အွန်နရီဟာ ကစားသမားတစ်ယောက်အနေနဲ့ သူ့လိုအဆင့်မျိုးမရှိဘူးလို့ ဘလိုင်းကြီးကစ်လိုက်တဲ့ အီတူး

အာဆင်နယ်အိုင်ကွန်နဲ့ ဘာစီလိုနာတိုက်စစ်မှူးဟောင်းအွန်နရီဟာ သူ့လိုအဆင့်မျိုး မရှိခဲ့ဘူးလို့ အီတူးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လူတိုင်းကအွန်နရီကို ပရီးမီးယားလိဂ်သမိုင်းတလျှောက်

အကြီးကျယ်ဆုံးတွေထဲကတစ်ယောက်အဖြစ် လက်ခံထားကြတာပါ။ ပြင်သစ်တိုက်စစ်မှူးဟောင်းဟာ ဂန်းနားတွေအတွက်

၃၇၆ပွဲ ကစားပေးခဲ့ပြီး ၂၂၈ဂိုး သွင်းနိုင်ခဲ့သလို ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလား၂ကြိမ်စီ ပိုင်ဆိုင်ခဲ့သူဖြစ်တယ်။

၂၀၀၇ မှာတော့ ဘာစီလိုနာဆီပြောင်းရွှေ့ခဲ့ပြီး အီတူးနဲ့အသင်း ဖော်အဖြစ်တွေ့ဆုံခဲ့တာဖြစ်တယ်။ အဲ့ဒီအချိန်မှာတော့ အီတူးဟာ ဘာစီလိုနာရဲ့ကြယ်ပွင့်တိုက်စစ်မှူးအဖြစ်

နူးကမ့်မှာရှိနေခဲ့ပါတယ်။ ၂၀၀၈-၀၉ ဘောလုံးရာသီမှာတော့ အွန်နရီနဲ့ အီတူးတို့ဟာ နည်းပြဂွါဒီယိုလာရဲ့ဦးဆောင်မှု အောက်မှာတစ်ရာသီအတွင်း သမိုင်းဝင်ဆုဖလား ၃လုံးပိုင်ဆိုင်ခဲ့ပြီးနောက်

နွေစျေးကွက်အရောက်မှာ ကင်မရွန်းတိုက်စစ်မှူးက အင်တာမီလန်ကိုပြောင်းရွှေ့ခဲ့ပါတယ်။ အီတူးဟာ သူအွန်နရီထက်ပိုကောင်းတယ်လို့ခံစားချက်ရှိနေပြီး အာဆင်နယ်တိုက်စစ်မှူးဟောင်းဟာ

အနယ်လ်ကာလိုအထင်ကြီးစရာမျိုးမရှိဘူးလို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အီတူးက “သူ အနယ်လ်ကာလိုအဆင့်မျိုးမရှိဘူးလို့ထင်တယ်။ အွန်နရီကစားသမားကောင်းဖြစ်တာသိပေမဲ့

သူ့ထက်ပိုသဘောကျတဲ့ တခြားကစားသမားတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်…သူဟာကျွန်တော့်လိုအဆင့် မျိုးမရှိခဲ့ဘူး။ ကံဆိုးတာလား၊ ကံကောင်းတာလားတော့မသိဘူး။

ကျွန်တော့်မှာပြင်သစ်အတွက်ကစားခွင့်မရှိခဲ့ဘူးလေ။ ပြင်သစ်ကစားသမား ၇၀ရာခိုင်နှုန်းကျော်လောက်က သန်မာတဲ့သူတွေမဟုတ်ခဲ့ပေမဲ့ ပြင်သစ်ကသူတို့ကိုပိုကောင်း

အောင်ရောင်းချနိုင်ခဲ့တာပါ။ ပြင်သစ်က သူတို့ကိုကျွန်တော်တို့အဆင့်ထိရောက် အောင်ပို့ခဲ့ကြတယ်” လို့ Foot Mercato နဲ့တွေ့ဆုံမှုမှာပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပရိသတ်တွေက

“အီတူးဘာ ဆေးလိပ်သောက်တာလဲ လိုချင်မိတယ်” ၊ “အီတူးကိုချစ်ပေမဲ့ ဒီမှာတော့ သူမှားနေတာသေချာတယ်” ၊ “အဓိကကွာဟချက်ကတော့ ဒီနေ့ အွန်နရီကိုချစ်ခင်နှစ်သက်ပြီး

အီတူးကိုပြစ်တင်မယ့်လူတစ်ယောက်မှမရှိပါဘူး” လို့ အသီးသီး မှတ်ချက်ပေးခဲ့ကြပါတယ်။

(Zawgyi)

အြန္နရီဟာ ကစားသမားတစ္ေယာက္အေနနဲ႔ သူ႔လိုအဆင့္မ်ိဳးမရွိဘူးလို႔ ဘလိုင္းႀကီးကစ္လိုက္တဲ့ အီတူး

အာဆင္နယ္အိုင္ကြန္နဲ႔ ဘာစီလိုနာတိုက္စစ္မႉးေဟာင္းအြန္နရီဟာ သူ႔လိုအဆင့္မ်ိဳး မရွိခဲ့ဘူးလို႔ အီတူးကထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ လူတိုင္းကအြန္နရီကို

ပရီးမီးယားလိဂ္သမိုင္းတေလွ်ာက္ အႀကီးက်ယ္ဆုံးေတြထဲကတစ္ေယာက္အျဖစ္ လက္ခံထားၾကတာပါ။ ျပင္သစ္တိုက္စစ္မႉးေဟာင္းဟာ ဂန္းနားေတြအတြက္

၃၇၆ပြဲ ကစားေပးခဲ့ၿပီး ၂၂၈ဂိုး သြင္းႏိုင္ခဲ့သလို ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလား ၂ႀကိမ္စီ ပိုင္ဆိုင္ခဲ့သူျဖစ္တယ္။ ၂၀၀၇ မွာေတာ့ ဘာစီလိုနာဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

အီတူးနဲ႔အသင္း ေဖာ္အျဖစ္ေတြ႕ဆုံခဲ့တာျဖစ္တယ္။ အဲ့ဒီအခ်ိန္မွာေတာ့ အီတူးဟာ ဘာစီလိုနာရဲ႕ၾကယ္ပြင့္တိုက္စစ္မႉးအျဖစ္ ႏူးကမ့္မွာရွိေနခဲ့ပါတယ္။

၂၀၀၈-၀၉ ေဘာလုံးရာသီမွာေတာ့ အြန္နရီနဲ႔ အီတူးတို႔ဟာ နည္းျပဂြါဒီယိုလာရဲ႕ဦးေဆာင္မႈ ေအာက္မွာ တစ္ရာသီအတြင္း သမိုင္းဝင္ဆုဖလား

၃လုံးပိုင္ဆိုင္ခဲ့ၿပီးေနာက္ ေႏြေစ်း ကြက္အေရာက္မွာ ကင္မ႐ြန္းတိုက္စစ္မႉးက အင္တာမီလန္ကိုေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ အီတူးဟာ သူအြန္နရီထက္ပိုေကာင္းတယ္လို႔ခံစားခ်က္ရွိေနၿပီး

အာဆင္နယ္တိုက္စစ္မႉးေဟာင္းဟာ အနယ္လ္ကာလိုအထင္ႀကီးစရာမ်ိဳးမရွိဘူးလို႔ မွတ္ခ်က္ေပးသြားခဲ့ပါတယ္။ အီတူးက “သူ အနယ္လ္ကာလိုအဆင့္မ်ိဳးမရွိဘူးလို႔ထင္တယ္။

အြန္နရီကစားသမားေကာင္းျဖစ္တာသိေပမဲ့…သူ႔ထက္ပိုသေဘာက်တဲ့ တျခားကစားသမားေတြရွိပါတယ္။ ဘယလိုပဲျဖစ္ျဖစ္…သူဟာကြၽန္ေတာ့္လိုအဆင့္ မ်ိဳးမရွိခဲ့ဘူး။

ကံဆိုးတာလား၊ ကံေကာင္းတာလားေတာ့မသိဘူး။ ကြၽန္ေတာ့္မွာျပင္ သစ္အတြက္ကစားခြင့္မရွိခဲ့ဘူးေလ။ ျပင္သစ္ကစားသမား ၇၀ရာခိုင္ႏႈန္းေက်ာ္ ေလာက္က

သန္မာတဲ့သူေတြမဟုတ္ခဲ့ေပမဲ့ ျပင္သစ္ကသူတို႔ကိုပိုေကာင္း ေအာင္ေရာင္းခ်ႏိုင္ခဲ့တာပါ။ ျပင္သစ္က သူတို႔ကိုကြၽန္ေတာ္တို႔အဆင့္ထိေရာက္ ေအာင္ပို႔ခဲ့ၾကတယ္”

လို႔ Foot Mercato နဲ႔ေတြ႕ဆုံမႈမွာေျပာဆိုခဲ့ပါတယ္။ ဒါနဲ႔ပတ္သတ္လို႔ ပရိသတ္ေတြက “အီတူးဘာေဆးလိပ္ေသာက္တာလဲ လိုခ်င္မိတယ္” ၊

“အီတူးကိုခ်စ္ေပမဲ့ ဒီမွာေတာ့သူမွားေနတာေသခ်ာတယ္” ၊ “အဓိကကြာဟခ်က္ကေတာ့ ဒီေန႔ အြန္နရီကိုခ်စ္ခင္ႏွစ္သက္ၿပီး

အီတူးကိုျပစ္တင္မယ့္လူတစ္ေယာက္မွမရွိပါဘူး” လို႔ အသီးသီးမွတ္ခ်က္ေပးခဲ့ၾကပါတယ္။