ဥမင်လှိုဏ်ခေါင်းနဲ့ အဝတ်အစားလဲခန်းမှာ ပြောတဲ့ စကားတွေကိုလူသိရှင်ကြားပြောလာဖို့လည်းမျှော်လင့်ပါတယ်။ ကျွန်တော်တို့နဲ့ပွဲမှာသူတို့ဘယ်လောက်ရုန်းကန်ရသလဲသူတို့အသိဆုံးပါ – မော်ရင်ဟို

တနင်္ဂနွေနေ့ညတုန်းကစီးရီးအေရှုံးပွဲကြုံရပြီးနောက်အကြီးအကျယ်

ဒေါသထွက်နေတဲ့ရိုးမားနည်းပြမော်ရင်ဟိုကဥမင်လှိုဏ်ခေါင်းတွင်

ပြောတဲ့စကားများကိုလူသိရှင်ကြားပြောရဲသလားလို့ဂျူဗင်တပ်ကို

တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုရဲ့ရိုးမားဟာပထမပိုင်းတွင်

တမ်မီအေဘရာဟမ်ရဲ့ဂိုးကြောင့်၁ဂိုးစီသရေကျခဲ့ပေမယ့်ဒိုင်လူကြီးက

ဂိုးအဖြစ်မပေးဘဲရိုးမားကိုပင်နယ်တီပေးခဲ့ပါတယ်။

ယင်းပင်နယ်တီကိုရိုးမားရဲ့ဂျော်ဒန်ဗီရီတော့ကန်ရာမှာဂျူဗင်တပ်ဂိုးသမား

ဆက်ဇက်နီကာကွယ်သွားပါတယ်။ ဂျူဗင်တပ်ဟာရိုးမားကို၁-ဝဂိုးဖြင့် အနိုင်ရရှိပြီး

နည်းပြမော်ရင်ဟိုနှင့်ရိုးမားကစားသမားတို့ အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် မော်ရင်ဟိုက “ဥမင်လှိုဏ်ခေါင်းနဲ့

အဝတ်အစားလဲခန်းမှာဂျူဗင်တပ်ဆီကစကားတွေကြားရပါတယ်။

အဲဒီစကားတွေကိုလူသိရှင်ကြားပြောလာဖို့လည်းမျှော်လင့်ပါတယ်။

ကျွန်တော်တို့နဲ့ပွဲမှာသူတို့ဘယ်လောက်ရုန်းကန်ရသလဲသူတို့အသိဆုံးပါ။

ကျွန်တော်ဟာကောင်းကောင်းမကစားဘဲနှစ်ပေါင်းများစွာနိုင်ပွဲယူလာတဲ့သူပါ။

ဒီတော့ကောင်းကောင်းကစားပြီးရှုံးခဲ့ရပါတယ်”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲစဉ်တွင်မော်ရင်ဟိုဟာဂျူဗင်တပ်ပရိသတ်များကို

လက်သုံးချောင်းထောင်ပြီးတော့ပြသခဲ့ပါတယ်။မော်ရင်ဟိုဟာ

အင်တာမီလန်ကိုကိုင်တွယ်စဉ်ကတစ်နှစ်တည်းတွင်ချန်ပီယံလိဂ်အပါအဝင်

ဖလားသုံးလုံးရရှိခဲ့မှုကိုရည်ရွယ်ကာဂျူဗင်တပ်ပရိသတ်များကိုတုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

ဥမင္လႈိဏ္ေခါင္းနဲ႔ အဝတ္အစားလဲခန္းမွာ ေျပာတဲ့ စကားေတြကိုလူသိရွင္ၾကားေျပာလာဖို႔လည္းေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔နဲ႔ပြဲမွာသူတို႔ဘယ္ေလာက္႐ုန္းကန္ရသလဲသူတို႔အသိဆုံးပါ – ေမာ္ရင္ဟို

တနဂၤေႏြေန႔ညတုန္းကစီးရီးေအရႈံးပြဲႀကဳံရၿပီးေနာက္အႀကီးအက်ယ္

ေဒါသထြက္ေနတဲ့႐ိုးမားနည္းျပေမာ္ရင္ဟိုကဥမင္လႈိဏ္ေခါင္းတြင္

ေျပာတဲ့စကားမ်ားကိုလူသိရွင္ၾကားေျပာရဲသလားလို႔ဂ်ဴဗင္တပ္ကို

တိုက္ခိုက္ေျပာဆိုလိုက္ပါတယ္။ ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာပထမပိုင္းတြင္

တမ္မီေအဘရာဟမ္ရဲ႕ဂိုးေၾကာင့္၁ဂိုးစီသေရက်ခဲ့ေပမယ့္ဒိုင္လူႀကီးက

ဂိုးအျဖစ္မေပးဘဲ႐ိုးမားကိုပင္နယ္တီေပးခဲ့ပါတယ္။

ယင္းပင္နယ္တီကို႐ိုးမားရဲ႕ေဂ်ာ္ဒန္ဗီရီေတာ့ကန္ရာမွာဂ်ဴဗင္တပ္ဂိုးသမား

ဆက္ဇက္နီကာကြယ္သြားပါတယ္။ ဂ်ဴဗင္တပ္ဟာ႐ိုးမားကို၁-ဝဂိုးျဖင့္ အႏိုင္ရရွိၿပီး

နည္းျပေမာ္ရင္ဟိုႏွင့္႐ိုးမားကစားသမားတို႔ အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။

ပြဲအၿပီးသတင္းစာရွင္းလင္းပြဲတြင္ ေမာ္ရင္ဟိုက “ဥမင္လႈိဏ္ေခါင္းနဲ႔

အဝတ္အစားလဲခန္းမွာဂ်ဴဗင္တပ္ဆီကစကားေတြၾကားရပါတယ္။

အဲဒီစကားေတြကိုလူသိရွင္ၾကားေျပာလာဖို႔လည္းေမွ်ာ္လင့္ပါတယ္။

ကြၽန္ေတာ္တို႔နဲ႔ပြဲမွာသူတို႔ဘယ္ေလာက္႐ုန္းကန္ရသလဲသူတို႔အသိဆုံးပါ။

ကြၽန္ေတာ္ဟာေကာင္းေကာင္းမကစားဘဲႏွစ္ေပါင္းမ်ားစြာႏိုင္ပြဲယူလာတဲ့သူပါ။

ဒီေတာ့ေကာင္းေကာင္းကစားၿပီးရႈံးခဲ့ရပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲစဥ္တြင္ေမာ္ရင္ဟိုဟာဂ်ဴဗင္တပ္ပရိသတ္မ်ားကို

လက္သုံးေခ်ာင္းေထာင္ၿပီးေတာ့ျပသခဲ့ပါတယ္။ေမာ္ရင္ဟိုဟာ

အင္တာမီလန္ကိုကိုင္တြယ္စဥ္ကတစ္ႏွစ္တည္းတြင္ခ်န္ပီယံလိဂ္အပါအဝင္

ဖလားသုံးလုံးရရွိခဲ့မႈကိုရည္႐ြယ္ကာဂ်ဴဗင္တပ္ပရိသတ္မ်ားကိုတုံ႔ျပန္ခဲ့တာလည္းျဖစ္ပါတယ္။