အဲဗာတန်နည်းပြဖြစ်လာမယ့်အခွင့်အရေးကို မော်ရင်ညို ငြင်းဆန်ပယ်ချ

သတင်းတွေရဲ့ဖော်ပြချက်အရ ရိုးမးာအသင်းနည်းပြ

မော်ရင်ညိုဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့
ဘင်နီတက်ဇ်ရဲ့နေရာမှာ အစားဝင်မှုအဖြစ်
အဲဗာတန်နည်းပြဖြစ်လာမယ့် အခွင့်အရေးကို
ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အဲဗာတန်ဟာ ယာယီနည်းပြအဖြစ် ကစားသမားဟောင်း

ဒန်ကန်ဖာဂူဆန်ကို ခန့်အပ်ခဲ့ပေမယ့်
အမြဲတမ်းနည်းပြခန့်အပ်ဖို့ ရှာဖွေနေဆဲဖြစ်ပြီး
ဒါဘီအသင်းနည်းပြ ရွန်နီ၊ ချဲလ်ဆီးနည်းပြဟောင်း
လမ်းပတ်တို့နဲ့အတူ မော်ရင်ညိုလည်း ရေပန်းစားလာပါတယ်။


Sky Sports သတင်းဌာနရဲ့ဖော်ပြချက်အရ
အဲဗာတန်ဟာ မော်ရင်ညိုကို ခေါ်ယူနိုင်ရေးအတွက်
သူ့ရဲ့ကလပ် ရိုးမားထံ တရားဝင်မကမ်းလှမ်းရသေးပေမယ့်
အဲဒီလိုလုပ်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။

အသင်းပိုင်ရှင် မိုရှီရီကလည်း လာမယ့်ရက်ပိုင်းအတွင်း
ချဲလ်ဆီး၊ ယူနိုက်တက်နဲ့ စပါးနည်းပြဟောင်းကို
အရခေါ်ယူရေးအတွက် ပိုမိုကြိုးစားဖို့
အသင်းတာဝန်ရှိသူတွေကို တိုက်တွန်းထားပါတယ်။


ဒါပေမဲ့ မော်ရင်ညိုကတော့ အီတလီမှာ
ပျော်ရွှင်နေပြီး ရိုးမားအသင်းအပေါ်
အပြည့်အဝသစ္စာရှိနေတယ်လို့ သိရပါတယ်။
မော်ရင်ညိုဟာ ရိုးမားနဲ့ ၃နှစ်စာချုပ်

ချုပ်ဆိုထားရာမှာ အခုမှ ၆လပဲရှိသေးပြီး
အသင်းကတော့ အဆင့် ၇ နေရာ ရောက်နေပါတယ်။