အဲရစ်ဆင် ပုံဖော်ဖန်တီးလိုက်တဲ့ ယခုရာသီရဲ့အကောင်းဆုံးဖြစ်ရပ်တစ်ခု

ယခုရာသီရဲ့အကောင်းဆုံးဖြစ်ရပ်တစ်ခုအဖြစ် ဒိန်းမတ်ကွင်းလယ်လူ

အဲရစ်ဆင်ဟာ လက်ရွေးစင်ကစားသမားဘဝ
ပထမဆုံးပြန်ကစားတဲ့ပွဲမှာ တစ်မိနစ်မပြည့်ခင်မှာပဲ
ဂိုးပါသွင်းယူရင်း အမှတ်တရတွေ ဖန်တီးနိုင်ခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ
ယူရို ၂၀၂၀ ပြိုင်ပွဲကာလအတွင်း နှလုံးရောဂါကြောင့်

ကွင်းထဲ လဲကျသတိလစ်ခဲ့ရပြီးနောက်
၈လအကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ကစားခွင့်ရခဲ့တာဖြစ်ပြီး
သူ့နိုင်ငံအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ပါတယ်။
အချက်အလက်တွေအရ ပြောရမယ်ဆိုရင်တော့
အဲရစ်ဆင်ဟာ နယ်သာလန်ကို ၄-၂ ဂိုးနဲ့

အရေးနိမ့်ခဲ့တဲ့ခြေစမ်းပွဲမှာ လူစားဝင်လာပြီးနောက်
ပထမဆုံးထိချက်ကနေ အသင်းအတွက် ၃-၂ ဂိုးဖြစ်စေမယ့်
ဒုတိယမြောက်ချေပဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဲရစ်ဆင်ဟာ ဒုတိယပိုင်းပြန်အစမှာ ကွင်းလယ်လူ
လင်းစထရွန်းအစား ဝင်ကစားခဲ့တာဖြစ်ပြီး

ပြိုင်ဘက် နယ်သာလန်နည်းပြ ဗန်ဟားလ်အပါအဝင်
ဂျိုဟန်ခရိုက်ဖ်ကွင်းအတွင်း အားလုံးက လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။
အသက် ၃၀ အရွယ်ရှိ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့လက
ဘရန့်ဖို့ဒ်အသင်းကို ရောက်လာပြီးနောက် ယူရို ၂၀၂၀ပြိုင်ပွဲနောက်ပိုင်း
ပထမဆုံးအကြိမ် ပြန်ကစားနိုင်ခဲ့ရာမှာလည်း

ပရိသတ်တွေက သောင်းသောင်းဖြဖြကြိုဆိုအားပေးခဲ့ကြပါတယ်။
သူဟာ နယူးကာဆယ်နဲ့ပွဲမှာ ပွဲချိန် ၅၂ မိနစ်အရောက်
လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပြိုင်ဘက်နယူးကာဆယ်ကစားသမားတွေလည်း
ကွင်းထဲမှာ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

Zawgyi

အဲရစ္ဆင္ ပုံေဖာ္ဖန္တီးလုိက္တဲ့ ယခုရာသီရဲ႕အေကာင္းဆုံးျဖစ္ရပ္တစ္ခု
ယခုရာသီရဲ႕အေကာင္းဆုံးျဖစ္ရပ္တစ္ခုအျဖစ္ ဒိန္းမတ္ကြင္းလယ္လူ
အဲရစ္ဆင္ဟာ လက္ေရြးစင္ကစားသမားဘ၀

ပထမဆုံးျပန္ကစားတဲ့ပြဲမွာ တစ္မိနစ္မျပည့္ခင္မွာပဲ
ဂိုးပါသြင္းယူရင္း အမွတ္တရေတြ ဖန္တီးႏိုင္ခဲ့ပါတယ္။
ဘရန္႔ဖုိ႔ဒ္ကြင္းလယ္လူ အဲရစ္ဆင္ဟာ
ယူရို ၂၀၂၀ ၿပိဳင္ပြဲကာလအတြင္း ႏွလုံးေရာဂါေၾကာင့္
ကြင္းထဲ လဲက်သတိလစ္ခဲ့ရၿပီးေနာက္

၈လအၾကာမွာ ပထမဆုံးအႀကိမ္ ျပန္လည္ကစားခြင့္ရခဲ့တာျဖစ္ၿပီး
သူ႕ႏိုင္ငံအတြက္ အေကာင္းဆုံးလုပ္ေဆာင္ႏိုင္ခဲ့ပါတယ္။
အခ်က္အလက္ေတြအရ ေျပာရမယ္ဆိုရင္ေတာ့
အဲရစ္ဆင္ဟာ နယ္သာလန္ကို ၄-၂ ဂိုးနဲ႔
အေရးနိမ့္ခဲ့တဲ့ေျခစမ္းပြဲမွာ လူစား၀င္လာၿပီးေနာက္

ပထမဆုံးထိခ်က္ကေန အသင္းအတြက္ ၃-၂ ဂိုးျဖစ္ေစမယ့္
ဒုတိယေျမာက္ေခ်ပဂိုး သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။
အဲရစ္ဆင္ဟာ ဒုတိယပိုင္းျပန္အစမွာ ကြင္းလယ္လူ
လင္းစထရြန္းအစား ၀င္ကစားခဲ့တာျဖစ္ၿပီး
ၿပိဳင္ဘက္ နယ္သာလန္နည္းျပ ဗန္ဟားလ္အပါအ၀င္

ဂ်ိဳဟန္ခရိုက္ဖ္ကြင္းအတြင္း အားလုံးက လက္ခုပ္တီးအားေပးခဲ့ၾကပါတယ္။
အသက္ ၃၀ အရြယ္ရွိ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့လက
ဘရန္႔ဖုိ႔ဒ္အသင္းကို ေရာက္လာၿပီးေနာက္ ယူရို ၂၀၂၀ၿပိဳင္ပဲြေနာက္ပိုင္း
ပထမဆုံးအႀကိမ္ ျပန္ကစားႏုိင္ခဲ့ရာမွာလည္း
ပရိသတ္ေတြက ေသာင္းေသာင္းျဖျဖႀကိဳဆုိအားေပးခ့ဲၾကပါတယ္။

သူဟာ နယူးကာဆယ္နဲ႔ပြဲမွာ ပြဲခ်ိန္ ၅၂ မိနစ္အေရာက္
လူစား၀င္ကစားခဲ့တာျဖစ္ၿပီး ၿပိဳင္ဘက္နယူးကာဆယ္ကစားသမားေတြလည္း
ကြင္းထဲမွာ လက္ခုပ္တီးအားေပးခဲ့ၾကပါတယ္။