
အန်ဂါးစ်နဲ့ လီဂူး-၁ ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက်ဂိုးသွင်းနိုင်ခဲ့တဲ့





မက်ဆီကတော့ ဥရောပထိပ်တန်းလိဂ်(၅ရပ်)မှာ သွင်းဂိုးပေါင်း
၆၉၆ ဂိုးအထိရှိလာခဲ့ပြီး ရော်နယ်ဒိုရဲ့စံချိန်နဲ့ထပ်တူကျခဲ့ပြီဖြစ်တယ်။





တနည်းအားဖြင့်တော့ ရော်နယ်ဒိုတစ်ယောက် ဘယ်တော့မှ
ပြန်မရနိုင်တော့တဲ့ စံချိန်ကို မက်ဆီရယူနိုင်တော့မယ်လို့ဆိုရမှာပါ။
မက်ဆီဟာ နူးကမ့်ကစားသမားဘဝမှာ ၆၇၂ ဂိုးကို ရော်နယ်ဒိုထက်





၈၆ပွဲအထိ လျော့ကစားပြီးသွင်းယူနိုင်ခဲ့တာပါ။ ပေါ်တူဂီကြယ်ပွင့်ဟာ
စပို့တင်းကနေ ယူနိုက်တက်ကိုရောက်လာခဲ့ပြီးနောက်





အိုးလ်ထရက်ဖို့ဒ်ကလပ်အတွက် ၁၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ရီးရဲလ်ကိုပြောင်းရွှေ့ခဲ့တာဖြစ်တယ်။ ကြယ်စင်စုအသင်းမှာတော့
ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက်အမြင့်ဆုံး





စွမ်းဆောင်ရည်အဖြစ် ၄၅၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
ဂျူဗင်တပ်ကိုပြောင်းရွှေ့ခဲ့ပြီးနောက် တူရင်ကလပ်မှာ ၁၀၁ ဂိုး





သွင်းယူပြီး တကျော့ပြန်သရဲနီကစားသမားဘဝမှာ ၂၇ဂိုးသွင်းပြီး
စုစုပေါင်း ၆၉၆ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်တယ်။
မက်ဆီရဲ့ အန်ဂါးစ်နဲ့ပွဲစဉ်သွင်းဂိုးကလည်း ဥရောပထိပ်တန်းလိဂ်မှာ





၆၉၆ ဂိုးမြောက်ဖြစ်ခဲ့တာကြောင့် GOAT နှစ်ယောက်ထပ်တူ
ကျသွားတယ်လို့ဆိုရမှာပါ။ အခုအချိန်မှာတော့ ရော်နယ်ဒိုက





အယ်လ်နက်ဆာကိုပြောင်းရွှေ့ခြင်းနဲ့အတူ ဥရောပပြင်ပကို
ရောက်သွားခဲ့တာကြောင့် မက်ဆီက အော်တိုကျော်ဖြတ်တော့မယ့်
အနေအထားဖြစ်သွားပါတယ်။ အယ်လ်နက်ဆာနဲ့ ပထမဆုံး





သတင်းစာရှင်းလင်းပွဲမှာ ရော်နယ်ဒိုက သူ့ရဲ့ဥရောပကစားသမား
ဘဝမှာလုပ်နိုင်သမျှလုပ်ခဲ့ပြီးပြီလို့ဆိုခဲ့တာပါ။ ဒါကြောင့် လာမယ့်ပွဲမှာ





မက်ဆီက တစ်ဂိုးသွင်းရုံနဲ့ ဥရောပထိပ်တန်းလိဂ် ၅ရပ်မှာ ဂိုးသွင်း
အများဆုံးဘွဲ့ကိုရယူသွားတော့မှာဖြစ်တယ်။
zawgyi





ဥေရာပထိပ္တန္းလိဂ္ ၅ရပ္ ဂိုးသြင္းစံခ်ိန္မွာ ေရာ္နယ္ဒိုကို မက္ဆီ တန္းညႇိလိုက္ႏိုင္ၿပီ
အန္ဂါးစ္နဲ႔ လီဂူး-၁ ပြဲစဥ္မွာ ပီအက္စ္ဂ်ီအတြက္ဂိုးသြင္းႏိုင္ခဲ့တဲ့





မက္ဆီကေတာ့ ဥေရာပထိပ္တန္းလိဂ္(၅ရပ္)မွာ သြင္းဂိုးေပါင္း
၆၉၆ ဂိုးအထိရွိလာခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕စံခ်ိန္နဲ႔ထပ္တူက်ခဲ့ၿပီျဖစ္တယ္။
တနည္းအားျဖင့္ေတာ့ ေရာ္နယ္ဒိုတစ္ေယာက္ ဘယ္ေတာ့မွ





ျပန္မရႏိုင္ေတာ့တဲ့ စံခ်ိန္ကို မက္ဆီရယူႏိုင္ေတာ့မယ္လို႔ဆိုရမွာပါ။
မက္ဆီဟာ ႏူးကမ့္ကစားသမားဘဝမွာ ၆၇၂ ဂိုးကို ေရာ္နယ္ဒိုထက္





၈၆ပြဲအထိ ေလ်ာ့ကစားၿပီးသြင္းယူႏိုင္ခဲ့တာပါ။ ေပၚတူဂီၾကယ္ပြင့္ဟာ
စပို႔တင္းကေန ယူႏိုက္တက္ကိုေရာက္လာခဲ့ၿပီးေနာက္
အိုးလ္ထရက္ဖို႔ဒ္ကလပ္အတြက္ ၁၁၈ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္





ရီးရဲလ္ကိုေျပာင္းေ႐ႊ႕ခဲ့တာျဖစ္တယ္။ ၾကယ္စင္စုအသင္းမွာေတာ့
ေရာ္နယ္ဒိုဟာ ကစားသမားဘဝတစ္ေလွ်ာက္အျမင့္ဆုံး





စြမ္းေဆာင္ရည္အျဖစ္ ၄၅၀ ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။
ဂ်ဴဗင္တပ္ကိုေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ တူရင္ကလပ္မွာ ၁၀၁ ဂိုး
သြင္းယူၿပီး တေက်ာ့ျပန္သရဲနီကစားသမားဘဝမွာ ၂၇ဂိုးသြင္းၿပီး





စုစုေပါင္း ၆၉၆ ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္တယ္။
မက္ဆီရဲ႕ အန္ဂါးစ္နဲ႔ပြဲစဥ္သြင္းဂိုးကလည္း ဥေရာပထိပ္တန္းလိဂ္မွာ





၆၉၆ ဂိုးေျမာက္ျဖစ္ခဲ့တာေၾကာင့္ GOAT ႏွစ္ေယာက္ထပ္တူ
က်သြားတယ္လို႔ဆိုရမွာပါ။ အခုအခ်ိန္မွာေတာ့ ေရာ္နယ္ဒိုက
အယ္လ္နက္ဆာကိုေျပာင္းေ႐ႊ႕ျခင္းနဲ႔အတူ ဥေရာပျပင္ပကို





ေရာက္သြားခဲ့တာေၾကာင့္ မက္ဆီက ေအာ္တိုေက်ာ္ျဖတ္ေတာ့မယ့္
အေနအထားျဖစ္သြားပါတယ္။ အယ္လ္နက္ဆာနဲ႔ ပထမဆုံး





သတင္းစာရွင္းလင္းပြဲမွာ ေရာ္နယ္ဒိုက သူ႔ရဲ႕ဥေရာပကစားသမား
ဘဝမွာလုပ္ႏိုင္သမွ်လုပ္ခဲ့ၿပီးၿပီလို႔ဆိုခဲ့တာပါ။ ဒါေၾကာင့္ လာမယ့္ပြဲမွာ
မက္ဆီက တစ္ဂိုးသြင္း႐ုံနဲ႔ ဥေရာပထိပ္တန္းလိဂ္ ၅ရပ္မွာ ဂိုးသြင္း





အမ်ားဆုံးဘြဲ႕ကိုရယူသြားေတာ့မွာျဖစ္တယ္။