အဲရစ်ဆင်ကို အလွတ်နဲ့ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ ယူနိုက်တက်နည်းပြတန်ဟတ်

ယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ ယခုနွေရာသီအတွင်း

ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အဲရစ်ဆင်ဟာ ယခုလအကုန်မှာ
ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာဖြစ်ပြီး တန်ဟတ်ကလည်း
အသင်းရဲ့ကွင်းလယ်ကို အင်အားဖြည့်တင်းလိုနေပါတယ်။

တန်ဟတ်ဟာ ယခုနွေရာသီအတွင်း
ကစားသမားသစ် ၆ဦးအထိ
ခေါ်ယူဖွယ်ရှိနေပြီး
ဘရန့်ဖိုဒ်မှာ အဲရစ်ဆင်ရဲ့
အရေးပါပုံကို သဘောကျနေပါတယ်။

ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းက
တန်ဟတ်ရဲ့ ဦးစားပေးပစ်မှတ်ဖြစ်ပေမယ့်
တကယ်လို့ သူ့ကို မခေါ်နိုင်ရင်
အဲရစ်ဆင်ကို အစားထိုးခေါ်ယူဖို့
ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဒီယွန်းကို
ပေါင်သန်း ၇၀ ဝန်းကျင်နဲ့
ရောင်းချလိုပေမယ့် ကစားသမားဖြစ်သူကတော့
ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့
ဆန္ဒမရှိဖြစ်နေပါတယ်။

အဲရစ်ဆင်ကို ခေါ်ယူလိုနေတာ
ယူနိုက်တက်တစ်သင်းတည်းမဟုတ်ဘဲ
အဲဗာတန်နဲ့ အသင်းဟောင်း စပါးတို့ကလည်း
ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
အဲရစ်ဆင်ဟာ ဇန်နဝါရီလက ဘရန့်ဖို့ဒ်ကို

၆လစာချုပ်နဲ့ ရောက်လာပြီးနောက်
ပရီးမီးယားလိဂ် ၁၁ပွဲမှာ ၁ဂိုးသွင်းကာ
ဂိုးဖန်တီးမှု ၄ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး
ယူရို ၂၀၂၀ ပြိုင်ပွဲကာလအတွင်း နှလုံးရောဂါကြောင့်
ကွင်းအတွင်း သတိလစ်လဲကျခဲ့ပြီးနောက်

ပထမဆုံးအကြိမ် ပြိုင်ပွဲအသွင် ပြန်ကစားတာဖြစ်ပါတယ်။
တန်ဟတ်ဟာ အေဂျက်စ်နည်းပြအဖြစ်
တာဝန်ယူခဲ့စဉ်က အဲရစ်ဆင်ကို
အသင်းနဲ့အတူ ထရိန်နင်ဆင်းခွင့်ပေးခဲ့ပြီး
အဲဒီအချိန်ကတည်းက အဲရစ်ဆင်ရဲ့

စိတ်အားထက်သန်မှုအပေါ် သဘောကျခဲ့တာပါ။
အဲရစ်ဆင်ဟာ ဆယ်ကျော်သက်အရွယ်မှာ
အေဂျက်စ်ကို ရောက်လာခဲ့ပြီး
စပါးကို မပြောင်းခင် ၂၀၁၀ ကနေ ၂၀၁၃အထိ
အေဂျက်စ်မှာ ကစားခဲ့ပါတယ်။

သူဟာ စပါးမှာ အထူးခြေစွမ်းပြနိုင်ခဲ့ပြီး
၂၀၂၀ ဇန်နဝါရီမှာ အင်တာကို ရောက်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း
ကွင်းလယ်လူတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ မာတာ၊
လင်ဂတ်နဲ့ မာတစ်တို့အားလုံး အသင်းကနေ

ထွက်ခွာမှာဖြစ်လို့ ကွင်းလယ်ပိုင်း
အင်အားဖြည့်တင်းဖို့ အထူးလိုအပ်နေပါတယ်။

Zawgyi

အဲရစ္ဆင္ကို အလြတ္နဲ႔ေခၚယူဖို႔ စိတ္၀င္စားလာတဲ့ ယူႏိုက္တက္နည္းျပတန္ဟတ္
ယူႏိုက္တက္နည္းျပသစ္ တန္ဟတ္ဟာ ယခုေႏြရာသီအတြင္း
ဒိန္းမတ္ကြင္းလယ္လူ အဲရစ္ဆင္ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။
အဲရစ္ဆင္ဟာ ယခုလအကုန္မွာ
ဘရန္႔ဖို႔ဒ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မွာျဖစ္ၿပီး တန္ဟတ္ကလည္း
အသင္းရဲ႕ကြင္းလယ္ကို အင္အားျဖည့္တင္းလိုေနပါတယ္။
တန္ဟတ္ဟာ ယခုေႏြရာသီအတြင္း
ကစားသမားသစ္ ၆ဦးအထိ
ေခၚယူဖြယ္ရွိေနၿပီး

ဘရန္႔ဖိုဒ္မွာ အဲရစ္ဆင္ရဲ႕
အေရးပါပုံကို သေဘာက်ေနပါတယ္။
ဘာစီလိုနာကြင္းလယ္လူ ဖရန္ကီဒီယြန္းက
တန္ဟတ္ရဲ႕ ဦးစားေပးပစ္မွတ္ျဖစ္ေပမယ့္
တကယ္လို႔ သူ႕ကို မေခၚႏိုင္ရင္

အဲရစ္ဆင္ကို အစားထိုးေခၚယူဖို႔
ျပင္ဆင္ထားတာျဖစ္ပါတယ္။
ဘာစီလိုနာအသင္းက ဒီယြန္းကို
ေပါင္သန္း ၇၀ ၀န္းက်င္နဲ႔
ေရာင္းခ်လိုေပမယ့္ ကစားသမားျဖစ္သူကေတာ့

ယူႏိုက္တက္ကို ေျပာင္းေရႊ႕ဖို႔
ဆႏၵမရွိျဖစ္ေနပါတယ္။
အဲရစ္ဆင္ကို ေခၚယူလိုေနတာ
ယူႏိုက္တက္တစ္သင္းတည္းမဟုတ္ဘဲ
အဲဗာတန္နဲ႔ အသင္းေဟာင္း စပါးတို႔ကလည္း

ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။
အဲရစ္ဆင္ဟာ ဇန္နဝါရီလက ဘရန္႔ဖို႔ဒ္ကို
၆လစာခ်ဳပ္နဲ႔ ေရာက္လာၿပီးေနာက္
ပရီးမီးယားလိဂ္ ၁၁ပဲြမွာ ၁ဂိုးသြင္းကာ
ဂိုးဖန္တီးမႈ ၄ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကာလအတြင္း ႏွလုံးေရာဂါေၾကာင့္
ကြင္းအတြင္း သတိလစ္လဲက်ခဲ့ၿပီးေနာက္
ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲအသြင္ ျပန္ကစားတာျဖစ္ပါတယ္။
တန္ဟတ္ဟာ ေအဂ်က္စ္နည္းျပအျဖစ္
တာ၀န္ယူခဲ့စဥ္က အဲရစ္ဆင္ကို

အသင္းနဲ႔အတူ ထရိန္နင္ဆင္းခြင့္ေပးခဲ့ၿပီး
အဲဒီအခ်ိန္ကတည္းက အဲရစ္ဆင္ရဲ႕
စိတ္အားထက္သန္မႈအေပၚ သေဘာက်ခဲ့တာပါ။
အဲရစ္ဆင္ဟာ ဆယ္ေက်ာ္သက္အရြယ္မွာ
ေအဂ်က္စ္ကို ေရာက္လာခဲ့ၿပီး

စပါးကို မေျပာင္းခင္ ၂၀၁၀ ကေန ၂၀၁၃အထိ
ေအဂ်က္စ္မွာ ကစားခဲ့ပါတယ္။
သူဟာ စပါးမွာ အထူးေျခစြမ္းျပႏိုင္ခဲ့ၿပီး
၂၀၂၀ ဇန္နဝါရီမွာ အင္တာကို ေရာက္သြားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ယခုေႏြရာသီအတြင္း

ကြင္းလယ္လူေတြျဖစ္တဲ့ ေပါ့ဂ္ဘာ၊ မာတာ၊
လင္ဂတ္နဲ႔ မာတစ္တို႔အားလုံး အသင္းကေန
ထြက္ခြာမွာျဖစ္လို႔ ကြင္းလယ္ပိုင္း
အင္အားျဖည့္တင္းဖို႔ အထူးလိုအပ္ေနပါတယ္။