
အခုဆိုရင် ဥရောပဇုန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဟာ အုပ်စုအဆင့်
ပွဲစဉ်တွေပြီးဆုံးသွားပြီဖြစ်သလို ခြေစစ်ပွဲအောင်တဲ့အသင်းတွေနဲ့
play-offs ကစားရမယ့်အသင်းတွေလည်း အပြည့်အဝရုပ်လုံးပေါ်သွားခဲ့ပါပြီ။
အင်္ဂါညကစားသွားခဲ့တဲ့ပွဲတွေမှာဆိုရင် နောက်ကျဂိုးတွေနဲ့
နော်ဝေကိုအနိုင်ရခဲ့လို့ နယ်သာလန်ဟာ ၂၀၁၄ နောက်ပိုင်း
ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
မွန်တီနီဂရိုးကို အဝေးကွင်းနိုင်ခဲ့တဲ့ တူရကီနဲ့ ဘော့စနီးယားကို
အဝေးကွင်းနိုင်ခဲ့တဲ့ ဘော့စနီးယားတို့ဟာလည်း play-offs
ကစားခွင့်ရခဲ့ကြပါတယ်။
အဲဒီတော့ ဥရောပဇုန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်တဲ့
အုပ်စုထိပ်ဆုံး ၁၀ သင်းထွက်ပေါ်လာပါတယ်။
အဲဒီအသင်းတွေကတော့ ဆားဘီးယား၊ စပိန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊
ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နယ်သာလန်၊ ခရိုအေးရှား၊ အင်္ဂလန်နဲ့ ဂျာမနီတို့ပါ။
အဲဒီထဲမှာဆိုရင် အင်္ဂလန်၊ ဆားဘီးယား၊ ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့
ဆွစ်ဇာလန်တို့ဟာ ခြေစစ်ပွဲတစ်လျှောက် တစ်ပွဲမှ မရှုံးခဲ့ကြတဲ့အသင်းတွေပါ။
တစ်ဖက်မှာ အီတလီနဲ့ ယူကရိန်းတို့ဟာလည်း ခြေစစ်ပွဲတစ်လျှောက်
ရှုံးပွဲမရှိခဲ့ကြပေမယ့် အုပ်စုဒုတိယပဲရခဲ့လို့ play-offs ဆက်ကစားရမှာပါ။
အုပ်စုပွဲတွေအပြီးမှာ play-offs ဆက်ကစားရမယ့် ၁၂ သင်းလည်း
ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမှာ ၆ သင်းက ဦးစားပေးဆီဒင်ရပြီး
နောက် ၆ သင်းကတော့ မရပါဘူး။ ဆီဒင်ရတဲ့ ၆ သင်းကတော့ ပေါ်တူဂီ၊
စကော့တလန်၊ အီတလီ၊ ရုရှား၊ ဆွီဒင်နဲ့ ဝေးလ်တို့ ဖြစ်ပါတယ်။
ဆီဒင်မရတဲ့ ၆ သင်းကတော့ ပိုလန်၊ မြောက်မက်ဆီဒိုးနီးယား၊
တူရကီ၊ ယူကရိန်း၊ သြစတြီးယားနဲ့ ချက်တို့ပါ။
ဥရောပဇုန်ခြေစစ်ပွဲရဲ့play-offs ပွဲစဉ်တွေကိုတော့ လာမယ့်နှစ်
မတ်လရောက်မှာ ကစားမှာ ဖြစ်ပါတယ်။
zawgyi
ဥေရာပဇုန္ရဲ႕ ေျခစစ္ပြဲေအာင္တဲ့အသင္းေတြနဲ႔ play-offs ကစားရမယ့္အသင္းေတြ အျပည့္အဝ႐ုပ္လုံးေပၚ
အခုဆိုရင္ ဥေရာပဇုန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲေတြဟာ အုပ္စုအဆင့္
ပြဲစဥ္ေတြၿပီးဆုံးသြားၿပီျဖစ္သလို ေျခစစ္ပြဲေအာင္တဲ့အသင္းေတြနဲ႔
play-offs ကစားရမယ့္အသင္းေတြလည္း အျပည့္အဝ႐ုပ္လုံးေပၚသြားခဲ့ပါၿပီ။
အဂၤါညကစားသြားခဲ့တဲ့ပြဲေတြမွာဆိုရင္ ေနာက္က်ဂိုးေတြနဲ႔
ေနာ္ေဝကိုအႏိုင္ရခဲ့လို႔ နယ္သာလန္ဟာ ၂၀၁၄ ေနာက္ပိုင္း
ပထမဆုံးအႀကိမ္အျဖစ္ ကမာၻ႔ဖလားမွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရခဲ့ပါတယ္။
မြန္တီနီဂ႐ိုးကို အေဝးကြင္းႏိုင္ခဲ့တဲ့ တူရကီနဲ႔ ေဘာ့စနီးယားကို
အေဝးကြင္းႏိုင္ခဲ့တဲ့ ေဘာ့စနီးယားတို႔ဟာလည္း play-offs
ကစားခြင့္ရခဲ့ၾကပါတယ္။ အဲဒီေတာ့ ဥေရာပဇုန္မွာ
တိုက္႐ိုက္ေျခစစ္ပြဲေအာင္တဲ့ အုပ္စုထိပ္ဆုံး ၁၀ သင္းထြက္ေပၚလာပါတယ္။
အဲဒီအသင္းေတြကေတာ့ ဆားဘီးယား၊ စပိန္၊ ဆြစ္ဇာလန္၊ ျပင္သစ္၊
ဘယ္လ္ဂ်ီယံ၊ ဒိန္းမတ္၊ နယ္သာလန္၊ ခ႐ိုေအးရွား၊ အဂၤလန္နဲ႔ ဂ်ာမနီတို႔ပါ။
အဲဒီထဲမွာဆိုရင္ အဂၤလန္၊ ဆားဘီးယား၊ ျပင္သစ္၊ ဘယ္လ္ဂ်ီယံနဲ႔
ဆြစ္ဇာလန္တို႔ဟာ ေျခစစ္ပြဲတစ္ေလွ်ာက္ တစ္ပြဲမွ မရႈံးခဲ့ၾကတဲ့အသင္းေတြပါ။
တစ္ဖက္မွာ အီတလီနဲ႔ ယူကရိန္းတို႔ဟာလည္း ေျခစစ္ပြဲတစ္ေလွ်ာက္
ရႈံးပြဲမရွိခဲ့ၾကေပမယ့္ အုပ္စုဒုတိယပဲရခဲ့လို႔ play-offs ဆက္ကစားရမွာပါ။
အုပ္စုပြဲေတြအၿပီးမွာ play-offs ဆက္ကစားရမယ့္ ၁၂ သင္းလည္း
ထြက္ေပၚလာခဲ့ပါတယ္။ အဲဒီမွာ ၆ သင္းက ဦးစားေပးဆီဒင္ရၿပီး
ေနာက္ ၆ သင္းကေတာ့ မရပါဘူး။ ဆီဒင္ရတဲ့ ၆ သင္းကေတာ့ ေပၚတူဂီ၊
စေကာ့တလန္၊ အီတလီ၊ ႐ုရွား၊ ဆြီဒင္နဲ႔ ေဝးလ္တို႔ ျဖစ္ပါတယ္။
ဆီဒင္မရတဲ့ ၆ သင္းကေတာ့ ပိုလန္၊ ေျမာက္မက္ဆီဒိုးနီးယား၊
တူရကီ၊ ယူကရိန္း၊ ၾသစႀတီးယားနဲ႔ ခ်က္တို႔ပါ။
ဥေရာပဇုန္ေျခစစ္ပြဲရဲ႕play-offs ပြဲစဥ္ေတြကိုေတာ့ လာမယ့္ႏွစ္
မတ္လေရာက္မွာ ကစားမွာ ျဖစ္ပါတယ္။