
မနေ့ညက စတမ်းဖိုဒ့်ဘရစ်ချ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁)အဖြစ်
ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်မှာ
တစ်ဖက်ကို (၂)ဂိုးစီနဲ့ အမှတ်ခွဲယူခဲ့ပြီး အမှတ်ပေး ချန်ပီယံဆုအတွက်
ရမှတ်ဆုံးရှုံးမှုကိုယ်စီ ဖြစ်ခဲ့ကြရပါတယ်။ ဒီပွဲစဉ်မှာ ဧည့်သည်လီဗာပူးအတွက်
အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဆာဒီယိုမာနေးအနေနဲ့ ပွဲစစပိုင်းမှာပဲ
သူရဲ့ဥပဒေပြင်ပ ကစားဟန်ကြောင့် တိုက်ရိုက်အနီကတ်ပါ ပြသခံခဲ့ရသင့်တယ်လို့
ချယ်လ်ဆီးက သူတွေက ပြောဆိုကြပါတယ်။
ဆီနီဂေါလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာနေးဟာ ပွဲချိန်(၉)မိနစ်မှာ
လီဗာပူးအသင်းအအတွက် ဦးဆောင်ဂိုးကို မသွင်းယူနိုင်သေးခင် ပွဲချိန်(၁)မိနစ်ခန့်မှာပဲ
ပြိုင်ဘက်ချယ်လ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် အက်စပီလီကွယ်တာကို
တံတောင်နဲ့ ရိုက်မိခဲ့တာကြောင့် ကွင်းလယ်ဒိုင်ကနေ အဝါကတ်ပြပြီး သတိပေးခဲ့ပါတယ်။
နည်းပြတူချယ်လ်က “အဲဒါက အနီကတ်ဆိုတာ ထင်ရှားနေတာပဲ၊
သူတို့က VAR လည်း ပြန်မကြည့်ခဲ့ဘူး။ ပုံမှန်အားဖြင့် ပွဲချိန်အစောပိုင်းမှာ
အနီကတ်ပြတာမျိုးကို ကျွန်တော်မုန်းတီးပါတယ်။ ဒါက ပွဲကိုသတ်လိုက်တာပါပဲ၊
ပရိသတ်တွေက ၁၁ ယောက်ချင်းကစားတာကို ကြည့်ဖို့လာကြတာပါ။
မာနေးက ကွင်းထဲမှာ အမြဲတမ်းရှိသင့်တဲ့ကစားသမားမျိုးပါ၊
သူက အရမ်းကောင်းတဲ့ကစားသမားလေ၊ ဒါပေမယ့်
ဒါကတော့ အနီကတ်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
မာနေးရဲ့ ဆီနီဂေါလက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ချယ်လ်ဆီးဂိုးသမားမန်ဒီကလည်း
“ကျွန်တော့်အစ်ကိုက အနီကတ်ပြခံခဲ့ရမှာပါ၊ သူ ကွင်းထဲမှာ
ပွဲချိန်တစ်မိနစ်ကတည်းက မရှိသင့်တော့ပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးကတော့ အာဖရိကပွဲအတွက် ဆီနီဂေါအသင်းနဲ့
သွားရောက်ပူးပေါင်းရမယ့်သူတွေလည်းဖြစ်ပါတယ်။
zawgyi
ဥပေဒျပင္ပ ကစားဟန္ေၾကာင့္ တိုက္႐ိုက္အနီကတ္ပါ ျပသခံခဲ့ရသင့္တဲ့ မာေနး
မေန႔ညက စတမ္းဖိုဒ့္ဘရစ္ခ်္ကြင္းမွာ ပရီးမီးယားလိဂ္ ပြဲစဥ္(၂၁)အျဖစ္
ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ခ်ယ္လ္ဆီးအသင္းနဲ႔ လီဗာပူးအသင္းတို႔ရဲ႕ ပြဲစဥ္မွာ
တစ္ဖက္ကို (၂)ဂိုးစီနဲ႔ အမွတ္ခြဲယူခဲ့ၿပီး အမွတ္ေပး ခ်န္ပီယံဆုအတြက္
ရမွတ္ဆုံးရႈံးမႈကိုယ္စီ ျဖစ္ခဲ့ၾကရပါတယ္။ ဒီပြဲစဥ္မွာ ဧည့္သည္လီဗာပူးအတြက္
အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ ဆာဒီယိုမာေနးအေနနဲ႔ ပြဲစစပိုင္းမွာပဲ
သူရဲ႕ဥပေဒျပင္ပ ကစားဟန္ေၾကာင့္ တိုက္႐ိုက္အနီကတ္ပါ ျပသခံခဲ့ရသင့္တယ္လို႔
ခ်ယ္လ္ဆီးက သူေတြက ေျပာဆိုၾကပါတယ္။
ဆီနီေဂါလက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ကစားသမား မာေနးဟာ ပြဲခ်ိန္(၉)မိနစ္မွာ
လီဗာပူးအသင္းအအတြက္ ဦးေဆာင္ဂိုးကို မသြင္းယူႏိုင္ေသးခင္ ပြဲခ်ိန္(၁)မိနစ္ခန႔္မွာပဲ
ၿပိဳင္ဘက္ခ်ယ္လ္ဆီးအသင္းရဲ႕ အသင္းေခါင္းေဆာင္ အက္စပီလီကြယ္တာကို
တံေတာင္နဲ႔ ႐ိုက္မိခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္ကေန အဝါကတ္ျပၿပီး သတိေပးခဲ့ပါတယ္။
နည္းျပတူခ်ယ္လ္က “အဲဒါက အနီကတ္ဆိုတာ ထင္ရွားေနတာပဲ၊
သူတို႔က VAR လည္း ျပန္မၾကည့္ခဲ့ဘူး။ ပုံမွန္အားျဖင့္ ပြဲခ်ိန္အေစာပိုင္းမွာ
အနီကတ္ျပတာမ်ိဳးကို ကြၽန္ေတာ္မုန္းတီးပါတယ္။ ဒါက ပြဲကိုသတ္လိုက္တာပါပဲ၊
ပရိသတ္ေတြက ၁၁ ေယာက္ခ်င္းကစားတာကို ၾကည့္ဖို႔လာၾကတာပါ။
မာေနးက ကြင္းထဲမွာ အၿမဲတမ္းရွိသင့္တဲ့ကစားသမားမ်ိဳးပါ၊
သူက အရမ္းေကာင္းတဲ့ကစားသမားေလ၊ ဒါေပမယ့္
ဒါကေတာ့ အနီကတ္ပါပဲ” လို႔ ေျပာဆိုခဲ့ပါတယ္။
မာေနးရဲ႕ ဆီနီေဂါလက္ေ႐ြးစင္အသင္းေဖာ္ျဖစ္တဲ့ ခ်ယ္လ္ဆီးဂိုးသမားမန္ဒီကလည္း
“ကြၽန္ေတာ့္အစ္ကိုက အနီကတ္ျပခံခဲ့ရမွာပါ၊ သူ ကြင္းထဲမွာ
ပြဲခ်ိန္တစ္မိနစ္ကတည္းက မရွိသင့္ေတာ့ပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။
သူတို႔ႏွစ္ဦးကေတာ့ အာဖရိကပြဲအတြက္ ဆီနီေဂါအသင္းနဲ႔
သြားေရာက္ပူးေပါင္းရမယ့္သူေတြလည္းျဖစ္ပါတယ္။