
မန်ယူကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေဟာ အံ့အားသင့်ဖွယ်အဖြစ်
အားလပ်ရက်တစ်ပတ်ရရှိခဲ့ကြပြီး ဆိုးလ်ရှားကိုယ်တိုင်လည်း သူ့မိသားစုနဲ့အတူ
နော်ဝေကို ပြန်သွားကြောင်း သိရှိရပါတယ်။
မန်ယူကစားသမားအများစုက သက်ဆိုင်ရာနိုင်ငံအသင်းတွေနဲ့
သွားရောက်ပူးပေါင်းရဖို့ရှိနေချိန် ဖိအားတွေကျရောက်နေတဲ့ဆိုးလ်ရှားဟာ
ကျန်ကစားသမားတွေနဲ့သူ့နည်းပြအဖွဲ့ဝင်တွေကို ကာရင်တန်မှာ
လေ့ကျင့်စေမယ့်အစား တစ်ပတ်အနားပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အဲဒါဟာ အကျပ်အတည်းကြုံနေတဲ့အိုးလ်ထရက်ဖို့ဒ်မှာ မျှော်လင့်မထားတဲ့
အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ခံလူဗာရာနီဟာ
သူ့ရဲ့တံကောက်ကြောဒဏ်ရာကိုကုသဖို့အတွက် ပြီးခဲ့တဲ့တနင်္လာနေ့က
မန်ယူအသင်းဌာနချုပ်ကို ရောက်လာပြီး အင်္ဂလန်လူစာရင်းက
နုတ်ထွက်ခဲ့တဲ့ရက်ရှ်ဖို့ဒ်ကလည်း လေ့ကျင့်ဖို့ရှိနေတာပါ။
ဒါပေမဲ့ ဆိုးလ်ရှားနဲ့သူ့ကစားသမားတွေဟာ မန်စီးတီးကို ၂-၀ နဲ့ရှုံးပြီးကတည်းက
မန်ယူမှာ မတွေ့ရတော့ပါဘူး။
ဆိုးလ်ရှားဟာ ဇနီးဖြစ်သူဆီလ်ဂျီ၊ သားဖြစ်သူနှစ်ယောက်နဲ့အတူ
ဇာတိမြို့ကိုပြန်သွားဖို့ မန်ချက်စတာလေဆိပ်ရောက်နေတဲ့ပုံတွေကတော့ ထွက်ပေါ်လာပါတယ်။
အဲဒီနော်ဝေသားနည်းပြဟာ နောက်ဆုံး ၁၂ ပွဲမှာ ၆ ပွဲရှုံးခဲ့တဲ့အပြင်
ခါးသီးပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့မန်စီးတီးတို့ကို
အိမ်ကွင်းဆက်တိုက်ရှုံးခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါပေမဲ့ မန်ယူအသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကတော့ ၄၈ နှစ်အရွယ်
ဆိုးလ်ရှားဟာ ရာထူးအတွက် ချက်ချင်းမစိုးရိမ်ရသေးဘဲ
နိုင်ငံတကာကြားဖြတ်အပြီး ဝက်ဖို့ဒ်နဲ့ကစားရမယ့်ပွဲကိုလည်း
ဆက်ကိုင်ရမယ်လို့ မျှော်မှန်းထားကြောင်း ဆိုပါတယ်။
zawgyi
အံ့အားသင့္ဖြယ္အျဖစ္ ဒါဘီရႈံးပြဲအၿပီး အားလပ္ရက္တစ္ပတ္ယူလိုက္တဲ့ ဆိုးလ္ရွားတို႔မန္ယူအုပ္စု
မန္ယူကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြဟာ အံ့အားသင့္ဖြယ္အျဖစ္
အားလပ္ရက္တစ္ပတ္ရရွိခဲ့ၾကၿပီး ဆိုးလ္ရွားကိုယ္တိုင္လည္း သူ႔မိသားစုနဲ႔အတူ
ေနာ္ေဝကို ျပန္သြားေၾကာင္း သိရွိရပါတယ္။
မန္ယူကစားသမားအမ်ားစုက သက္ဆိုင္ရာႏိုင္ငံအသင္းေတြနဲ႔
သြားေရာက္ပူးေပါင္းရဖို႔ရွိေနခ်ိန္ ဖိအားေတြက်ေရာက္ေနတဲ့ဆိုးလ္ရွားဟာ
က်န္ကစားသမားေတြနဲ႔သူ႔နည္းျပအဖြဲ႕ဝင္ေတြကို ကာရင္တန္မွာ
ေလ့က်င့္ေစမယ့္အစား တစ္ပတ္အနားေပးလိုက္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။
အဲဒါဟာ အက်ပ္အတည္းႀကဳံေနတဲ့အိုးလ္ထရက္ဖို႔ဒ္မွာ ေမွ်ာ္လင့္မထားတဲ့
အေျခအေနတစ္ခုလည္း ျဖစ္ပါတယ္။ ေနာက္ခံလူဗာရာနီဟာ
သူ႔ရဲ႕တံေကာက္ေၾကာဒဏ္ရာကိုကုသဖို႔အတြက္ ၿပီးခဲ့တဲ့တနလၤာေန႔က
မန္ယူအသင္းဌာနခ်ဳပ္ကို ေရာက္လာၿပီး အဂၤလန္လူစာရင္းက
ႏုတ္ထြက္ခဲ့တဲ့ရက္ရွ္ဖို႔ဒ္ကလည္း ေလ့က်င့္ဖို႔ရွိေနတာပါ။
ဒါေပမဲ့ ဆိုးလ္ရွားနဲ႔သူ႔ကစားသမားေတြဟာ မန္စီးတီးကို ၂-၀ နဲ႔ရႈံးၿပီးကတည္းက
မန္ယူမွာ မေတြ႕ရေတာ့ပါဘူး။
ဆိုးလ္ရွားဟာ ဇနီးျဖစ္သူဆီလ္ဂ်ီ၊ သားျဖစ္သူႏွစ္ေယာက္နဲ႔အတူ
ဇာတိၿမိဳ႕ကိုျပန္သြားဖို မန္ခ်က္စတာေလဆိပ္ေရာက္ေနတဲ့ပုံေတြကေတာ့ ထြက္ေပၚလာပါတယ္။
အဲဒီေနာ္ေဝသားနည္းျပဟာ ေနာက္ဆုံး ၁၂ ပြဲမွာ ၆ ပြဲရႈံးခဲ့တဲ့အျပင္
ခါးသီးၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးနဲ႔မန္စီးတီးတို႔ကို
အိမ္ကြင္းဆက္တိုက္ရႈံးခဲ့လို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတာပါ။
ဒါေပမဲ့ မန္ယူအသင္းနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္ေတြကေတာ့ ၄၈ ႏွစ္အ႐ြယ္
ဆိုးလ္ရွားဟာ ရာထူးအတြက္ ခ်က္ခ်င္းမစိုးရိမ္ရေသးဘဲ
ႏိုင္ငံတကာၾကားျဖတ္အၿပီး ဝက္ဖို႔ဒ္နဲ႔ကစားရမယ့္ပြဲကိုလည္း
ဆက္ကိုင္ရမယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ဆိုပါတယ္။