ဥရုဂွေးရဲ့ဂိုးပြတ်နိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ကြတဲ့ သရဲနီတွေ

တောင်အမေရိကဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲက ဥရုဂွေးရဲ့ဂိုးပြတ်နိုင်ပွဲမှာ

မန်ယူကစားသမားနှစ်ယောက် ခြေစွမ်းပြနိုင်ခဲ့ကြပါတယ်။

တိုက်စစ်မှုးကာဗာနီနဲ့ အလာဗက်စ်မှာ အငှားသွားကစားနေတဲ့

တောင်ပံကစားသမားလေးပယ်လစ်စထရီတို့ဟာ

ဗင်နီဇွဲလားနဲ့ပွဲမှာ အတူပွဲထွက်ခွင့်ရခဲ့ကြတာပါ။

၄-၁ နဲ့အနိုင်ရခဲ့တဲ့ အဲဒီဂိုးပြတ်နိုင်ပွဲနိုင်ပွဲမှာ

အတောက်ပဆုံးဥရုဂွေးကစားသမားကတော့

အသက် ၂၀ သာရှိသေးတဲ့ပယ်လစ်စထရီပါပဲ။

ပယ်လစ်စထရီဟာ ပွဲချိန် ၂၃ မိနစ်မှာ အာရက်စ်ကေတာသွင်းယူခဲ့တဲ့

ဒုတိယဂိုးကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖနတီးပေးနိုင်ခဲ့တာပါ။

ညာဘက်ခြမ်းမှာ ပယ်လစ်စထရီဟာ ပြိုင်ဘက်ကစားသမား

၃ ယောက်ကိုကျော်ဖြတ်ပြီး ပင်နယ်တီဧရိယာထဲဝင်လာကာ

အဲဒီကနေ အာရက်စ်ကေတာပိတ်သွင်းနိုင်အောင် ပြန်ထိုးပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ ဆွာရက်ဇ်သွင်းယူခဲ့တဲ့ ပင်နယ်တီဂိုးကလည်း

ပယ်လစ်စထရီကြောင့် ရခဲ့တာဖြစ်ပါတယ်။

ပယ်လစ်စထရီဟာ ပြီးခဲ့တဲ့အပတ်က ဥရုဂွေးအတွက်

ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရွေးစင်အသင်းအတွက်

သူ့ရဲ့ဒုတိယမြောက်ပွဲမှာပဲ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာပါ။

ဒါပေမဲ့ ပယ်လစ်စထရီဟာ အငှားသွားကစားနေတဲ့ အလာဗက်စ်မှာ

အခွင့်အရေးမရဖြစ်နေပြီး ဒီရာသီလာလီဂါမှာ ၆ ပွဲသာ

ပွဲထွက်ခွင့်ရခဲ့ကာ တစ်ကြိမ်မှ မိနစ် ၉၀ ပြည့်မကစားခဲ့ရပါဘူး။

အလာဗက်စ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာမှာ နည်းပြသစ်ခန့်အပ်ပြီးကတည်းက

ပယ်လစ်စထရီတစ်ယောက် ပွဲထွက်ခွင့်မရတော့တာပါ။

ဝါရင့်တိုက်စစ်မှုးကာဗာနီကတော့ ပထမပိုင်းပြီးခါနီး

နာကျင်အချိန်ပိုမှာ ဥရုဂွေးအတွက် ဂိုးသွင်းခဲ့တာဖြစ်ပြီး

ဘယ်သူမှမရှိတဲ့ဂိုးပေါက်ထဲကို ဘိုင်စကယ်ကစ်နဲ့ သွင်းခဲ့တာပါ။

ဥရုဂွေးအတွက် ကာဗာနီရဲ့ ၅၄ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

zawgyi

ဥ႐ုေဂြးရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့ၾကတဲ့ သရဲနီေတြ

ေတာင္အေမရိကဇုန္ကမာၻ႔ဖလားေျခစစ္ပြဲက ဥ႐ုေဂြးရဲ႕ဂိုးျပတ္ႏိုင္ပြဲမွာ

မန္ယူကစားသမားႏွစ္ေယာက္ ေျခစြမ္းျပႏိုင္ခဲ့ၾကပါတယ္။

တိုက္စစ္မႈးကာဗာနီနဲ႔ အလာဗက္စ္မွာ အငွားသြားကစားေနတဲ့

ေတာင္ပံကစားသမားေလးပယ္လစ္စထရီတို႔ဟာ

ဗင္နီဇြဲလားနဲ႔ပြဲမွာ အတူပြဲထြက္ခြင့္ရခဲ့ၾကတာပါ။

၄-၁ နဲ႔အႏိုင္ရခဲ့တဲ့ အဲဒီဂိုးျပတ္ႏိုင္ပြဲႏိုင္ပြဲမွာ

အေတာက္ပဆုံးဥ႐ုေဂြးကစားသမားကေတာ့

အသက္ ၂၀ သာရွိေသးတဲ့ပယ္လစ္စထရီပါပဲ။

ပယ္လစ္စထရီဟာ ပြဲခ်ိန္ ၂၃ မိနစ္မွာ အာရက္စ္ေကတာသြင္းယူခဲ့တဲ့

ဒုတိယဂိုးကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ဖနတီးေပးႏိုင္ခဲ့တာပါ။

ညာဘက္ျခမ္းမွာ ပယ္လစ္စထရီဟာ ၿပိဳင္ဘက္ကစားသမား

၃ ေယာက္ကိုေက်ာ္ျဖတ္ၿပီး ပင္နယ္တီဧရိယာထဲဝင္လာကာ

အဲဒီကေန အာရက္စ္ေကတာပိတ္သြင္းႏိုင္ေအာင္ ျပန္ထိုးေပးခဲ့တာ ျဖစ္ပါတယ္။

အဲဒီပြဲမွာ ဆြာရက္ဇ္သြင္းယူခဲ့တဲ့ ပင္နယ္တီဂိုးကလည္း

ပယ္လစ္စထရီေၾကာင့္ ရခဲ့တာျဖစ္ပါတယ္။

ပယ္လစ္စထရီဟာ ၿပီးခဲ့တဲ့အပတ္က ဥ႐ုေဂြးအတြက္

ပြဲဦးထြက္ခြင့္ရခဲ့တာျဖစ္ၿပီး လက္ေ႐ြးစင္အသင္းအတြက္

သူ႔ရဲ႕ဒုတိယေျမာက္ပြဲမွာပဲ အေကာင္းဆုံးစြမ္းေဆာင္ႏိုင္ခဲ့တာပါ။

ဒါေပမဲ့ ပယ္လစ္စထရီဟာ အငွားသြားကစားေနတဲ့ အလာဗက္စ္မွာ

အခြင့္အေရးမရျဖစ္ေနၿပီး ဒီရာသီလာလီဂါမွာ ၆ ပြဲသာ

ပြဲထြက္ခြင့္ရခဲ့ကာ တစ္ႀကိမ္မွ မိနစ္ ၉၀ ျပည့္မကစားခဲ့ရပါဘူး။

အလာဗက္စ္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာမွာ နည္းျပသစ္ခန႔္အပ္ၿပီးကတည္းက

ပယ္လစ္စထရီတစ္ေယာက္ ပြဲထြက္ခြင့္မရေတာ့တာပါ။

ဝါရင့္တိုက္စစ္မႈးကာဗာနီကေတာ့ ပထမပိုင္းၿပီးခါနီး

နာက်င္အခ်ိန္ပိုမွာ ဥ႐ုေဂြးအတြက္ ဂိုးသြင္းခဲ့တာျဖစ္ၿပီး

ဘယ္သူမွမရွိတဲ့ဂိုးေပါက္ထဲကို ဘိုင္စကယ္ကစ္နဲ႔ သြင္းခဲ့တာပါ။

ဥ႐ုေဂြးအတြက္ ကာဗာနီရဲ႕ ၅၄ ဂိုးေျမာက္ သြင္းဂိုးလည္း ျဖစ္ပါတယ္။