ဥရောပကနေ အာရှကို ပြောင်းဖို့ ရုရှားဘောလုံးအဖွဲ့ချုပ်နဲ့ ကလပ်တွေ ပြင်ဆင်နေ

ယူကရိန်းနိုင်ငံထဲ ရုရှားဘက်က ကျူးကျော်ဝင်ရောက်မှုကြောင့်

ရုရှားကလပ်အသင်းတွေနဲ့ လက်ရွေးစင်အသင်းတို့
ကစားခွင့်ပိတ်ပင်ခံခဲ့ရပြီးနောက် ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ
ဥရောပကနေ အာရှကို ပြောင်းလဲကစားဖို့ ပြင်ဆင်နေပါတယ်။
ရုရှားသမ္မတ ပူတင်က ယူကရိန်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက်
ယူအီးအက်ဖ်အေနဲ့ ဖီဖာတို့က ဖေဖော်ဝါရီလနှောင်းပိုင်းမှာ

ရုရှားလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေကို
ပြိုင်ပွဲကစားခွင့် ပိတ်ပင်တားမြစ်လိုက်တာဖြစ်ပါတယ်။
ရုရှားကလပ်တွေဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့
ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်
ပိတ်ပင်တားမြစ်ခံခဲ့ရပြီး စပါးတပ်မော်စကိုလည်း

ယူရိုပါလိဂ် ၁၆သင်းအဆင့်ကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။
ရုရှားလက်ရွေးစင်အသင်းလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့
ခြေစစ်ပွဲကနေ ထုတ်ပယ်ခံခဲ့ရပြီး သူတို့နဲ့ကစားရမယ့်
ပိုလန်က ဗိုလ်လုပွဲအဆင့်ကို အလိုအလျောက်
တက်လှမ်းခွင့်ရခဲ့သလို ရုရှားအမျိုးသမီးအသင်းလည်း

ယခုနှစ် ဥရောပချန်ပီယံရှစ်အမျိုးသမီးပြိုင်ပွဲကနေ ထုတ်ပယ်ခံရဖွယ်ရှိနေပါတယ်။
ဒါပေမဲ့ ရုရှားမီဒီယာတွေရဲ့ဖော်ပြချက်အရ
ရုရှားဘောလုံးအဖွဲ့ချုပ်ဟာ ယူအီးအက်ဖ်အေကနေ
အေအက်ဖ်စီဘက် ပြောင်းလဲကစားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တကယ်လို့ အဲဒီပုံစံအတိုင်းဖြစ်လာမယ်ဆိုရင်

ရုရှားကလပ်တွေဟာ ယူအီးအက်ဖ်အေချန်ပီယံလိဂ်အစား
အေအက်ဖ်စီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ကစားရမှာဖြစ်သလို
ရုရှားလက်ရွေးစင်အသင်းကလည်း ဥရောပချန်ပီယံရှစ်ပြိုင်ပွဲအစား
အာရှဖလားပြိုင်ပွဲမှာ ကစားရမှာဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီသတင်းတွေရဲ့ဆက်လက်ဖော်ပြချက်အရ

တိုက်ပြောင်းမယ့်ကိစ္စက ဖြစ်လာနိုင်ဖို့ ရာခိုင်နှုန်းနည်းနေပြီး
အာရှဘောလုံးအဖွဲ့ချုပ်ကလည်း လက်သင့်ခံဖို့ ဖြစ်နိုင်ခြေနည်းနေတယ်လို့ သိရပါတယ်။
အရင်တုန်းကတော့ အခုလိုတိုက်ပြောင်းလဲတာရှိခဲ့ပြီး လက်ရှိအချိန်
ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်မှာ ကစားနေတဲ့
အစ္စရေးဟာ ၁၉၅၄ ခုနှစ်ကနေ ၁၉၇၄ အထိ

အာရှဘောလုံးအဖွဲ့ချုပ်လက်အောက်မှာ ကစားခဲ့ဖူးသလို
၁၉၉၁ ခုနှစ်မှာ ယူအီးအက်ဖ်အေအဖွဲ့ဝင်ဖြစ်လာပါတယ်။
ကာဇက်စတန်ကလည်း အရင်တုန်းက အာရှဘောလုံးအဖွဲ့ချုပ်ဝင်ဖြစ်ခဲ့ပြီး
၂၀၀၂ မှာ ယူအီးအက်ဖ်အေအဖွဲ့ဝင်ဖြစ်လာသလို
သြစတြေးလျကလည်း ၂၀၀၅ မှာ သမုဒ္ဒရာပိုင်းဇုန်ကနေ

အာရှဘောလုံးအဖွဲ့ချုပ်ဘက် ကူးပြောင်းခဲ့ပါတယ်။

Zawgyi

ဥေရာပကေန အာရွကို ေျပာင္းဖို႔ ရုရွားေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ကလပ္ေတြ ျပင္ဆင္ေန

ယူကရိန္းႏိုင္ငံထဲ ရုရွားဘက္က က်ဴးေက်ာ္၀င္ေရာက္မႈေၾကာင့္
ရုရွားကလပ္အသင္းေတြနဲ႔ လက္ေရြးစင္အသင္းတုိ႔
ကစားခြင့္ပိတ္ပင္ခံခဲ့ရၿပီးေနာက္ ရုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ
ဥေရာပကေန အာရွကို ေျပာင္းလဲကစားဖို႔ ျပင္ဆင္ေနပါတယ္။
ရုရွားသမၼတ ပူတင္က ယူကရိန္းႏုိင္ငံကို က်ဴးေက်ာ္၀င္ေရာက္ခဲ့ၿပီးေနာက္

ယူအီးအက္ဖ္ေအနဲ႔ ဖီဖာတုိ႔က ေဖေဖာ္၀ါရီလေႏွာင္းပိုင္းမွာ
ရုရွားလက္ေရြးစင္အသင္းနဲ႔ ကလပ္အသင္းေတြကို
ၿပိဳင္ပြဲကစားခြင့္ ပိတ္ပင္တားျမစ္လုိက္တာျဖစ္ပါတယ္။
ရုရွားကလပ္ေတြဟာ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္နဲ႔
ယူရိုပါကြန္းဖရန္႔လိဂ္ၿပိဳင္ပြဲေတြမွာ ပါ၀င္ယွဥ္ၿပိဳင္ခြင့္

ပိတ္ပင္တားျမစ္ခံခဲ့ရၿပီး စပါးတပ္ေမာ္စကိုလည္း
ယူရိုပါလိဂ္ ၁၆သင္းအဆင့္ကေန ထုတ္ပယ္ခံခဲ့ရပါတယ္။
ရုရွားလက္ေရြးစင္အသင္းလည္း ၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပြဲရဲ႕
ေျခစစ္ပြဲကေန ထုတ္ပယ္ခံခဲ့ရၿပီး သူတုိ႔နဲ႔ကစားရမယ့္
ပိုလန္က ဗိုလ္လုပြဲအဆင့္ကို အလိုအေလ်ာက္

တက္လွမ္းခြင့္ရခဲ့သလုိ ရုရွားအမ်ိဳးသမီးအသင္းလည္း
ယခုႏွစ္ ဥေရာပခ်န္ပီယံရွစ္အမ်ိဳးသမီးၿပိဳင္ပြဲကေန ထုတ္ပယ္ခံရဖြယ္ရွိေနပါတယ္။
ဒါေပမဲ့ ရုရွားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ
ရုရွားေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ယူအီးအက္ဖ္ေအကေန
ေအအက္ဖ္စီဘက္ ေျပာင္းလဲကစားဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

တကယ္လုိ႔ အဲဒီပုံစံအတုိင္းျဖစ္လာမယ္ဆုိရင္
ရုရွားကလပ္ေတြဟာ ယူအီးအက္ဖ္ေအခ်န္ပီယံလိဂ္အစား
ေအအက္ဖ္စီ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ၀င္ကစားရမွာျဖစ္သလုိ
ရုရွားလက္ေရြးစင္အသင္းကလည္း ဥေရာပခ်န္ပီယံရွစ္ၿပိဳင္ပြဲအစား
အာရွဖလားၿပိဳင္ပြဲမွာ ကစားရမွာျဖစ္ပါတယ္။

ဒါေပမဲ့ အဲဒီသတင္းေတြရဲ႕ဆက္လက္ေဖာ္ျပခ်က္အရ
တုိက္ေျပာင္းမယ့္ကိစၥက ျဖစ္လာႏိုင္ဖုိ႔ ရာခုိင္ႏႈန္းနည္းေနၿပီး
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း လက္သင့္ခံဖို႔ ျဖစ္ႏိုင္ေျခနည္းေနတယ္လုိ႔ သိရပါတယ္။
အရင္တုန္းကေတာ့ အခုလိုတုိက္ေျပာင္းလဲတာရွိခဲ့ၿပီး လက္ရိွအခ်ိန္
ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္လက္ေအာက္မွာ ကစားေနတဲ့

အစၥေရးဟာ ၁၉၅၄ ခုႏွစ္ကေန ၁၉၇၄ အထိ
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္လက္ေအာက္မွာ ကစားခဲ့ဖူးသလုိ
၁၉၉၁ ခုႏွစ္မွာ ယူအီးအက္ဖ္ေအအဖြဲ႕၀င္ျဖစ္လာပါတယ္။
ကာဇက္စတန္ကလည္း အရင္တုန္းက အာရွေဘာလုံးအဖြဲ႕ခ်ဳပ္၀င္ျဖစ္ခဲ့ၿပီး
၂၀၀၂ မွာ ယူအီးအက္ဖ္ေအအဖြဲ႕၀င္ျဖစ္လာသလုိ

ၾသစေၾတးလ်ကလည္း ၂၀၀၅ မွာ သမုဒၵရာပိုင္းဇုန္ကေန
အာရွေဘာလုံးအဖြဲ႕ခ်ဳပ္ဘက္ ကူးေျပာင္းခဲ့ပါတယ္။