အံ့ဖွယ်ထောင့်ဖြတ်ဘောနဲ့ ဂိုးဖန်တီးမှုပြုလုပ်သွားတဲံ ၃၈ နှစ်သားကြီး အဲလ်ဗက်စ်

ဘာစီလိုနာညာနောက်ခံလူ အဲလ်ဗက်စ်ဟာ
လာလီဂါတစ်ကျော့ပြန်ပွဲမှာ အံ့ဖွယ်ထောင့်ဖြတ်ဘောနဲ့အတူ
ဂိုးဖန်တီးမှုပြုလုပ်ရင်း အားလုံးကို မင်တက်သွားစေခဲ့ပါတယ်။
ဘရာဇီးသား အဲလ်ဗက်စ်ဟာ ဆော်ပေါ်လိုနဲ့
စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် ဘာစီလိုနာကို
ပြန်ရောက်လာတာဖြစ်ပြီး စပိန်ဘုရင့်ဖလားပွဲမှာ
ပထမဆုံးပြန်လည်ပွဲဦးထွက်ကစားခဲ့ပါတယ်။


သူဟာ ဂရန်နာဒါနဲ့ ၁-၁ ဂိုးသရေကျခဲ့တဲ့ပွဲမှာလည်း
ဘာစီလိုနာအတွက် ဒုတိယမြောက်လိဂ်ပွဲဦးထွက်အဖြစ်
ပါဝင်ကစားခဲ့ပြီး အသက် ၃၈ နှစ်အရွယ်ရှိနေပြီဖြစ်ပေမယ့်
တိုက်စစ်မှူး လုခ်ဒီဂျောင် ခေါင်းတိုက်သွင်းယူဖို့အတွက်
တိကျတဲ့ ဖြတ်တင်ဘော ပေးပို့နိုင်ခဲ့ပါတယ်။


လက်ရှိဘောလုံးလောကမှာ အာနိုးလ်နဲ့ ကန်ဆယ်လိုတို့က
တိုက်စစ်အားသန် ညာနောက်ခံလူတွေအဖြစ်
သတ်မှတ်ခံထားရပေမယ့် အဲလ်ဗက်စ်ကလည်း
တစ်ခေတ်တစ်ခါက သူ့နေရာမှာ
အကောင်းဆုံးအဖြစ် တင်စားခံခဲ့ရသူဖြစ်ပြီး
အခုလည်း အဲလ်ဗက်စ်ရဲ့အကောင်းဆုံးပုံစံကို
ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။