အံ့ဖွယ်ဖရီးကစ်ဂိုးနဲ့ ဝေးလ်ကို ကမ္ဘာ့ဖလားမျှော်လင့်ချက် ဆက်လက်ရှင်သန်စေခဲ့တဲ့ ဂါရတ်ဘေးလ်

ဝေးလ်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ သြစတြီးယားနဲ့ပွဲမှာ

အကောင်းဆုံးဖရီးကစ်သွင်းယူရင်း ရွှေရောင်နေ့ရက်တွေကို
ပြန်လည်ဖန်တီးခဲ့သလို အသင်းကလည်း ကမ္ဘာ့ဖလား
ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ပိုမိုတောက်ပလာပါတယ်။
လက်ရှိအချိန်မှာ ဘေးလ်ဟာ ကလပ်အသင်းကစားသမားထက်
လက်ရွေးစင်ကစားသမားအဖြစ်ပဲ မျှော်လင့်နေနိုင်ပြီး

ရီးရဲလ်မှာ အတော်လေးရုန်းကန်နေရပါတယ်။
ဒါပေမဲ့ ဘေးလ်ဟာ ဝေးလ်အတွက် ကစားခွင့်ရတဲ့အချိန်မှာတော့
တစ်ချိန်တုန်းက ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမား
ုဖြစ်ခဲ့မှုရဲ့အဖြေကို အကောင်းဆုံးသက်သေပြလျက်ရှိပါတယ်။
မနေ့ညကလည်း သူဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs

ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သြစတြီးယားကို ဧည့်ခံခဲ့တဲ့
ပွဲစဉ်မှာလည်း အဲဒီအဖြစ်ကို ဆက်လက်သက်သေပြခဲ့ပြီး
သြစတြီးယားကို ၂-၁ ဂိုးနဲ့အနိုင်ရခဲ့ရာမှာ ဝေးလ်အတွက်
၂ ဂိုးစလုံးသွင်းယူကာ အသင်းကို နောက်ဆုံးအဆင့်ရောက်ရှိစေခဲ့ပါတယ်။
အထူးသဖြင့် ပွဲချိန် ၂၅ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့

ဖရီးကစ်က အားလုံးကို ရင်သပ်ရှုမောဖြစ်စေခဲ့ပါတယ်။
ဂိုးနဲ့ ကိုက် ၂ ၀ အကွာမှာ တိုက်စစ်မှူးဟယ်ရီဝီလ်ဆင်
ဥပဒေပကစားခံရလို့ ရလာတဲ့ ဖရီးကစ်ကို
ဘေးလ်က ဂိုးသမားရဲ့ ဘယ်ဘက်အပေါ်ထောင့်ထဲ
ဘယ်ခြေနဲ့ လှလှပပကန်သွင်းလိုက်တာဖြစ်ပြီး

သြစတြီးယားဂိုးသမားဆိုရင် ဒိုင်ဗင်တောင် ပစ်ချိန်
မရလိုက်ဘဲ ဂိုးသွားတာကိုသာ ငေးကြည့်နေခဲ့ရပါတယ်။
ပရိသတ်တွေကလည်း လူမှုမီဒီယာမှာ
ဘေးလ်ရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ မှတ်ချက်တွေရေးသားခဲ့ကြပါတယ်။
”တကယ်လို့ ဒီဂိုးကို သြစတြီးယားဂိုးသမားဆီ

ဗီဒီယိုဖိုင်ပို့ပြီး ပြန်ဖမ်းခိုင်းရင်လည်း ဘာမှထူးလာမှာမဟုတ်ပါဘူး”
”ရော်နယ်ဒို ၁၄ နှစ်တိုင်တိုင် ဂိုးသွင်းဖို့ ကြိုးစားလာတဲ့ပုံစံကို
ဘေးလ်က အသာလေးသွင်းပြလိုက်တာပါ”လို့
ပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။
ဘေးလ်ဟာ ၂၀၁၃ နွေရာသီက စပါးကနေ

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး(ထိုစဉ်က)နဲ့ ရီးရဲလ်ကို
ရောက်လာပြီးနောက် အသင်းနဲ့အတူ ဆုဖလား ၁၄လုံးအထိ
ရယူထားပြီး အဲဒီထဲမှာ အများစုက အဓိကကနေရာကနေ ပါဝင်ခဲ့တာပါ။
သူဟာ လီဗာပူးနဲ့ ဘာစီလိုနာတို့ကို အနိုင်ရခဲ့တဲ့
ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ စပိန်ဘုရင့်ဖလားဗိုလ်လုပွဲတွေမှာ

ဂိုးတွေသွင်းယူခဲ့ပေမယ့် ရီးရဲလ်ပရိသတ်တွေကတော့
ပြီးခဲ့ဲတဲ့နှစ်အနည်းငယ်အတွင်း ဘေးလ်ကို ဝေဖန်ခဲ့ကြပါတယ်။

Zawgyi

အ့ံဖြယ္ဖရီးကစ္ဂိုးနဲ႔ ေ၀းလ္ကို ကမၻာ့ဖလားေမွ်ာ္လင့္ခ်က္ ဆက္လက္ရွင္သန္ေစခဲ့တဲ့ ဂါရတ္ေဘးလ္
ေ၀းလ္အသင္းေခါင္းေဆာင္ ဂါရတ္ေဘးလ္ဟာ ၾသစႀတီးယားနဲ႔ပြဲမွာ
အေကာင္းဆုံးဖရီးကစ္သြင္းယူရင္း ေရႊေရာင္ေန႔ရက္ေတြကို
ျပန္လည္ဖန္တီးခဲ့သလို အသင္းကလည္း ကမၻာ့ဖလား
ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ခ်က္ပိုမိုေတာက္ပလာပါတယ္။

လက္ရွိအခ်ိန္မွာ ေဘးလ္ဟာ ကလပ္အသင္းကစားသမားထက္
လက္ေရြးစင္ကစားသမားအျဖစ္ပဲ ေမွ်ာ္လင့္ေနႏုိင္ၿပီး
ရီးရဲလ္မွာ အေတာ္ေလးရုန္းကန္ေနရပါတယ္။
ဒါေပမဲ့ ေဘးလ္ဟာ ေ၀းလ္အတြက္ ကစားခြင့္ရတဲ့အခ်ိန္မွာေတာ့
တစ္ခ်ိန္တုန္းက ကမၻာ့တန္ဖိုးအႀကီးဆုံးကစားသမား

ုျဖစ္ခဲ့မႈရဲ႕အေျဖကို အေကာင္းဆုံးသက္ေသျပလ်က္ရွိပါတယ္။
မေန႔ညကလည္း သူဟာ ကမၻာ့ဖလားေျခစစ္ပြဲ Play-offs
ဆီမီးဖုိင္နယ္ပြဲစဥ္အျဖစ္ ၾသစႀတီးယားကို ဧည့္ခံခဲ့တဲ့
ပြဲစဥ္မွာလည္း အဲဒီအျဖစ္ကို ဆက္လက္သက္ေသျပခဲ့ၿပီး
ၾသစႀတီးယားကို ၂-၁ ဂိုးနဲ႔အႏိုင္ရခဲ့ရာမွာ ေ၀းလ္အတြက္

၂ ဂိုးစလုံးသြင္းယူကာ အသင္းကို ေနာက္ဆုံးအဆင့္ေရာက္ရွိေစခဲ့ပါတယ္။
အထူးသျဖင့္ ပြဲခ်ိန္ ၂၅ မိနစ္မွာ သြင္းယူခဲ့တဲ့ ဂါရတ္ေဘးလ္ရဲ႕
ဖရီးကစ္က အားလုံးကို ရင္သပ္ရႈေမာျဖစ္ေစခဲ့ပါတယ္။
ဂိုးနဲ႔ ကိုက္ ၂ ၀ အကြာမွာ တုိက္စစ္မွဴးဟယ္ရီ၀ီလ္ဆင္
ဥပေဒပကစားခံရလုိ႔ ရလာတဲ့ ဖရီးကစ္ကို

ေဘးလ္က ဂိုးသမားရဲ႕ ဘယ္ဘက္အေပၚေထာင့္ထဲ
ဘယ္ေျခနဲ႔ လွလွပပကန္သြင္းလုိက္တာျဖစ္ၿပီး
ၾသစႀတီးယားဂိုးသမားဆုိရင္ ဒိုင္ဗင္ေတာင္ ပစ္ခ်ိန္
မရလိုက္ဘဲ ဂိုးသြားတာကိုသာ ေငးၾကည့္ေနခဲ့ရပါတယ္။
ပရိသတ္ေတြကလည္း လူမႈမီဒီယာမွာ

ေဘးလ္ရဲ႕သြင္းဂိုးနဲ႔ပတ္သက္လုိ႔ မွတ္ခ်က္ေတြေရးသားခဲ့ၾကပါတယ္။
”တကယ္လုိ႔ ဒီဂိုးကို ၾသစႀတီးယားဂိုးသမားဆီ
ဗီဒီယိုဖုိင္ပို႔ၿပီး ျပန္ဖမ္းခိုင္းရင္လည္း ဘာမွထူးလာမွာမဟုတ္ပါဘူး”
”ေရာ္နယ္ဒို ၁၄ ႏွစ္တုိင္တိုင္ ဂိုးသြင္းဖို႔ ႀကိဳးစားလာတဲ့ပုံစံကို
ေဘးလ္က အသာေလးသြင္းျပလုိက္တာပါ”လုိ႔

ပရိသတ္ေတြက အသီးသီးေရးသားခဲ့ၾကပါတယ္။
ေဘးလ္ဟာ ၂၀၁၃ ေႏြရာသီက စပါးကေန
ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က)နဲ႔ ရီးရဲလ္ကို
ေရာက္လာၿပီးေနာက္ အသင္းနဲ႔အတူ ဆုဖလား ၁၄လုံးအထိ
ရယူထားၿပီး အဲဒီထဲမွာ အမ်ားစုက အဓိကကေနရာကေန ပါ၀င္ခဲ့တာပါ။

သူဟာ လီဗာပူးနဲ႔ ဘာစီလုိနာတို႔ကို အႏိုင္ရခဲ့တ့ဲ
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲနဲ႔ စပိန္ဘုရင့္ဖလားဗိုလ္လုပြဲေတြမွာ
ဂိုးေတြသြင္းယူခဲ့ေပမယ့္ ရီးရဲလ္ပရိသတ္ေတြကေတာ့
ၿပီးခဲ့ဲတဲ့ႏွစ္အနည္းငယ္အတြင္း ေဘးလ္ကို ေ၀ဖန္ခဲ့ၾကပါတယ္။