
မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ အဲဗာတန်နဲ့ပွဲစဉ်မှာ





ပြိုင်ဘက်နောက်ခံဘန်ဂေါ့ဖရေးနဲ့ အပြန်အလှန်ရိသဲ့သဲ့လုပ်ခဲ့ကြတဲ့
ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းမှာထွက်ပေါ်လာပါတယ်။ အီတီဟတ်မှာ





တစ်ဂိုးစီသရေကျခဲ့တာကြောင့် ဂွါဒီယိုလာရဲ့အသင်းဟာ
အဖိုးတန်ရမှတ်တွေဆုံးရှုံးခဲ့သလို ဟာလန်းအနေနဲ့လည်း
ပြိုင်ဘက်ကစားသမား မိုင်ကိုလန်ကို ကိုဘလိုင်းကြီးလျှောထိုးခဲ့ပြီး





ကံကောင်းလို့အနီကတ်နဲ့လွတ်ခဲ့တာဖြစ်တယ်။
ဒါ့အပြင် နော်ဝေသားဟာ ပွဲချိန်အတွင်းမှာ ဘန်ဂေါ့ဖရေးနားကပ်ပြီး





ရိသဲ့သဲ့လုပ်ခဲ့ပြန်ပါတယ်။ ကစားသမားနှစ်ယောက်ဟာ
အပြန်အလှန်ဖိအားပေးပြောဆိုမှုတွေလုပ်နေကြပြီး ဟာလန်းက
မျက်နှာကြီးရှုံ့မဲ့ကာ ပြိုင်ဘက်ကစားသမားကိုရယ်စရာပုံစံနဲ့





ပက်ပက်စက်စက်လှောင်ပြောင်နေခဲ့တာဖြစ်တယ်။
“ဟာလန်းက သူ့ဆရာပုံစံကိုဘာလို့အတုခိုးနေတာလဲ” လို့





ပရိသတ်တစ်ယောက်က ဂွါဒီယိုလာရဲ့မျက်နှာပေးနဲ့ဆင်တူကြောင်း
တွစ်တာမှာမှတ်ချက်ပေးခဲ့ပါတယ်။ ဒုတိယတစ်ယောက်ကတော့
“ဒါကတော့ ငါ့ကိုကြည်နူးစေတယ်” လို့ တုံ့ပြန်ခဲ့သလို





တတိယတစ်ယောက်က “ဂေါ့ဖရေးက လုံးဝကိုတောက်ပတယ်” လို့
ရေးသားခဲ့ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့





“မနေ့က ဒီကောင်စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းသွားတာကို
ငါသဘောကျတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဟာလန်းဟာ အဲဗာတန်နဲ့
ပွဲစဉ်မှာ ဒီရာသီပရီးမီးယားလိဂ် ၂၁ဂိုး မြောက်ကိုသွင်းယူနိုင်ခဲ့ပေမဲ့





အသင်းနိုင်ပွဲပျောက်ခဲ့ပြီး ဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၇မှတ်အထိ ကွာဟသွားခဲ့ပါတယ်။
zawgyi





အဲဗာတန္ေနာက္ခံလူဘန္ေဂါ့ဖေရးကို မ်က္ႏွာႀကီးရႈံ႕မဲ့ၿပီး ပက္ပက္စက္စက္ေလွာင္ေျပာင္ခဲ့တဲ့ ဟာလန္း
မန္စီးတီးတိုက္စစ္မႉးဟာလန္းဟာ အဲဗာတန္နဲ႔ပြဲစဥ္မွာ
ၿပိဳင္ဘက္ေနာက္ခံဘန္ေဂါ့ဖေရးနဲ႔ အျပန္အလွန္ရိသဲ့သဲ့လုပ္ခဲ့ၾကတဲ့





ဗီဒီယိုဖိုင္တစ္ခု အြန္လိုင္းမွာထြက္ေပၚလာပါတယ္။ အီတီဟတ္မွာ
တစ္ဂိုးစီသေရက်ခဲ့တာေၾကာင့္ ဂြါဒီယိုလာရဲ႕အသင္းဟာ





အဖိုးတန္ရမွတ္ေတြဆုံးရႈံးခဲ့သလို ဟာလန္းအေနနဲ႔လည္း
ၿပိဳင္ဘက္ကစားသမား မိုင္ကိုလန္ကို ကိုဘလိုင္းႀကီးေလွ်ာထိုးခဲ့ၿပီး
ကံေကာင္းလို႔အနီကတ္နဲ႔လြတ္ခဲ့တာျဖစ္တယ္။





ဒါ့အျပင္ ေနာ္ေဝသားဟာ ပြဲခ်ိန္အတြင္းမွာ ဘန္ေဂါ့ဖေရးနားကပ္ၿပီး
ရိသဲ့သဲ့လုပ္ခဲ့ျပန္ပါတယ္။ ကစားသမားႏွစ္ေယာက္ဟာ





အျပန္အလွန္ဖိအားေပးေျပာဆိုမႈေတြလုပ္ေနၾကၿပီး ဟာလန္းက
မ်က္ႏွာႀကီးရႈံ႕မဲ့ကာ ၿပိဳင္ဘက္ကစားသမားကိုရယ္စရာပုံစံနဲ႔
ပက္ပက္စက္စက္ေလွာင္ေျပာင္ေနခဲ့တာျဖစ္တယ္။





“ဟာလန္းက သူ႔ဆရာပုံစံကိုဘာလို႔အတုခိုးေနတာလဲ” လို႔
ပရိသတ္တစ္ေယာက္က ဂြါဒီယိုလာရဲ႕မ်က္ႏွာေပးနဲ႔ဆင္တူေၾကာင္း





တြစ္တာမွာမွတ္ခ်က္ေပးခဲ့ပါတယ္။ ဒုတိယတစ္ေယာက္ကေတာ့
“ဒါကေတာ့ ငါ့ကိုၾကည္ႏူးေစတယ္” လို႔ တုံ႔ျပန္ခဲ့သလို
တတိယတစ္ေယာက္က “ေဂါ့ဖေရးက လုံးဝကိုေတာက္ပတယ္” လို႔





ေရးသားခဲ့ပါတယ္။ ေနာက္ဆုံးတစ္ေယာက္ကေတာ့
“မေန႔က ဒီေကာင္စိတ္ပိုင္းဆိုင္ရာထိန္းခ်ဳပ္မႈအားနည္းသြားတာကို





ငါသေဘာက်တယ္” လို႔ တုံ႔ျပန္ခဲ့ပါတယ္။ ဟာလန္းဟာ အဲဗာတန္နဲ႔
ပြဲစဥ္မွာ ဒီရာသီပရီးမီးယားလိဂ္ ၂၁ဂိုး ေျမာက္ကိုသြင္းယူႏိုင္ခဲ့ေပမဲ့
အသင္းႏိုင္ပြဲေပ်ာက္ခဲ့ၿပီး ဇယားထိပ္ဆုံးက အာဆင္နယ္နဲ႔ ၇မွတ္အထိ ကြာဟသြားခဲ့ပါတယ္။




