ဥရောပရဲ့ဂိုးဖန်တီးမှုဘုရင် မူလာ

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်သောမတ်စ်မူလာဟာ ဒီရာသီဥရောပထိပ်တန်း

လိဂ် ၅ ရပ်ရဲ့ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းမှာ

ထိပ်ဆုံးကနေ အပြတ်အသတ်ဦးဆောင်နေပါတယ်။

သူဟာ ဒီရာသီမှာ အခုချိန်ထိတော့ ဘယ်ကစားသမားထက်မဆို

ဂိုးဖန်တီးမှု ၄ ကြိမ်သာထားတာပါ။

၃၂ နှစ်အရွယ် အဲဒီဂျာမန်သားဟာ ဘွန်ဒက်စ်လီဂါမှာ

ဘိုင်ယန် ၉ မှတ်ဖြတ်ဦးဆောင်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဒီဂျာမန်ဂန္ထဝင်ကစားသမားဟာ အခုရာသီမှာ ဘိုင်ယန်အတွက်

ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ပေးထားပြီး နှစ်သစ်မှာ ဥရောပရဲ့ဖန်တီးမှုဘုရင်အဖြစ် ရှိနေမှာပါ။

ထိပ်တန်းလိဂ်တွေက ဂိုးဖန်တီးမှုအများဆုံးစာရင်းမှာ မူလာရဲ့နောက်

ဒုတိယနေရာရပ်တည်နေတာက လီဗာပူးကြယ်ပွင့်မိုဆာလာဖြစ်ပြီး

ဒီရာသီ ၉ ကြိမ်ဖန်တီးပေးထားပါတယ်။

ဂိုးဖန်တီးမှုအများဆုံးစာရင်းရဲ့တတိယနေရာမှာတော့

ကစားသမား ၄ ယောက် ပူးတွဲရပ်တည်နေတာပါ။

ပီအက်စ်ဂျီက အမ်ဘက်ပီ၊ လီဗာပူးက အာနိုး၊ လေဗာကူဆင်က ဖလိုရီယန်ဝစ်ဇ်နဲ့

ဗယ်လီကာနိုက ထရီဂျိုတို့ဟာ ၈ ကြိမ်စီ ဂိုးဖန်တီးထားကြတာပါ။

နောက်ထပ် ၄ ယောက်ဖြစ်တဲ့ မန်ယူက ပေါ့ဂ်ဘာ၊ မန်စီးတီးက ဂျီးဆပ်၊

အင်တာက ကယ်ဟာနိုဂလူနဲ့ ဟော်ဖန်ဟိမ်းက ခရာမာရစ်တို့ကတော့

၇ ကြိမ်စီဂိုးဖန်တီးထားကြပါတယ်။

ဒါပေမဲ့ ဂိုးဖန်တီးမှုမှာ ၂၀၂၁ က မူလာရဲ့နှစ်ဖြစ်ခဲ့တယ်ဆို့ ဆိုနိုင်ပါတယ်။

ပြက္ခဒိန်တစ်နှစ်တာအတွင်းမှာဆိုရင် သူဟာ ဘိုင်ယန်အတွက်

စုစုပေါင်းအခွင့်အရေးဖန်တီးမှု ၁၂၄ ကြိမ်ရှိခဲ့ပြီး အဲဒီနေရာမှာ

သူ့ထက်များတာဆိုလို့ မန်ယူက ဖာနန်ဒက်စ်(၁၂၉ ကြိမ်)ပဲ ရှိပါတယ်။

ဒါပေမဲ့ ဂိုးဖန်တီးမှုမှာတော့ တစ်နှစ်လုံးအနေနဲ့ မူလာဟာ

ဂျာမန်ချန်ပီယံအသင်းအတွက် ၂၃ ကြိမ်ရှိခဲ့တာပါ။

မူလာဟာ ၂၀၂၁ အတွင်း ဘိုင်ယန်ရဲ့နောက်ဆုံးပွဲဖြစ်တဲ့

ဝုဖ်ဘတ်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း ဘိုင်ယန်အတွက်

ဘွန်ဒက်စ်လီဂါပွဲ ၄၀၀ ပြည့်စံချိန်မှတ်တမ်းရရှိခဲ့ပါတယ်။

zawgyi

ဥေရာပရဲ႕ဂိုးဖန္တီးမႈဘုရင္ မူလာ

ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ေသာမတ္စ္မူလာဟာ ဒီရာသီဥေရာပထိပ္တန္း

လိဂ္ ၅ ရပ္ရဲ႕ဂိုးဖန္တီးမႈအမ်ားဆုံးကစားသမားစာရင္းမွာ

ထိပ္ဆုံးကေန အျပတ္အသတ္ဦးေဆာင္ေနပါတယ္။

သူဟာ ဒီရာသီမွာ အခုခ်ိန္ထိေတာ့ ဘယ္ကစားသမားထက္မဆို

ဂိုးဖန္တီးမႈ ၄ ႀကိမ္သာထားတာပါ။

၃၂ ႏွစ္အ႐ြယ္ အဲဒီဂ်ာမန္သားဟာ ဘြန္ဒက္စ္လီဂါမွာ

ဘိုင္ယန္ ၉ မွတ္ျဖတ္ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

ဒီဂ်ာမန္ဂႏၴဝင္ကစားသမားဟာ အခုရာသီမွာ ဘိုင္ယန္အတြက္

ဂိုးဖန္တီးမႈ ၁၃ ႀကိမ္ျပဳလုပ္ေပးထားၿပီး ႏွစ္သစ္မွာ ဥေရာပရဲ႕ဖန္တီးမႈဘုရင္အျဖစ္ ရွိေနမွာပါ။

ထိပ္တန္းလိဂ္ေတြက ဂိုးဖန္တီးမႈအမ်ားဆုံးစာရင္းမွာ မူလာရဲ႕ေနာက္

ဒုတိယေနရာရပ္တည္ေနတာက လီဗာပူးၾကယ္ပြင့္မိုဆာလာျဖစ္ၿပီး

ဒီရာသီ ၉ ႀကိမ္ဖန္တီးေပးထားပါတယ္။

ဂိုးဖန္တီးမႈအမ်ားဆုံးစာရင္းရဲ႕တတိယေနရာမွာေတာ့

ကစားသမား ၄ ေယာက္ ပူးတြဲရပ္တည္ေနတာပါ။

ပီအက္စ္ဂ်ီက အမ္ဘက္ပီ၊ လီဗာပူးက အာႏိုး၊ ေလဗာကူဆင္က ဖလိုရီယန္ဝစ္ဇ္နဲ႔

ဗယ္လီကာႏိုက ထရီဂ်ိဳတို႔ဟာ ၈ ႀကိမ္စီ ဂိုးဖန္တီးထားၾကတာပါ။

ေနာက္ထပ္ ၄ ေယာက္ျဖစ္တဲ့ မန္ယူက ေပါ့ဂ္ဘာ၊ မန္စီးတီးက ဂ်ီးဆပ္၊

အင္တာက ကယ္ဟာႏိုဂလူနဲ႔ ေဟာ္ဖန္ဟိမ္းက ခရာမာရစ္တို႔ကေတာ့

၇ ႀကိမ္စီဂိုးဖန္တီးထားၾကပါတယ္။

ဒါေပမဲ့ ဂိုးဖန္တီးမႈမွာ ၂၀၂၁ က မူလာရဲ႕ႏွစ္ျဖစ္ခဲ့တယ္ဆို႔ ဆိုႏိုင္ပါတယ္။

ျပကၡဒိန္တစ္ႏွစ္တာအတြင္းမွာဆိုရင္ သူဟာ ဘိုင္ယန္အတြက္

စုစုေပါင္းအခြင့္အေရးဖန္တီးမႈ ၁၂၄ ႀကိမ္ရွိခဲ့ၿပီး အဲဒီေနရာမွာ

သူ႔ထက္မ်ားတာဆိုလို႔ မန္ယူက ဖာနန္ဒက္စ္(၁၂၉ ႀကိမ္)ပဲ ရွိပါတယ္။

ဒါေပမဲ့ ဂိုးဖန္တီးမႈမွာေတာ့ တစ္ႏွစ္လုံးအေနနဲ႔ မူလာဟာ

ဂ်ာမန္ခ်န္ပီယံအသင္းအတြက္ ၂၃ ႀကိမ္ရွိခဲ့တာပါ။

မူလာဟာ ၂၀၂၁ အတြင္း ဘိုင္ယန္ရဲ႕ေနာက္ဆုံးပြဲျဖစ္တဲ့

ဝုဖ္ဘတ္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာလည္း ဘိုင္ယန္အတြက္

ဘြန္ဒက္စ္လီဂါပြဲ ၄၀၀ ျပည့္စံခ်ိန္မွတ္တမ္းရရွိခဲ့ပါတယ္။