အဲရစ်ဆင်ကို လျှော့မတွက်ဖို့မှာလိုက်တဲ့ စပါးကစားသမားဟောင်း ဒေးဗီးစ်

အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားမယ့် အခုည ပွဲစဉ်မှာ မန်ယူရဲ့ ကမ္ဘာ့အဆင့် ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို လျှော့မတွက်ဖို့ စပါးနောက်ခံလူဟောင်း ဒေးဗီးစ်က သတိပေးလိုက်ပါတယ်။

စပါးဟာ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးသွားတဲ့အချိန်မှာ ရမှတ် ၂၃ မှတ် ရထားပြီး အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။

ဒါကြောင့် မန်ယူကို အနိုင်ရမယ်ဆိုရင် မန်စီးတီးကို ကျော်တက်ပြီး ရမှတ် ၂၆ မှတ်နဲ့ ဒုတိယနေရာကို သိမ်းပိုက်နိုင်မှာပါ။

ဒါဆိုရင် သူတို့ရဲ့ လန်ဒန်မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အမှတ်ပေးဇယားထိပ် ဆုံးက အာဆင်နယ်ကို တစ်မှတ်အကွာကနေပြီး ဖိအားပေးနိုင်တော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ မန်ယူနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမယ့်ပွဲစဉ်က စပါးအတွက် တကယ်ကို ခက်ခဲတဲ့ပွဲစဉ်ဖြစ်လာနိုင်တာပါ။

ရာသီစ ပွဲစဉ် ၂ ခုမှာ ယူနိုက်တက်ဟာ အရှက်တကွဲ အရှုံးရလဒ်တွေ ကြုံခဲ့ရပေမယ့် လက်ရှိအချိန် မှာတော့ ခြေမှန်နေပြီး နည်းပြတန်ဟတ်ရဲ့အသင်းဟာ စုဖွဲ့မှုကောင်းနေပါတယ်။

ဒါကြောင့် အခု ပွဲစဉ်မှာ စပါးအနေနဲ့ အာရုံအပြည့်စိုက်ထားဖို့ လိုအပ်ပြီး အဲရစ်ဆင်ကို သတိထားရမယ်လို့ ဒေးဗီးစ်က ဆိုပါတယ်။

‘’သူက ကမ္ဘာ့အဆင့် ကစားသမားပါ။ သူက ဘောလုံးနဲ့အတူ ရှိနေသမျှကာလပတ်လုံး သူ့မှာအချိန်လည်း ရှိနေသေးတယ်ဆိုရင် အဲဒီကောင်က အရမ်းကို အန္တရာယ်များလွန်းတယ်။

ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်းမှာ ကျွန်တော် သူ့ကို အနီးကပ်သေချာလေ့လာ စောင့်ကြည့်သွားပါမယ်။

ပြီးရင်တော့ သူ့ကို တားဆီးဖို့အတွက် နည်းလမ်းတစ်ခုနဲ့အတူ ပြန်လာခဲ့ပါမယ်’’ လို့ ဒေးဗီးစ်က ပြောသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ မန်ယူအသင်း ရလဒ်တွေကောင်းခဲ့တာဟာ ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ ကြီး မားတဲ့ အထောက်အပံ့ကောင်းတွေကြောင့် ဖြစ်ခဲ့တယ်ဆိုတာကို ဒေးဗီးစ်က ထောက်ပြ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

(Zawgyi)

(88) အဲရစ္ဆင္ကို ေလွ်ာ့မတြက္ဖို႔မွာလိုက္တဲ့ စပါးကစားသမားေဟာင္း ေဒးဗီးစ္
=============
အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးမွာ ယွဥ္ၿပိဳင္ကစားမယ့္ အခုည ပြဲစဥ္မွာ မန္ယူရဲ႕ ကမာၻ႔အဆင့္ ကြင္းလယ္ကစားသမား အဲရစ္ဆင္ကို ေလွ်ာ့မတြက္ဖို႔ စပါးေနာက္ခံလူေဟာင္း ေဒးဗီးစ္က သတိေပးလိုက္ပါတယ္။

စပါးဟာ ပရီးမီးယားလိဂ္ ၁၀ ပြဲ ကစားၿပီးသြားတဲ့အခ်ိန္မွာ ရမွတ္ ၂၃ မွတ္ ရထားၿပီး အဆင့္ ၃ ေနရာမွာ ရပ္တည္ေနတဲ့အသင္းျဖစ္ပါတယ္။

ဒါေၾကာင့္ မန္ယူကို အႏိုင္ရမယ္ဆိုရင္ မန္စီးတီးကို ေက်ာ္တက္ၿပီး ရမွတ္ ၂၆ မွတ္နဲ႔ ဒုတိယေနရာကို သိမ္းပိုက္ႏိုင္ မွာပါ။

ဒါဆိုရင္ သူတို႔ရဲ႕ လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္ျဖစ္တဲ့ အမွတ္ေပးဇယားထိပ္ ဆုံးက အာဆင္နယ္ကို တစ္မွတ္အကြာကေနၿပီး ဖိအားေပးႏိုင္ေတာ့မွာျဖစ္ ပါတယ္။

ဒါေပမဲ့ မန္ယူနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ ရင္ဆိုင္ရမယ့္ပြဲစဥ္က စပါး အတြက္ တကယ္ကို ခက္ခဲတဲ့ပြဲစဥ္ျဖစ္လာႏိုင္တာပါ။

ရာသီစ ပြဲစဥ္ ၂ ခုမွာ ယူႏိုက္တက္ဟာ အရွက္တကြဲ အရႈံးရလဒ္ေတြ ႀကဳံခဲ့ရေပမယ့္ လက္ရွိအခ်ိန္ မွာေတာ့ ေျခမွန္ေနၿပီး နည္းျပတန္ဟတ္ရဲ႕အသင္းဟာ စုဖြဲ႕မႈေကာင္းေနပါ တယ္။

ဒါေၾကာင့္ အခု ပြဲစဥ္မွာ စပါးအေနနဲ႔ အာ႐ုံအျပည့္စိုက္ထားဖို႔ လိုအပ္ၿပီး အဲရစ္ဆင္ကို သတိထားရမယ္လို႔ ေဒးဗီးစ္က ဆိုပါတယ္။ ‘’သူက ကမာၻ႔အဆင့္ ကစားသမားပါ။

သူက ေဘာလုံးနဲ႔ အတူ ရွိေနသမွ်ကာလပတ္ လုံး သူ႔မွာ အခ်ိန္လည္း ရွိေနေသးတယ္ဆိုရင္ အဲဒီေကာင္က အရမ္းကို အႏၲရာယ္မ်ားလြန္းတယ္။ ဒါေၾကာင့္ အသင္းတစ္သင္းအေနနဲ႔ လာမယ့္ ရက္ပိုင္းအတြင္းမွာ ကြၽန္ေတာ္ သူ႔ကို အနီးကပ္ေသခ်ာေလ့လာ ေစာင့္ၾကည့္ သြားပါမယ္။

ၿပီးရင္ေတာ့ သူ႔ကို တားဆီးဖို႔အတြက္ နည္းလမ္းတစ္ခုနဲ႔အတူ ျပန္လာခဲ့ပါမယ္’’ လို႔ ေဒးဗီးစ္က ေျပာသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္ေတြမွာ မန္ယူအသင္း ရလဒ္ေတြေကာင္းခဲ့တာဟာ ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ ႀကီး မားတဲ့ အေထာက္အပံ့ေကာင္းေတြေၾကာင့္ ျဖစ္ခဲ့တယ္ဆိုတာကို ေဒးဗီးစ္က ေထာက္ျပ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။