အဲရစ်ဆင်ရဲ့စနိုက်ပါပေးပို့မှု၊ ရက်ရှ်ဖို့ဒ်ရဲ့ရာပြည့်သွင်းဂိုး၊ ဒီဂီယာရဲ့စူပါလက်စွမ်းတွေ နဲ့အတူ အိုးလ်ထရက်ဖို့ဒ်မှာ အမှတ်ပြည့်ရယူနိုင်ခဲ့တဲ့ ယူနိုက်တက်

နည်းပြတန်ဟတ်ဟာ ရှရစ်ဖ်ကို ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်က လူစာရင်းကို ၄ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

ဗဟိုခံစစ်မှာ ဒဏ်ရာသက်သာလာတဲ့ မက်ဂွိုင်းယားကို မာတီနက်ဇ်နဲ့တွဲဖက်ခဲ့ပြီး ဘယ်တောင်ပံခံစစ်မှာလုခ်ရှောပါဝင်ခဲ့သလို

တိုက်စစ်မှာတော့ ရော်နယ်ဒိုနဲ့အတူ ရက်ရှ်ဖို့ဒ်နဲ့ အီလန်ဂါတို့ပွဲထွက်ကစားသွားခဲ့ပါတယ်။

ဝက်စ်ဟမ်းကို ဒုတိယအကြိမ်ပြန်လည်တာဝန်ယူခဲ့ပြီးနောက်ပိုင်း ထိပ်သီး ၆သင်းစာရင်းဝင်တွေရဲ့ အိမ်ကွင်းမှာတစ်ပွဲမှအနိုင်မရထားတဲ့

မိုယက်စ်ကတော့ အတောင့်တင်းဆုံးလူစာရင်းကိုအသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဘိုဝင်၊ ဘန်ရာမာနဲ့ ဆကာမက်ကာတို့ပါဝင်ခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်ဝန်းကျင်လောက်မှာ ရက်ရှ်ဖို့ဒ် ဂိုးရနိုင်လောက်တဲ့အခွင့်အရေး ၂ကြိမ်ရခဲ့ပေမဲ့

ပထမဆုံးကန်ချက်က ပြိုင်ဘက်နဲ့ ထိပြီး ဂိုးဘားပေါ်ကျော်တက်ခဲ့သလို ခေါင်းတိုက်ချက်ကိုလည်း ဂိုးသမားဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ဘန်ရာမာက မန်ယူခံစစ်ကိုခြိမ်းခြောက်ခဲ့ပေမဲ့ ထိရောက်တဲ့ပုံစံအထိမရှိခဲ့ပါဘူး။

ပွဲချိန် ၃၈ မိနစ် အရောက်မှာတော့ အဲရစ်ဆင်ရဲ့တိကျလွန်းတဲ့ဖြတ်တင်ဘောကို ရက်ရှ်ဖို့ဒ်ကအလိုက်သင့်ခေါင်းတိုက်ပြီး

ယူနိုက်တက်အတွက် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီသွင်းဂိုးကတော့ ရက်ရှ်ဖို့ဒ်ရဲ့ သရဲနီကစားသမားဘ၀ ရာပြည့်သွင်းဂိုး(၁၀၀ ဂိုးမြောက်) ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှတော့ မိုယက်စ်ဟာ ဆကာမက်ကာ​ နေရာမှာတိုးအားပိုကောင်းတဲ့ အန်တိုနီယိုကိုထည့်သွင်းခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ပေးပို့မှုကို ရော်နယ်ဒိုအပြင်းကန်သွင်းပေမဲ့ ဂိုးပေါက် လွဲချော်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ တန်ဟတ်ဟာ နည်းစနစ်ပိုင်းလူစားလဲမှု အဖြစ် အီလန်ဂါနေရာမှာ တွမ်မီနေးကိုထည့်သွင်းခဲ့သလို

အဲရစ်ဆင်ကို ဖရက်ဒ်နဲ့ လူစားလဲခဲ့ပါတယ်။ ပွဲချိန်မိနစ် ၈၀ကျော်မှာ ဝက်စ်ဟမ်းတိုက်စစ်အသက်ဝင်လာခဲ့ပြီး

ဒီဂီယာလက်စွမ်းပြနိုင်လို့သာ မန်ယူသက်သာရာရခဲ့တာဖြစ်တယ်။

အန်တိုနီယိုရဲ့အပြင်းကန်ချက်အပါအဝင် ဇူးမားရဲ့ခေါင်းတိုက်ချက်ကို ကာကွယ်ခဲ့တဲ့ စပိန်ဂိုးသမားလက်စွမ်းက အံ့မခန်းဖြစ်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဝက်စ်ဟမ်းတိုက်စစ်ကကြောက်စရာကောင်း ခဲ့ပြီး နာကျင်အချိန်ပိုမှာ ဒီကလန်ရိုက်စ်ရဲ့ အပြင်းကန်ချက်ကို

လက်စွမ်းပြကာကွယ် ခဲ့တဲ့ ဒီဂီယာကတော့ ဒီပွဲစဉ်ရဲ့သူရဲကောင်းလို့တောင်ဆိုနိုင်ပါတယ်။

zawgyi

အဲရစ္ဆင္ရဲ႕စႏိုက္ပါေပးပို႔မႈ၊ ရက္ရွ္ဖို႔ဒ္ရဲ႕ရာျပည့္သြင္းဂိုး၊

ဒီဂီယာရဲ႕စူပါလက္စြမ္းေတြ နဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္မွာ အမွတ္ျပည့္ရယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္

နည္းျပတန္ဟတ္ဟာ ရွရစ္ဖ္ကို ၃ဂိုးျပတ္အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္က လူစာရင္းကို ၄ဦးအထိ အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။

ဗဟိုခံစစ္မွာ ဒဏ္ရာသက္သာလာတဲ့ မက္ဂြိဳင္းယားကို မာတီနက္ဇ္နဲ႔တြဲဖက္ခဲ့ၿပီး ဘယ္ေတာင္ပံခံစစ္မွာလုခ္ေရွာပါဝင္ခဲ့သလို

တိုက္စစ္မွာေတာ့ ေရာ္နယ္ဒိုနဲ႔အတူ ရက္ရွ္ဖို႔ဒ္နဲ႔ အီလန္ဂါတို႔ပြဲထြက္ကစားသြားခဲ့ပါတယ္။

ဝက္စ္ဟမ္းကို ဒုတိယအႀကိမ္ျပန္လည္တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ထိပ္သီး ၆သင္းစာရင္းဝင္ေတြရဲ႕ အိမ္ကြင္းမွာတစ္ပြဲမွအႏိုင္မရထားတဲ့

မိုယက္စ္ကေတာ့ အေတာင့္တင္းဆုံးလူစာရင္းကိုအသုံးျပဳခဲ့ၿပီး တိုက္စစ္မွာ ဘိုဝင္၊ ဘန္ရာမာနဲ႔ ဆကာမက္ကာတို႔ပါဝင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္ဝန္းက်င္ေလာက္မွာ ရက္ရွ္ဖို႔ဒ္ ဂိုးရႏိုင္ေလာက္တဲ့အခြင့္အေရး ၂ႀကိမ္ရခဲ့ေပမဲ့

ပထမဆုံးကန္ခ်က္က ၿပိဳင္ဘက္နဲ႔ ထိၿပီး ဂိုးဘားေပၚေက်ာ္တက္ခဲ့သလို ေခါင္းတိုက္ခ်က္ကိုလည္း ဂိုးသမားေဖဘီယန္စကီး ကာကြယ္ႏိုင္ခဲ့ပါတယ္။

အဲ့ဒီေနာက္ပိုင္းမွာေတာ့ ဘန္ရာမာက မန္ယူခံစစ္ကိုၿခိမ္းေျခာက္ခဲ့ေပမဲ့ ထိေရာက္တဲ့ပုံစံအထိမရွိခဲ့ပါဘူး။

ပြဲခ်ိန္ ၃၈ မိနစ္ အေရာက္မွာေတာ့ အဲရစ္ဆင္ရဲ႕တိက်လြန္းတဲ့ျဖတ္တင္ေဘာကို ရက္ရွ္ဖို႔ဒ္ကအလိုက္သင့္ေခါင္းတိုက္ၿပီး

ယူႏိုက္တက္အတြက္ အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

ဒီသြင္းဂိုးကေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ သရဲနီကစားသမားဘ၀ ရာျပည့္သြင္းဂိုး(၁၀၀ ဂိုးေျမာက္) ျဖစ္ခဲ့ပါတယ္။

ဒုတိယပိုင္းမွေတာ့ မိုယက္စ္ဟာ ဆကာမက္ကာ​ ေနရာမွာတိုးအားပိုေကာင္းတဲ့ အန္တိုနီယိုကိုထည့္သြင္းခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ေပးပို႔မႈကို ေရာ္နယ္ဒိုအျပင္းကန္သြင္းေပမဲ့ ဂိုးေပါက္ လြဲေခ်ာ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာေတာ့ တန္ဟတ္ဟာ နည္းစနစ္ပိုင္းလူစားလဲမႈ အျဖစ္ အီလန္ဂါေနရာမွာ တြမ္မီေနးကိုထည့္သြင္းခဲ့သလို

အဲရစ္ဆင္ကို ဖရက္ဒ္နဲ႔ လူစားလဲခဲ့ပါတယ္။ ပြဲခ်ိန္မိနစ္ ၈၀ေက်ာ္မွာ ဝက္စ္ဟမ္းတိုက္စစ္အသက္ဝင္လာခဲ့ၿပီး

ဒီဂီယာလက္စြမ္းျပႏိုင္လို႔သာ မန္ယူသက္သာရာရခဲ့တာျဖစ္တယ္။

အန္တိုနီယိုရဲ႕အျပင္းကန္ခ်က္အပါအဝင္ ဇူးမားရဲ႕ေခါင္းတိုက္ခ်က္ကို ကာကြယ္ခဲ့တဲ့ စပိန္ဂိုးသမားလက္စြမ္းက အံ့မခန္းျဖစ္ခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ဝက္စ္ဟမ္းတိုက္စစ္ကေၾကာက္စရာေကာင္း ခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာ ဒီကလန္႐ိုက္စ္ရဲ႕ အျပင္းကန္ခ်က္ကို

လက္စြမ္းျပကာကြယ္ ခဲ့တဲ့ ဒီဂီယာကေတာ့ ဒီပြဲစဥ္ရဲ႕သူရဲေကာင္းလို႔ေတာင္ဆိုႏိုင္ပါတယ္။