ဘော့စနီးယား 🆚 ဖင်လန်
အုပ်စု(D)မှာ ဘော့စနီးယား၊ ဖင်လန်နဲ့ ယူကရိန်း၃သင်းလုံး အုပ်စုဒုတိယနေရာ
အတွက် အပြိုင်ဖြစ်နေပါတယ်။ ၁ပွဲစီလျော့နေတဲ့ ဘော့စနီးယားနဲ့ဖင်လန်ပွဲမှာ
နိုင်တဲ့အသင်းက ယူကရိန်းကိုကျော်ပြီးအုပ်စုဒုတိယနေရာတက်လာမှာပါ။
ဘော့စနီးယားဟာ ပြင်သစ်ကိုသာ အိမ်ကွင်းမှာကပ်ရှုံးခဲ့ပေမယ့်နိုင်ပွဲထက်
သရေပွဲပိုများခဲ့တယ်။ ပြီးခဲ့တဲ့ ၂နှစ်အတွင်းကစားခဲ့တဲ့ပြိုင်ပွဲစုံ ၁၈ပွဲမှာလည်း
၂ပွဲသာနိုင်ခဲ့တာပါ။ ဖင်လန်က တိုက်စစ်အားနည်းပေမယ့် ခံစစ်မာပါတယ်။
ဖင်လန် အမှတ်ခွဲယူနိုင်မှာပါ။
ရွေးချယ်မှု – ဖင်လန်
နော်၀ေ 🆚 လတ်ဗီးယား
ဒီအုပ်စုမှာ နယ်သာလန်၊ နော်ဝေနဲ့ တူရကီ ၃သင်းအုပ်စုဗိုလ်နေရာအတွက်
အပြိုင်ဖြစ်နေတာပါ။ နယ်သာလန်မြေမှာ ပွဲကျပ်ကစားရဦးမယ့် နော်ဝေအနေနဲ့
လတ်ဗီးယားကိုမဖြစ်မနေနိုင်ဖို့အရေးကြီးပါတယ်။ဟာလန်းဒဏ်ရာကြောင့်
မပါနိုင်ပေမယ့် ဆော်လော့၊ဂျိုရှူအာကင်းတို့နဲ့ နော်ဝေမှာဂိုးသွင်းနိုင်သူတွေရှိနေ
ဆဲပါ။ လတ်ဗီးယားက နောက်ပိုင်းပွဲတွေမှာ ခံစစ်တိုးတက်လာပေမယ့်
အနိုင်ရလိုစိတ်အပြည့်နဲ့ကစားလာမယ့် နော်ဝေတိုက်စစ်ကို တောင့်ခံနိုင်မှာမဟုတ်ဘူး။
နော်ဝေအနိုင် ၂ဂိုးနဲ့အထက်ရှိမှာပါ။
ရွေးချယ်မှု – နော်ဝေ
တူရကီ 🆚 ဂျီဘရော်တာ
နယ်သာလန်နဲ့ ၄မှတ်၊ နော်ဝေနဲ့ ၂မှတ်ကွာနေပေမယ့် တူရကီလည်း မျှော်လင့်ချက်
ရှိနေဆဲပါ။ အုပ်စုနောက်ဆုံးပွဲမှာ နယ်သာလန်နဲ့နော်ဝေထိပ်တိုက်တွေ့ရမှာမို့
လက်ကျန် ၂ပွဲမှာ ဂျီဘရော်တာ၊ မွန်တီနီဂရိုးတို့နဲ့သာကစားရမယ့်တူရကီအတွက်
အခွင့်အရေးအများကြီးရှိပါတယ်။ ဂျီဘရော်တာက ပွဲတိုင်းရှုံးထားသလို
တစ်ပွဲပျမ်းမျှ ၄.၂၅ ဂိုးတောင်ပေးထားရတာပါ။ ၅ဂိုးပြတ်မှ တစ်ဝက်လောက်သာ
ရမှာဖြစ်ပေမယ့် တူရကီရွေးရုံကလွဲရင် အခြားမရှိပါဘူး။
ရွေးချယ်မှု – တူရကီ
ဘယ်လ်ဂျီယံ 🆚 အက်စ်တိုးနီးယား
ချက်နဲ့ ဝေလကို ၅မှတ်စီဖြတ်ထားတာမို့ ဘယ်လ်ဂျီယံ အုပ်စုဗိုလ်ဖြစ်ဖို့
လက်တစ်ကမ်းသာလိုတော့ပါတယ်။ လက်ကျန် ၂ပွဲမှာ ၁မှတ်ရရံနဲ့ ခြေစစ်ပွဲ
အောင်မှာမို့ အရန်အချို့ကိုတောင်ပွဲထုတ်လာနိုငတယ်။ လူကာကူမပါတဲ့
တိုက်စစ်ကလည်း ဆားမပါတဲ့ဟင်းလို ဖြစ်လာမှာပါ။ အက်စ်တိုးနီးယားက
နောက်ဆုံး ၄ပွဲမှာ ၂ဂိုးသာပေးခဲ့ရသလို ဖင်လန်နဲ့ဝေလမြေမှာလည်း ပေးဂိုးမရှိ
ကစားနိုင်ခဲ့တယ်။ ဂိုးအောက် စွန့်စားရွေးသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ပြင်သစ် 🆚 ကာဇက်စတန်
နေးရှင်းလိဂ်မှာ ဘယ်လ်ဂျီယံနဲ့ စပိန်ကိုအနိုင်ယူဗိုလ်စွဲခဲ့တာမို့ ပြင်သစ်တစ်သင်းလုံး
တက်ကြွနေမှာပါ။ ယူကရိန်းကို တစ်ပွဲလျော့ ၃မှတ်ဖြတ်ထားတာမို့ ဒီပွဲနိုင်တာနဲ့
ကာတာသွားခွင့်လက်မှတ်ရပါပြီ။ ပြင်သစ်တိုက်စစ်ကလည်း အမ်ဘာပီ၊ ဂရစ်ဇ်မန်း၊
ဘန်ဇီးမား၊ ဘင်ယက်ဒါတို့နဲ့ လူစုံတက်စုံပါပဲ။ ကာဇက်စတန်ကလည်း တိုက်စစ်
အသွေးအသားရှိတဲ့အသင်းဖြစ်ပြီး ဘော့စနီးယားနဲ့ ဖင်လန်ကို ၂ဂိုးစီသွင်းနိုင်ခဲ့တယ်။
ပြင်သစ် ၃-၈၅/၄+၅၀ဖွင့်လှစ်ထားတာမို့ အပေါ်စုံကြိုက်တယ်။
ရွေးချယ်မှု – ပြင်သစ်/ဂိုးအပေါ်
မွန်တီနီဂရိုး 🆚 နယ်သာလန်
နော်ဝေကို ၂မှတ်သာဖြတ်ထားနိုင်တာမို့ နယ်သာလန် ပေါ့ဆလို့မရပါဘူး။
အုပ်စုနောက်ဆုံးပွဲမှာလည်း နော်ဝေနဲ့ကစားရဦးမှာမို့ မွန်တီနီဂရိုးကိုမဖြစ်
မနေနိုင်ဖို့လိုပါတယ်။ တစ်ကျော့ပြန်နည်းပြကြီး ဗန်ဂါးလ်လက်ထက်
အိမ်ကွင်း ၃ပွဲမှာ ၁၆ဂိုးသွင်းနိုင်ခဲ့ပေမယ့် အဝေးကွင်း ၂ပွဲမှာတော့
ဂိုးရဖို့ရုန်းကန်ခဲ့ရပြီး ၁ဂိုးစီသာသွင်းနိုင်ခဲ့တယ်။ မွန်တီနီဂရိုးပိတ်ကစားမှာမို့
ဂိုးအောက်နဲ့စွန့်စားသင့်တယ်။
ရွေးချယ်မှု – ဂိုးအောက်
ဝေလ 🆚 ဘီလာရုစ်
ဝေလက နေးရှင်းလိဂ်အုပ်စုဗိုလ်အဖြစ်နဲ့ ပလေးအော့ဖ်ကစားခွင့်ရထားပါပြီ။
ဒါပေမဲ့ အိမ်ကွင်းကစားခွင့်ရဖို့ အုပ်စု(E)မှာ ဒုတိယချိတ်ဖို့လိုပါတယ်။
ဒဏ်ရာပြန်ကောင်းလာတဲ့ ကပ္ပတိန်ဂါရတ်ဘေးလ်ကလည်း လက်ရွေးစင်ရာပြည့်ပွဲမှာ
အမှတ်တရဂိုးသွင်းနိုင်ဖို့ကြိုးစားမှာပါ။ ဘီလာရုစ်ကတော့ ကွင်းမရွေး ၇ပွဲဆက်ရှုံးခဲ့ရာမှာ
၃ဂိုးသာသွင်းနိုင်ခဲ့တယ်။ဘေးလ်အပြင် ရမ်ဆေး၊ ဒန်နီရယ်ဂျိမ်းစ်၊ ကီဖာမိုးတို့ပါရှိနေတဲ့
ဝေလ အနိမ့်ဆုံး ၂ဂိုးပြတ်နိုင်မှာပါ။
ရွေးချယ်မှု – ဝေလ
Zawgyi
ဥရောပဇုန်ခြေစစ်ပွဲများနဲ့ စနေည (ကောင်းပိုင်)
ဘော့စနီးယား ဖင်လန်