အံ့ဖွယ်ဖရီးကစ်နဲ့အတူ လျှို့ဝှက်ဆန်းကြယ်ကာလတစ်ခုကို ဖန်တီးပြလိုက်တဲ့ ဂါနာချို

အာဂျင်တီးနား ယူ၂၀ အသင်းတိုက်စစ်မှူး ဂါနာချိုဟာ

ယမန်နေ့က အံ့အားသင့်ဖွယ်ဖရီးကစ် သွင်းယူရင်း
လျှို့ဝှက်ဆန်းကြယ်ကာလအဖြစ် ပြောင်းလဲပြလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ တူလန်လူငယ်ဖိတ်ခေါ်ပြိုင်ပွဲမှာ
ထင်ပေါ်ကျော်ကြားနေတဲ့ ဂါနာချိုကြောင့်
ယူနိုက်တက်ပရိသတ်တွေလည်း ရာသီသစ်အတွက်

အခုကတည်းက ကြိုတင်စိတ်လှုပ်ရှားနေကြပါတယ်။
အသက် ၁၇ နှစ်အရွယ်ရှိ ဂါနာချိုဟာ
အိမ်ရှင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ဧရိယာထိပ်ကနေ
ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းသွားတာဖြစ်ပြီး
နောက်တစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပေမယ့်

အာဂျင်တီးနား ယူ ၂၀ အသင်းကတော့
ပြင်သစ် ယူ၂၀ အသင်းကို ၆-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ယူနိုက်တက်ပရိသတ်တွေကတော့
တူလန်ပြိုင်ပွဲမှာ ၃ဂိုးအထိ သွင်းယူထားတဲ့
ဂါနာချိုရဲ့ခြေစွမ်းအပေါ် အတော်လေးသဘောကျနေပါတယ်။

”ဂါနာချိုဟာ ထိပ်တန်းအဆင့်
ရောက်ဖို့ လမ်းကြောင်းမှန်ပေါ်မှာပါ”
”သူ့ရဲ့တစ်သမတ်တည်းရှိတဲ့ခြေစွမ်းက
တစ်ယောက်ယောက်ကို သတိရမိသွားစေတယ်”
”ဒီကလေးက ထူးရှယ်ပဲ”

”ရာသီသစ်ကျရင် ပထမအသင်းမှာ
သူ့ကို မြင်တွေ့ခွင့်ရဖို့ လုံလောက်နေပါပြီ”
”ဂါနာချို ဂိုးမသွင်းနိုင်ဖို့ တားနိုင်မယ့်သူ
မရှိတော့ဘူး၊ သိပ်လန်းတဲ့ဖရီးကစ်ပဲ”လို့
ယူနိုက်တက်ပရိသတ်တွေက ရေးသားခဲ့ပါတယ်။

ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက် ယူ၁၈အသင်းနဲ့အတူ
လူငယ်အက်ဖ်အေဖလား ရယူနိုင်ခဲ့ပြီး နော်တင်ဟမ်ကို
အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်က အက်သလက်ကနေ
ရောက်လာခဲ့တဲ့ ဂါနာချိုဟာ ဗင်နီဇွဲလား၊

အီကွေဒေါတို့နဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲတွေအတွက်
အာဂျင်တီးနားအသင်းရဲ့ ၄၄ဦးပါ
လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း
ယူနိုက်တက်အတွက် သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲအဖြစ်
ကစားခွင့်ရရှိခဲ့ပါတယ်။

Zawgyi

အ့ံဖြယ္ဖရီးကစ္နဲ႔အတူ လွ်ိဳ႕၀ွက္ဆန္းၾကယ္ကာလတစ္ခုကို ဖန္တီးျပလိုက္တဲ့ ဂါနာခ်ိဳ
အာဂ်င္တီးနား ယူ၂၀ အသင္းတိုက္စစ္မွဴး ဂါနာခ်ိဳဟာ

ယမန္ေန႔က အံ့အားသင့္ဖြယ္ဖရီးကစ္ သြင္းယူရင္း
လွ်ိဳ႕၀ွက္ဆန္းၾကယ္ကာလအျဖစ္ ေျပာင္းလဲျပလိုက္ပါတယ္။
ျပင္သစ္ႏိုင္ငံမွာ က်င္းပေနတဲ့ တူလန္လူငယ္ဖိတ္ေခၚၿပိဳင္ပြဲမွာ
ထင္ေပၚေက်ာ္ၾကားေနတဲ့ ဂါနာခ်ိဳေၾကာင့္
ယူႏိုက္တက္ပရိသတ္ေတြလည္း ရာသီသစ္အတြက္

အခုကတည္းက ႀကိဳတင္စိတ္လႈပ္ရွားေနၾကပါတယ္။
အသက္ ၁၇ ႏွစ္အရြယ္ရွိ ဂါနာခ်ိဳဟာ
အိမ္ရွင္အသင္းနဲ႔ ကစားခဲ့တဲ့ပဲြမွာ ဧရိယာထိပ္ကေန
ျပစ္ဒဏ္ေဘာကို တိုက္႐ိုက္ကန္သြင္းသြားတာျဖစ္ၿပီး
ေနာက္တစ္ဂိုးပါ သြင္းယူႏိုင္ခဲ့ေပမယ့္

အာဂ်င္တီးနား ယူ ၂၀ အသင္းကေတာ့
ျပင္သစ္ ယူ၂၀ အသင္းကို ၆-၂ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ယူႏိုက္တက္ပရိသတ္ေတြကေတာ့
တူလန္ၿပိဳင္ပြဲမွာ ၃ဂိုးအထိ သြင္းယူထားတဲ့
ဂါနာခ်ိဳရဲ႕ေျခစြမ္းအေပၚ အေတာ္ေလးသေဘာက်ေနပါတယ္။

”ဂါနာခ်ိဳဟာ ထိပ္တန္းအဆင့္
ေရာက္ဖို႔ လမ္းေၾကာင္းမွန္ေပၚမွာပါ”
”သူ႕ရဲ႕တစ္သမတ္တည္းရွိတဲ့ေျခစြမ္းက
တစ္ေယာက္ေယာက္ကို သတိရမိသြားေစတယ္”
”ဒီကေလးက ထူးရွယ္ပဲ”

”ရာသီသစ္က်ရင္ ပထမအသင္းမွာ
သူ႕ကို ျမင္ေတြ႕ခြင့္ရဖို႔ လုံေလာက္ေနပါၿပီ”
”ဂါနာခ်ိဳ ဂိုးမသြင္းႏိုင္ဖို႔ တားႏိုင္မယ့္သူ
မရွိေတာ့ဘူး၊ သိပ္လန္းတဲ့ဖရီးကစ္ပဲ”လို႔
ယူႏိုက္တက္ပရိသတ္ေတြက ေရးသားခဲ့ပါတယ္။

ဂါနာခ်ိဳဟာ ဒီရာသီမွာ ယူႏိုက္တက္ ယူ၁၈အသင္းနဲ႔အတူ
လူငယ္အက္ဖ္ေအဖလား ရယူႏိုင္ခဲ့ၿပီး ေနာ္တင္ဟမ္ကို
အႏိုင္ရခဲ့တဲ့ ဗိုလ္လုပြဲမွာလည္း ၂ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။
၂၀၂၀ ခုႏွစ္က အက္သလက္ကေန
ေရာက္လာခဲ့တဲ့ ဂါနာခ်ိဳဟာ ဗင္နီဇြဲလား၊

အီေကြေဒါတို႔နဲ႔ ကစားခဲ့တဲ့ ေျခစစ္ပြဲေတြအတြက္
အာဂ်င္တီးနားအသင္းရဲ႕ ၄၄ဦးပါ
လူစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း
ယူႏိုက္တက္အတြက္ သူ႕ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲအျဖစ္
ကစားခြင့္ရရွိခဲ့ပါတယ္။