အွန်နရီကိုယ်တိုင် ကာနူးလက်သစ်လို့တင်စားထားတဲ့ တိုက်စစ်မှူးကိုခေါ်ယူဖို့ ယူနိုက်တက် စဉ်းစားလာ

ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကစားခွင့်ရထားတဲ့

တိုက်စစ်မှူးကို ခေါ်ယူဖို့စဉ်းစားလာပြီလို့ ပြင်သစ်သတင်းစာ

L’Equipe ကဖော်ပြလိုက်ပါတယ်။ ဇန်နဝါရီမှာ တိုက်စစ်မှူးသစ်

တစ်ဦးခေါ်ယူမယ်လို့ တန်ဟတ်ကိုယ်တိုင်က အသိပေးထားသလို

လက်ရှိမှာတော့ ဖရန့်ဖတ်ရဲ့ ပြင်သစ်ကြယ်ပွင့်မူရာနီဘက်ကို

ခြေဦးလှည့်လာပြီဖြစ်တယ်။ မူရာနီဟာ အန်ကွန်ကူဒဏ်ရာရခဲ့တဲ့နောက်

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လူစာရင်းထဲပါဝင်ခွင့်ရခဲ့သူဖြစ်ပြီး

မော်ရိုကိုနဲ့ ဆီမီးဖိုင်နယ်မှာ အရန်ခုံကထလာပြီး ပြင်သစ်အတွက်

ဒုတိယဂိုးသွင်းပေးခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ဗိုလ်လုပွဲစဉ်မှာတော့

ပွဲချိန် ၄၁ မိနစ် အရောက်မှာ လူစားဝင်ခွင့်ရခဲ့သလို အချိန်ပိုမိနစ်မှာ

သူ့ရဲ့အပိုင်အခွင့်အရေးက ပြင်သစ်ကိုထပ်ဆင့်ကမ္ဘာ့ချန်ပီယံအဖြစ်

အောင်ပွဲခံစေဖို့အလွန်ပဲနီးစပ်ခဲ့တာဖြစ်တယ်။ ၂၀၂၁ ခုနှစ်အတွင်း

နန်တက်စ်မှာရှိစဉ်ကတည်းက မူရာနီကို ဂန်းနားတိုက်စစ်မှူးဟောင်း

ကာနူးနဲ့ခိုင်းနှိုင်းပြီး အွန်နရီက ချီးကျူးခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့နွေဈေးကွက်မှာတော့ နန်တက်စ်ကနေ ဖရန့်ဖတ်ကို

ပြောင်းရွှေ့ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ

ဂျာမန်ကလပ်အတွက် ဘွန်ဒက်စ်လီဂါ ၁၄ ပွဲမှာ ၅ဂိုး သွင်း၊

၉ ကြိမ်ဖန်တီးထားနိုင်သလို ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ

သွင်းဂိုး ၂ဂိုး ရယူထားပါတယ်။ ပြင်သစ်သတင်းစာ L’Equipe ရဲ့

အဆိုအရတော့ ယူနိုက်တက်ဟာ မူရာနီကို ယူရိုသန်း ၆၀ နဲ့

ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ မူရာနီဟာ

အထောင်တိုက်စစ်မှူးအပြင် တောက်ပံတိုက်စစ်မှာပါကစားနိုင်သူ

ဖြစ်တာကြောင့် တန်ဟတ်ရဲ့ ယူနိုက်တက်တိုက်စစ်အတွက်

အဖြေတစ်ခုဖြစ်လာနိုင်ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက်တော့

သရဲနီတွေဟာအတားအဆီး နှစ်ခုကိုကျော်ဖြတ်ရဖို့ရှိနေတာပါ။

ပထမအချက်ကတော့ ကစားသမားဟာ လာမယ့်နွေရာသီမှာ

ဖရန့်ဖတ်ကိုကျောခိုင်းဖြစ်ရင် ဘိုင်ယန်မြူးနစ်ကိုပြောင်းရွှေ့ဖို့အတွက်

နှစ်သက်နေတာဖြစ်တယ်။ နောက်တစ်ချက်ကတော့

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ အငှားခေါ်ယူမှုတွေကို

အာရုံစိုက်နေပြီး မူရာနီအတွက်လိုအပ်တဲ့အခကြေးငွေကို စိုက်ထုတ်ဖို့အခက်အခဲရှိနေတာပါ။

zawgyi

အြန္နရီကိုယ္တိုင္ ကာႏူးလက္သစ္လို႔တင္စားထားတဲ့ တိုက္စစ္မႉးကိုေခၚယူဖို႔ ယူႏိုက္တက္ စဥ္းစားလာ

ယူႏိုက္တက္အသင္းဟာ ကမာၻ႔ဖလားဗိုလ္လုပြဲကစားခြင့္ရထားတဲ့

တိုက္စစ္မႉးကို ေခၚယူဖို႔စဥ္းစားလာၿပီလို႔ ျပင္သစ္သတင္းစာ

L’Equipe ကေဖာ္ျပလိုက္ပါတယ္။ ဇန္နဝါရီမွာ တိုက္စစ္မႉးသစ္

တစ္ဦးေခၚယူမယ္လို႔ တန္ဟတ္ကိုယ္တိုင္က အသိေပးထားသလို

လက္ရွိမွာေတာ့ ဖရန႔္ဖတ္ရဲ႕ ျပင္သစ္ၾကယ္ပြင့္မူရာနီဘက္ကို

ေျခဦးလွည့္လာၿပီျဖစ္တယ္။ မူရာနီဟာ အန္ကြန္ကူဒဏ္ရာရခဲ့တဲ့ေနာက္

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ ျပင္သစ္လူစာရင္းထဲပါဝင္ခြင့္ရခဲ့သူျဖစ္ၿပီး

ေမာ္႐ိုကိုနဲ႔ ဆီမီးဖိုင္နယ္မွာ အရန္ခုံကထလာၿပီး ျပင္သစ္အတြက္

ဒုတိယဂိုးသြင္းေပးခဲ့ပါတယ္။ အာဂ်င္တီးနားနဲ႔ဗိုလ္လုပြဲစဥ္မွာေတာ့

ပြဲခ်ိန္ ၄၁ မိနစ္ အေရာက္မွာ လူစားဝင္ခြင့္ရခဲ့သလို အခ်ိန္ပိုမိနစ္မွာ

သူ႔ရဲ႕အပိုင္အခြင့္အေရးက ျပင္သစ္ကိုထပ္ဆင့္ကမာၻ႔ခ်န္ပီယံအျဖစ္

ေအာင္ပြဲခံေစဖို႔အလြန္ပဲနီးစပ္ခဲ့တာျဖစ္တယ္။ ၂၀၂၁ ခုႏွစ္အတြင္း

နန္တက္စ္မွာရွိစဥ္ကတည္းက မူရာနီကို ဂန္းနားတိုက္စစ္မႉးေဟာင္း

ကာႏူးနဲ႔ခိုင္းႏႈိင္းၿပီး အြန္နရီက ခ်ီးက်ဴးခဲ့ဖူးပါတယ္။

ၿပီးခဲ့တဲ့ေႏြေဈးကြက္မွာေတာ့ နန္တက္စ္ကေန ဖရန႔္ဖတ္ကို

ေျပာင္းေ႐ႊ႕ခဲ့တဲ့ အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ

ဂ်ာမန္ကလပ္အတြက္ ဘြန္ဒက္စ္လီဂါ ၁၄ ပြဲမွာ ၅ဂိုး သြင္း၊

၉ ႀကိမ္ဖန္တီးထားႏိုင္သလို ခ်န္ပီယံလိဂ္အုပ္စုအဆင့္မွာ

သြင္းဂိုး ၂ဂိုး ရယူထားပါတယ္။ ျပင္သစ္သတင္းစာ L’Equipe ရဲ႕

အဆိုအရေတာ့ ယူႏိုက္တက္ဟာ မူရာနီကို ယူ႐ိုသန္း ၆၀ နဲ႔

ေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ မူရာနီဟာ

အေထာင္တိုက္စစ္မႉးအျပင္ ေတာက္ပံတိုက္စစ္မွာပါကစားႏိုင္သူ

ျဖစ္တာေၾကာင့္ တန္ဟတ္ရဲ႕ ယူႏိုက္တက္တိုက္စစ္အတြက္

အေျဖတစ္ခုျဖစ္လာႏိုင္ပါတယ္။ သူ႔ကိုေခၚယူဖို႔အတြက္ေတာ့

သရဲနီေတြဟာအတားအဆီး ႏွစ္ခုကိုေက်ာ္ျဖတ္ရဖို႔ရွိေနတာပါ။

ပထမအခ်က္ကေတာ့ ကစားသမားဟာ လာမယ့္ေႏြရာသီမွာ

ဖရန႔္ဖတ္ကိုေက်ာခိုင္းျဖစ္ရင္ ဘိုင္ယန္ျမဴးနစ္ကိုေျပာင္းေ႐ႊ႕ဖို႔အတြက္

ႏွစ္သက္ေနတာျဖစ္တယ္။ ေနာက္တစ္ခ်က္ကေတာ့

ယူႏိုက္တက္ဟာ ဇန္နဝါရီမွာ အငွားေခၚယူမႈေတြကို

အာ႐ုံစိုက္ေနၿပီး မူရာနီအတြက္လိုအပ္တဲ့အခေၾကးေငြကို

စိုက္ထုတ္ဖို႔အခက္အခဲရွိေနတာပါ။