ဥရောပတစ်နှစ်တာအကောင်းဆုံး ကစားသမားဆု ဆန်ခါတင် ၃ ဦး စာရင်းမှာ ရီးရဲလ်က ၂ ယောက် ပါဝင်လာခဲ့

ယူအီးအက်ဖ်ကေက ချီးမြှင့်ပေးတော့မယ့် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင် ၃ ဦးစာရင်းမှာ ရီးရဲလ်အသင်းကနေ တိုက် စစ်မှူး ဘန်ဇီမာနဲ့ ဂိုးသမား ကော်တိုရစ်တို ပါဝင်လာခဲ့ပြီး မန်စီးတီးကွင်း လယ်လူ

ဒီဘရိုင်း ပါဝင်လာခဲ့ပါတယ်။ အကောင်းဆုံးဆုရရှိတဲ့ ကစားသမား ရဲ့ အမည်ကိုတော့ သြဂုတ်လ ၂၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။ ပြင် သစ်တိုက်စစ်မှူး ဘန်ဇီမာနဲ့ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ်တိုဟာ ပြီးခဲ့ တဲ့ဘောလုံးရာသီမှာ

ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူး နိုင်ခဲ့ကြသူတွေဖြစ်ပြီး ဘန်ဇီမာဟာဆိုရင် ၂၀၂၁-၂၂ ဘောလုံးရာသီ ချန်ပီ ယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ နောက်ပြီး ကော်တိုရစ်ကလည်း

ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူပါ။ ဘယ်လ်ဂျီယံကွင်းလယ်လူ ဒီဘရိုင်းကတော့ ၂၀၂၁-၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

အခုလိုမျိုး ထိပ်ဆုံး ၃ ဦး ဆန်ခါတင် စာရင်းကို ရွေးချယ်ရာမှာ ထိပ်တန်း ကစားသမား ၁၅ ယောက်ကို အခြေပြု ရွေးထုတ်ခဲ့တာဖြစ်ပြီး အဲဒီအထဲမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာ ပေ၊ ရိုးမားကစားသမား ပယ်လီဂရီနီ၊ လီဗာပူးကနေပြီး

ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဆာဒီယိုမာနေး၊ လီဗာပူးနောက်ခံလူ ဗန်ဒိုက်၊ တိုက်စစ်မှူး ဆာလက်၊ နောက်ခံလူ အာနိုးနဲ့ ကွင်းလယ်လူ ဖာဘင် ဟိုတို ပါဝင်ခဲ့ကြပါတယ်။ တစ်ဆက်တည်းမှာပဲ ယူအီးအက်ဖ်အေဟာ

ဥရော တစ်နှစ်တာ အကောင်းဆုံးနည်းပြဆု ဆန်ခါတင် ၃ ဦးစာရင်းကိုလည်း ထုတ် ပြန်ကြေညာခဲ့ပြီး အဲဒီအထဲမှာ ရီးရဲလ်နည်းပြ အန်ဆလော့တီ၊ မန်စီးတီး နည်းပြ ဂွါဒီယိုလာနဲ့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်တို ပါဝင်ခဲ့ကြပါတယ်။

(zawgyi)

ယူအီးအက္ဖ္ေကက ခ်ီးျမႇင့္ေပးေတာ့မယ့္ တစ္ႏွစ္တာအေကာင္းဆုံး ေဘာလုံးသမားဆု ဆန္ခါတင္ ၃ ဦးစာရင္းမွာ ရီးရဲလ္အသင္းကေန တိုက္ စစ္မႉး ဘန္ဇီမာနဲ႔ ဂိုးသမား ေကာ္တိုရစ္တို ပါဝင္လာခဲ့ၿပီး မန္စီးတီးကြင္း လယ္လူ

ဒီဘ႐ိုင္း ပါဝင္လာခဲ့ပါတယ္။ အေကာင္းဆုံးဆုရရွိတဲ့ ကစားသမား ရဲ႕ အမည္ကိုေတာ့ ၾသဂုတ္လ ၂၅ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္ပါတယ္။ ျပင္ သစ္တိုက္စစ္မႉး ဘန္ဇီမာနဲ႔ ဘယ္လ္ဂ်ီယံဂိုးသမား ေကာ္တိုရစ္တိုဟာ ၿပီးခဲ့ တဲ့ေဘာလုံးရာသီမွာ

ရီးရဲလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ ဆုဖလား ဆြတ္ခူး ႏိုင္ခဲ့ၾကသူေတြျဖစ္ၿပီး ဘန္ဇီမာဟာဆိုရင္ ၂၀၂၁-၂၂ ေဘာလုံးရာသီ ခ်န္ပီ ယံလိဂ္ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ ေနာက္ၿပီး ေကာ္တိုရစ္ကလည္း

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သူပါ။ ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဒီဘ႐ိုင္းကေတာ့ ၂၀၂၁-၂၂ ေဘာလုံးရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာ အေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သူျဖစ္ပါတယ္။ အခုလိုမ်ိဳး ထိပ္ဆုံး ၃ ဦး

ဆန္ခါတင္ စာရင္းကို ေ႐ြးခ်ယ္ရာမွာ ထိပ္တန္း ကစားသမား ၁၅ ေယာက္ကို အေျချပဳ ေ႐ြးထုတ္ခဲ့တာျဖစ္ၿပီး အဲဒီအထဲမွာေတာ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး အမ္ဘာ ေပ၊ ႐ိုးမားကစားသမား ပယ္လီဂရီနီ၊ လီဗာပူးကေနၿပီး

ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာတဲ့ တိုက္စစ္မႉး ဆာဒီယိုမာေနး၊ လီဗာပူးေနာက္ခံလူ ဗန္ဒိုက္၊ တိုက္စစ္မႉး ဆာလက္၊ ေနာက္ခံလူ အာႏိုးနဲ႔ ကြင္းလယ္လူ ဖာဘင္ ဟိုတို ပါဝင္ခဲ့ၾကပါတယ္။ တစ္ဆက္တည္းမွာပဲ ယူအီးအက္ဖ္ေအဟာ

ဥေရာ တစ္ႏွစ္တာ အေကာင္းဆုံးနည္းျပဆု ဆန္ခါတင္ ၃ ဦးစာရင္းကိုလည္း ထုတ္ ျပန္ေၾကညာခဲ့ၿပီး အဲဒီအထဲမွာ ရီးရဲလ္နည္းျပ အန္ဆေလာ့တီ၊ မန္စီးတီး နည္းျပ ဂြါဒီယိုလာနဲ႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္တို ပါဝင္ခဲ့ၾကပါတယ္။