အံ့မခန်းခြေစွမ်းနဲ့ မိုဒရစ်

ပြီးခဲ့တဲ့တနင်္ဂနွေညက ကစားခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ ရီးရဲလ်ဟာ

ဘင်ဇီမာနဲ့အဆန်စီယိုတို့ရဲ့ဂိုးတွေနဲ့အနိုင်ရခဲ့ပြီး မြို့ခံပြိုင်ဘက်ဖြစ်တဲ့

လက်ရှိချန်ပီယံအသင်းကို ၁၃ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ ရီးရဲလ်ရခဲ့တဲ့အနိုင်ဂိုး ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာက

တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ဗီနီစီးယက်စ်ပါ။

ဒါပေမဲ့လည်း မက်ဒရစ်ဒါဘီရဲ့အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူက

တစ်ဂိုးမှလည်းမသွင်း၊ တစ်ဂိုးမှလည်း မဖန်တီးပေးခဲ့တဲ့

ကွင်းလယ်လူ လူကာမိုဒရစ်ဖြစ်နေပါတယ်။

အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ထားတဲ့ ၃၆ နှစ်အရွယ်

ကွင်းလယ်ဗိုလ်ချုပ်တစ်ယောက်လို့ ဆိုရင်လည်း မမှားပါဘူး။

ဘယ်လောက်ထိခြေစွမ်းပြနိုင်ခဲ့လဲဆိုရင် ဒုတိယပိုင်းမှာ

ကွင်းထဲမှာရှိတဲ့ပရိသတ်တွေက မတ်တပ်ရပ်လက်ခုပ်သြဘာပေးရတဲ့အထိပါပဲ။

အဲဒီပွဲမှာ ၂ ဂိုးစလုံးဖန်တီးပေးခဲ့တဲ့ ဗီနီစီးယက်စ်ကဆိုရင်

မသိရင် ၂၂ နှစ်အရွယ် ကစားသမားတစ်ယောက် ကစားနေတာလို့

ထင်ရကြောင်း မိုဒရစ်ကို ချီးကျူးခဲ့ပါတယ်။

နည်းပြအန်စလော့တီကလည်း ပွဲအပြီးမှာ မိုဒရစ်ထံ သွားရောက်ပွေ့ဖက်ပြီး

ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ပါတယ်။

”မယုံနိုင်စရာ ခြေစွမ်းကြောင့် ပွဲပြီးတော့ ကျွန်တော် သူ့ဆီသွားပြီး

ကွန်ဂရက်ကျူလေးရှင်းလုပ်ခဲ့ပါတယ်။ သူ့ကို ဘာပြောခဲ့သလဲဆိုတာ

မသိတော့ဘူး။ ဒါပေမဲ့ ဒီညမှာ ဘောလုံးနဲ့ပတ်သက်လို့ သူ့လုပ်နိုင်စွမ်းက

အံ့မခန်းဖြစ်ခဲ့ပါတယ်”လို့ အန်စလော့တီက စပိန်သတင်းစာမာကာကို ပြောခဲ့တာပါ။

အဲဒီစပါးကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နွေကမှ တစ်နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး

အန်စလော့တီလက်ထက်မှာလည်း အမြဲတမ်းပွဲထွက်နေရသူဖြစ်ဆဲပါ။

သူဟာ ဒီရာသီ လာလီဂါ ၁၇ ပွဲမှာ ၁၂ ပွဲ ပွဲထွက်ပါထားပြီး အသင်းလူစာရင်းမှာ

၆ ယောက်မြောက်ပွဲအထွက်ရဆုံးသူဖြစ်ပါတယ်။

ဒါပေမဲ့ အန်စလော့တီဟာ ၂၀၂၁ အတွင်းကျန်ရှိတဲ့ ၂ ပွဲထဲက

တစ်ပွဲမှာ မိုဒရစ်ကို အနားပေးနိုင်ပါတယ်။

zawgyi

အံ့မခန္းေျခစြမ္းနဲ႔ မိုဒရစ္

ၿပီးခဲ့တဲ့တနဂၤေႏြညက ကစားခဲ့တဲ့ မက္ဒရစ္ဒါဘီမွာ ရီးရဲလ္ဟာ

ဘင္ဇီမာနဲ႔အဆန္စီယိုတို႔ရဲ႕ဂိုးေတြနဲ႔အႏိုင္ရခဲ့ၿပီး ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့

လက္ရွိခ်န္ပီယံအသင္းကို ၁၃ မွတ္ျဖတ္ႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ ရီးရဲလ္ရခဲ့တဲ့အႏိုင္ဂိုး ၂ ဂိုးစလုံးကို ဖန္တီးေပးခဲ့တာက

တိုက္စစ္ကစားသမားတစ္ေယာက္ျဖစ္တဲ့ ဗီနီစီးယက္စ္ပါ။

ဒါေပမဲ့လည္း မက္ဒရစ္ဒါဘီရဲ႕အေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့သူက

တစ္ဂိုးမွလည္းမသြင္း၊ တစ္ဂိုးမွလည္း မဖန္တီးေပးခဲ့တဲ့

ကြင္းလယ္လူ လူကာမိုဒရစ္ျဖစ္ေနပါတယ္။

အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ထားတဲ့ ၃၆ ႏွစ္အ႐ြယ္

ကြင္းလယ္ဗိုလ္ခ်ဳပ္တစ္ေယာက္လို႔ ဆိုရင္လည္း မမွားပါဘူး။

ဘယ္ေလာက္ထိေျခစြမ္းျပႏိုင္ခဲ့လဲဆိုရင္ ဒုတိယပိုင္းမွာ

ကြင္းထဲမွာရွိတဲ့ပရိသတ္ေတြက မတ္တပ္ရပ္လက္ခုပ္ၾသဘာေပးရတဲ့အထိပါပဲ။

အဲဒီပြဲမွာ ၂ ဂိုးစလုံးဖန္တီးေပးခဲ့တဲ့ ဗီနီစီးယက္စ္ကဆိုရင္

မသိရင္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားတစ္ေယာက္ ကစားေနတာလို႔

ထင္ရေၾကာင္း မိုဒရစ္ကို ခ်ီးက်ဴးခဲ့ပါတယ္။

နည္းျပအန္စေလာ့တီကလည္း ပြဲအၿပီးမွာ မိုဒရစ္ထံ သြားေရာက္ေပြ႕ဖက္ၿပီး

ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ပါတယ္။

”မယုံႏိုင္စရာ ေျခစြမ္းေၾကာင့္ ပြဲၿပီးေတာ့ ကြၽန္ေတာ္ သူ႔ဆီသြားၿပီး

ကြန္ဂရက္က်ဴေလးရွင္းလုပ္ခဲ့ပါတယ္။ သူ႔ကို ဘာေျပာခဲ့သလဲဆိုတာ

မသိေတာ့ဘူး။ ဒါေပမဲ့ ဒီညမွာ ေဘာလုံးနဲ႔ပတ္သက္လို႔ သူ႔လုပ္ႏိုင္စြမ္းက

အံ့မခန္းျဖစ္ခဲ့ပါတယ္”လို႔ အန္စေလာ့တီက စပိန္သတင္းစာမာကာကို ေျပာခဲ့တာပါ။

အဲဒီစပါးၾကယ္ပြင့္ေဟာင္းဟာ ၿပီးခဲ့တဲ့ေႏြကမွ တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၿပီး

အန္စေလာ့တီလက္ထက္မွာလည္း အၿမဲတမ္းပြဲထြက္ေနရသူျဖစ္ဆဲပါ။

သူဟာ ဒီရာသီ လာလီဂါ ၁၇ ပြဲမွာ ၁၂ ပြဲ ပြဲထြက္ပါထားၿပီး အသင္းလူစာရင္းမွာ

၆ ေယာက္ေျမာက္ပြဲအထြက္ရဆုံးသူျဖစ္ပါတယ္။

ဒါေပမဲ့ အန္စေလာ့တီဟာ ၂၀၂၁ အတြင္းက်န္ရွိတဲ့ ၂ ပြဲထဲက

တစ္ပြဲမွာ မိုဒရစ္ကို အနားေပးႏိုင္ပါတယ္။