ဥရောပရဲ့ပျမ်းမျှတန်ဖိုးအမြင့်ဆုံး ပွဲထွက်အသင်းစာရင်းမှာ ယူနိုက်တက် တတိယနေရာ ရပ်တည်

ဘောလုံးသမားတွေနဲ့ပတ်သတ်ပြီး သီးသန့်ဒေတာတွေနဲ့ ခွဲခြမ်းစိတ်ဖြာထားတဲ့ ဘောလုံးဝက်ဘ်ဆိုက်ဒ် CIES ရဲ့စစ်တမ်းအရ ဥရောပရဲ့ပျမ်းမျှတန်ဖိုးအမြင့်ဆုံးပွဲထွက်

အသင်းအဆင့်သတ်မှတ်ချက်မှာ ယူနိုက်တက်က တတိယနေရာရပ်တည်ခဲ့ပါတယ်။ CIES ဟာ အောက်တိုဘာ ၂၆ရက်နေ့အထိကစားခဲ့တဲ့ပွဲစဉ်တွေအပေါ်

အခြေခံပြီးတွက်ချက်ခဲ့တာဖြစ်တယ်။ တန်ဟတ်နဲ့အတူ အသစ်တဖန်စတင်မှုမှာ ယူနိုက်တက်က အန်တိုနီအန်တိုနီ(ပေါင် ၈၆သန်း)၊ ကက်စ်မီရို(ပေါင်သန်း ၇၀)၊

လီဆန်ဒရိုမာတီနက်ဇ်(ပေါင် ၅၁သန်း) တို့ကို ခေါ်ယူအားဖြည့်ခဲ့ပြီး ပွဲထွက်စာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့တာကြောင့် အသင်းရဲ့ ပွဲထွက်လူစာရင်း

တန်ဖိုးမြင့်တက်ခဲ့တာဖြစ်တယ်။ ဒီစာရင်းရဲ့ထိပ်ဆုံးမှာတော့ မန်စီးတီးကရပ်တည်ခဲ့တာဖြစ်တယ်။ ဂွါဒီယိုလာအသင်းဟာ ဗီလာရဲ့ ဂျက်ဂရီလစ်ရှ်ကို

ပေါင်သန်း ၁၀၀နဲ့ခေါ်ယူခဲ့သလို ဒီဘရိုင်း၊ ရူဘင်ဒီယက်ဇ်၊ မာရက်ဇ်၊ ကန်ဆယ်လို၊ လာပေါ်တီ၊ ရိုဒရီနဲ့ ဟာလန်းတို့လိုကစားသမားတွေကို ပေါင်သန်း ၅၀နဲ့ ၆၀

အကြားရှိ တန်ဖိုးတစ်ရပ်နဲ့ခေါ်ယူခဲ့တာဖြစ်တယ်။ ဒါကြောင့် မန်စီးတီးအသင်းရဲ့ပျမ်းမျှပွဲထွက်စာရင်းတန်ကြေးဟာ ပေါင်သန်း ၅၆၀ အထိရှိခဲ့တာဖြစ်တယ်။

မန်စီးတီးရဲ့နောက် ဒုတိယနေရာမှာတော့ မက်ဆီ၊ နေမာ၊ အမ်ဘာပီတို့ကိုပိုင်ဆိုင်ထားတဲ့ ပီအက်စ်ဂျီကရပ်တည်နေတာဖြစ်တယ်။ ဒီကာလအတွင်း

ပြင်သစ်ကလပ်ရဲ့ပျမ်းမျှပွဲထွက်လူစာရင်းတန်ဖိုးဟာ ပေါင် ၄၃၉သန်းအထိရှိခဲ့ တာဖြစ်တယ်။ ချန်ပီယံလိဂ်အရှင်သခင် ရီးရဲလ်ကတော့ အဆင့် ၇နေရာမှာသာ ရှိခဲ့ပြီး

သူတို့ရဲ့ပွဲထွက်လူစာရင်းတန်ကြေးက ပေါင် ၃၁၈ သန်းသာရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ တန်ဟတ်နဲ့အတူပြန်လည်တည်ဆောက်ဆဲကာလဖြစ်ပေမဲ့

အသင်းတာဝန်ရှိသူတွေရဲ့ ကစားသမားသစ်ရင်းနှီးမြုပ်နှံမှုက အပြစ်ပြောစရာလုံး၀ မရှိခဲ့ဘူးဆိုတာကို ဒီစစ်တမ်းက မီးမောင်းထိုးပြနေတာဖြစ်တယ်။

(Zawgyi)

ဥေရာပရဲ႕ပ်မ္းမွ်တန္ဖိုးအျမင့္ဆုံး ပြဲထြက္အသင္းစာရင္းမွာ ယူႏိုက္တက္ တတိယေနရာ ရပ္တည္

ေဘာလုံးသမားေတြနဲ႔ပတ္သတ္ၿပီး သီးသန႔္ေဒတာေတြနဲ႔ ခြဲျခမ္းစိတ္ျဖာထားတဲ့ ေဘာလုံးဝက္ဘ္ဆိုက္ဒ္ CIES ရဲ႕စစ္တမ္းအရ ဥေရာပရဲ႕ပ်မ္းမွ်တန္ဖိုးအျမင့္ဆုံးပြဲထြက္

အသင္းအဆင့္သတ္မွတ္ခ်က္မွာ ယူႏိုက္တက္က တတိယေနရာရပ္တည္ခဲ့ပါတယ္။ CIES ဟာ ေအာက္တိုဘာ ၂၆ရက္ေန႔အထိကစားခဲ့တဲ့ပြဲစဥ္ေတြအေပၚ အေျခခံၿပီးတြက္ခ်က္ခဲ့တာျဖစ္တယ္။

တန္ဟတ္နဲ႔အတူ အသစ္တဖန္စတင္မႈမွာ ယူႏိုက္တက္က အန္တိုနီအန္တိုနီ(ေပါင္ ၈၆သန္း)၊ ကက္စ္မီ႐ို(ေပါင္သန္း ၇၀)၊ လီဆန္ဒ႐ိုမာတီနက္ဇ္(ေပါင္ ၅၁သန္း) တို႔ကို ေခၚယူအားျဖည့္ခဲ့ၿပီ

း ပြဲထြက္စာရင္းမွာထည့္သြင္းအသုံးျပဳခဲ့တာေၾကာင့္ အသင္းရဲ႕ ပြဲထြက္လူစာရင္းတန္ဖိုးျမင့္တက္ခဲ့တာျဖစ္တယ္။ ဒီစာရင္းရဲ႕ထိပ္ဆုံးမွာေတာ့

မန္စီးတီးကရပ္တည္ခဲ့တာျဖစ္တယ္။ ဂြါဒီယိုလာအသင္းဟာ ဗီလာရဲ႕ ဂ်က္ဂရီလစ္ရွ္ကို ေပါင္သန္း ၁၀၀နဲ႔ေခၚယူခဲ့သလို ဒီဘ႐ိုင္း၊ ႐ူဘင္ဒီယက္ဇ္၊ မာရက္ဇ္၊ ကန္ဆယ္လို၊

လာေပၚတီ၊ ႐ိုဒရီနဲ႔ ဟာလန္းတို႔လိုကစားသမားေတြကို ေပါင္သန္း ၅၀နဲ႔ ၆၀ အၾကားရွိ တန္ဖိုးတစ္ရပ္နဲ႔ေခၚယူခဲ့တာျဖစ္တယ္။

ဒါေၾကာင့္ မန္စီးတီးအသင္းရဲ႕ပ်မ္းမွ်ပြဲထြက္စာရင္းတန္ေၾကးဟာ ေပါင္သန္း ၅၆၀ အထိရွိခဲ့တာျဖစ္တယ္။ မန္စီးတီးရဲ႕ေနာက္ ဒုတိယေနရာမွာေတာ့

မက္ဆီ၊ ေနမာ၊ အမ္ဘာပီတို႔ကိုပိုင္ဆိုင္ထားတဲ့ ပီအက္စ္ဂ်ီကရပ္တည္ေနတာျဖစ္တယ္။ ဒီကာလအ တြင္း ျပင္သစ္ကလပ္ရဲ႕ပ်မ္းမွ်ပြဲထြက္လူစာရင္းတန္ဖိုးဟာ ေပါင္ ၄၃၉သန္းအထိရွိခဲ့ တာျဖစ္တယ္။

ခ်န္ပီယံလိဂ္အရွင္သခင္ရီးရဲလ္ကေတာ့ အဆင့္ ၇ေနရာမွာသာ ရွိခဲ့ၿပီး သူတို႔ရဲ႕ပြဲထြက္လူစာရင္းတန္ေၾကးက ေပါင္ ၃၁၈သန္းသာရွိခဲ့ပါတယ္။

ယူႏိုက္တက္ဟာ တန္ဟတ္နဲ႔အတူျပန္လည္တည္ေဆာက္ဆဲကာလျဖစ္ေပမဲ့ အသင္းတာဝန္ရွိသူေတြရဲ႕ ကစားသမားသစ္ရင္းႏွီးျမဳပ္ႏွံမႈက အျပစ္ေျပာစရာလုံး၀

မရွိခဲ့ဘူးဆိုတာကို ဒီစစ္တမ္းကမီးေမာင္းထိုးျပေနတာျဖစ္တယ္။