင်ပတ်သက်မှုက ၁၂ ဂိုးသာရှိထားပါသေးတယ်။

သူဟာဒီရာသီမှာပီအက်စ်ဂျီအတွက်ပြိုင်ပွဲအရပ် ရပ် ၆ ဂိုးသွင်းထားပေမယ့်

လီဂူး ၁ မှာတော့တစ်ဂိုးသာရရှိထားသေးလို့

ကစားဖော်ဖြစ်တဲ့နောက်ခံလူ ရာမို့စ်နဲ့ သွင်းဂိုးချင်းတူ ညီနေတာပါ။

သူဟာလီဂူး ၁ မှာဒီတစ်ဂိုးရဖို့အတွက် ၄၄ ကြိမ်ကန်ခဲ့ရတာဖြစ်လို့

ကန်ချက်နဲ့ ဂိုးရရှိမှုနှုန်းထားမှာ ဥရောပရဲ့

ဒုတိယအဆိုးဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ဥရောပထိပ်တန်းလိဂ်တွေထဲမှာ ကန်ချက်နဲ့ဂိုးရရှိမှုနှုန်းအဆိုးဆုံး

သူကတော့ မန်စီးတီးညာနောက်ခံလူ ကန်ဆယ်လိုဖြစ်ပြီး

၄၆ ကြိမ်ကန်ခဲ့ရာမှာတစ်ဂိုးသာရရှိခဲ့လို့ အဆိုးဆုံးသူအဖြစ်

သတ်မှတ် ခံခဲ့ရတာဖြစ်ပါတယ်။

ဒီလိုမှတ်တမ်းဆိုးပေမယ့် ဘာစီလိုနာကစားသမားဟောင်းဖြစ်တဲ့

မက်ဆီဟာဂိုးဖန်တီးမှုပိုင်းမှတော့ စွမ်းရည်မြင့်မားနေဆဲ ဖြစ်ပြီး

တစ်ပွဲတည်း ၃ ကြိမ်ဖန်တီးပေးခဲ့ဘူးသလို ရိမ်းစ်ကို ၄-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာလည်း

ဖန်တီးနိုင်ခဲ့သေးလို့ သူ့ရဲ့ဒီရာသီဂိုးရရှိ ရေးဖန်တီးမှုဟာ

၆ ကြိမ်အထိရှိလာခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ မက်ဆီကတော့သူ့သွင်းဂိုးနည်းနေတာကို

ပူပန်ခြင်း မရှိဘဲ အသင်းအနိုင်ရဖို့ကသာပိုပြီးအရေးကြီးလို့

လက်ရှိပုံစံအတိုင်းဘဲကစားသွားမယ်လို့ ပြောသွားပါတယ်။

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်နဲ့

တွေ့ဆုံနေလို့ မက်ဆီအတွက်သာမက

ရာမို့စ်အတွက်ပါထူးခြားတဲ့ပွဲတစ် ခုဖြစ်လာမှာပါ။

zawgyi

ဥေရာပရဲ႕ ဒုတိယအဆိုးဆုံးကစားသမားအျဖစ္ သတ္မွတ္ခံရတဲ့ မက္ဆီ

ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး မက္ဆီဟာဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲမွာ

ကန္ခ်က္နဲ႔ဂိုးရရွိမႈႏႈန္းထား ဒုတိယအဆိုးဆုံး

ကစားသမားျဖစ္ေနတယ္လို႔ သိရပါတယ္။

အာဂ်င္တီးနားဂႏၴဝင္ျဖစ္တဲ့ ေဘာလုံးေမွာ္ဆရာမက္ဆီဟာ

ပဲရစ္ၿမိဳ႕မွာသူ႔ရဲ႕စြမ္းေဆာင္ရည္ေတြနိမ့္ က်ေနၿပီး ၁၇ ပြဲမွ

ာသူ႔ရဲ႕ပါဝင္ပတ္သက္မႈက ၁၂ ဂိုးသာရွိထားပါေသးတယ္။

သူဟာဒီရာသီမွာပီအက္စ္ဂ်ီအတြက္ၿပိဳင္ပြဲအရပ္ ရပ္ ၆ ဂိုးသြင္းထားေပမယ့္

လီဂူး ၁ မွာေတာ့တစ္ဂိုးသာရရွိထားေသးလို႔

ကစားေဖာ္ျဖစ္တဲ့ေနာက္ခံလူ ရာမို႔စ္နဲ႔ သြင္းဂိုးခ်င္းတူ ညီေနတာပါ။

သူဟာလီဂူး ၁ မွာဒီတစ္ဂိုးရဖို႔အတြက္ ၄၄ ႀကိမ္ကန္ခဲ့ရတာျဖစ္လို႔

ကန္ခ်က္နဲ႔ ဂိုးရရွိမႈႏႈန္းထားမွာ ဥေရာပရဲ႕

ဒုတိယအဆိုးဆုံးကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။

ဥေရာပထိပ္တန္းလိဂ္ေတြထဲမွာ ကန္ခ်က္နဲ႔ဂိုးရရွိမႈႏႈန္းအဆိုးဆုံး

သူကေတာ့ မန္စီးတီးညာေနာက္ခံလူ ကန္ဆယ္လိုျဖစ္ၿပီး

၄၆ ႀကိမ္ကန္ခဲ့ရာမွာတစ္ဂိုးသာရရွိခဲ့လို႔ အဆိုးဆုံးသူအျဖစ္

သတ္မွတ္ ခံခဲ့ရတာျဖစ္ပါတယ္။

ဒီလိုမွတ္တမ္းဆိုးေပမယ့္ ဘာစီလိုနာကစားသမားေဟာင္းျဖစ္တဲ့

မက္ဆီဟာဂိုးဖန္တီးမႈပိုင္းမွေတာ့ စြမ္းရည္ျမင့္မားေနဆဲ ျဖစ္ၿပီး

တစ္ပြဲတည္း ၃ ႀကိမ္ဖန္တီးေပးခဲ့ဘူးသလို ရိမ္းစ္ကို ၄-၀ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာလည္း

ဖန္တီးႏိုင္ခဲ့ေသးလို႔ သူ႔ရဲ႕ဒီရာသီဂိုးရရွိ ေရးဖန္တီးမႈဟာ

၆ ႀကိမ္အထိရွိလာခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္ရွိၿပီျဖစ္တဲ့ မက္ဆီကေတာ့သူ႔သြင္းဂိုးနည္းေနတာကို

ပူပန္ျခင္း မရွိဘဲ အသင္းအႏိုင္ရဖို႔ကသာပိုၿပီးအေရးႀကီးလို႔

လက္ရွိပုံစံအတိုင္းဘဲကစားသြားမယ္လို႔ ေျပာသြားပါတယ္။

ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ရီးရဲလ္မက္ဒရစ္နဲ႔

ေတြ႕ဆုံေနလို႔ မက္ဆီအတြက္သာမက

ရာမို႔စ္အတြက္ပါထူးျခားတဲ့ပြဲတစ္ ခုျဖစ္လာမွာပါ။