အဲဗာတန်ငြင်းဆန်ပြီး ဒါဘီအပေါ် သစ္စာတရားမားတဲ့ ရွန်းနီ

ပရီးမီးယားလိဂ် သက်တော်ရှည် အသင်းတွေထဲက တစ်သင်း ဖြစ်တဲ့

အဲဗာတန်ဟာ မကြာသေးမီကမှ အသင်းရဲ့ နည်းပြ ဘင်နီတက်ဇ်ကို

ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ကစားသမားဟောင်း

ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

အဲဗာတန်ဟာ ဒန်ကန် ဖာဂူဆန်ကို ယာယီနည်းပြ အဖြစ်

ခန့်ထားပေမယ့် သူ့ရဲ့ စီမံခန့်ခွဲမှုပိုင်းကို သဘောမကျတာကြောင့်

အမြဲတမ်းနည်းပြနေရာ အတွက် နည်းပြသစ် တစ်ဦးကို ရှာဖွေနေပါတယ်။

အဲဗာတန် ခန့်အပ်ချင်သူတွေထဲမှာ ရွန်းနီလည်းပါပါတယ်။

ဒါပေမယ့် ရွန်းနီကတော့ ဒါဘီ အသင်းအပေါ်မှာ

သစ္စာတရား အပြည့်ထားထားပါတယ်။

“အဲဗာတန်ကအသင်းက လစ်လပ်နေတဲ့ နည်းပြနေရာအတွက်

ကျွန်တော့်ရဲ့အေးဂျင့်ကနေတစ်ဆင့် ဆက်သွယ်မှုတွေလုပ်ခဲ့ပြီး

အင်တာဗျူးလာဖြေဖို့ ကမ်းလှမ်းခဲ့တာတွေရှိပါတယ်”

“ဒါပေမဲ့ ကျွန်တော် လက်မခံလိုက်ပါဘူး။ ကျွန်တော် ကိုယ်တိုင်က

ပရီးမီးယားလိဂ်ရဲ့နည်းပြတစ်ယောက် ဖြစ်နိုင်ဖို့

ယုံကြည်မှု ရှိပေမယ့်လည်း ဒါဘီကောင်တီလိုအသင်းအတွက်

အရေးကြီးတဲ့အလုပ်တွေလုပ်ဖို့ ကျန်ပါသေးတယ်”ဆိုပြီး ရွန်းနီ ကပြောပါတယ်။

ရွန်းနီကို ပရိသတ်တွေက ပရီးမီးယားလိဂ်မှာပြန်မြင်ချင်တာမှန်ပေမယ့်

သူကတော့ သူပြုစုပျိုးထောင်ကူညီနေတဲ့ ဒါဘီအသင်းကို မစွန့်ပစ်နိုင်သေးပါဘူး။

သူမရှိရင် ဒါဘီရဲ့ အနေအထားတွေ ယိုင်နဲ့ ပြိုလဲသွားနိုင်ပါတယ်။

ရွန်းနီရဲ့ သစ္စာတရားကတော့ ချီးကျူးထိုက်ပါတယ်။

zawgyi

အဲဗာတန္ျငင္းဆန္ၿပီး ဒါဘီအေပၚ သစၥာတရားမားတဲ့ ႐ြန္းနီ

ပရီးမီးယားလိဂ္ သက္ေတာ္ရွည္ အသင္းေတြထဲက တစ္သင္း ျဖစ္တဲ့

အဲဗာတန္ဟာ မၾကာေသးမီကမွ အသင္းရဲ႕ နည္းျပ ဘင္နီတက္ဇ္ကို

ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး အသင္းရဲ႕ ကစားသမားေဟာင္း

ဒန္ကန္ ဖာဂူဆန္ကို ယာယီနည္းျပ အျဖစ္ ခန႔္အပ္ထားပါတယ္။

အဲဗာတန္ဟာ ဒန္ကန္ ဖာဂူဆန္ကို ယာယီနည္းျပ အျဖစ္

ခန႔္ထားေပမယ့္ သူ႔ရဲ႕ စီမံခန႔္ခြဲမႈပိုင္းကို သေဘာမက်တာေၾကာင့္

အၿမဲတမ္းနည္းျပေနရာ အတြက္ နည္းျပသစ္ တစ္ဦးကို ရွာေဖြေနပါတယ္။

အဲဗာတန္ ခန႔္အပ္ခ်င္သူေတြထဲမွာ ႐ြန္းနီလည္းပါပါတယ္။

ဒါေပမယ့္ ႐ြန္းနီကေတာ့ ဒါဘီ အသင္းအေပၚမွာ

သစၥာတရား အျပည့္ထားထားပါတယ္။

“အဲဗာတန္ကအသင္းက လစ္လပ္ေနတဲ့ နည္းျပေနရာအတြက္

ကြၽန္ေတာ့္ရဲ႕ေအးဂ်င့္ကေနတစ္ဆင့္ ဆက္သြယ္မႈေတြလုပ္ခဲ့ၿပီး

အင္တာဗ်ဴးလာေျဖဖို႔ ကမ္းလွမ္းခဲ့တာေတြရွိပါတယ္”

“ဒါေပမဲ့ ကြၽန္ေတာ္ လက္မခံလိုက္ပါဘူး။ ကြၽန္ေတာ္ ကိုယ္တိုင္က

ပရီးမီးယားလိဂ္ရဲ႕နည္းျပတစ္ေယာက္ ျဖစ္ႏိုင္ဖို႔

ယုံၾကည္မႈ ရွိေပမယ့္လည္း ဒါဘီေကာင္တီလိုအသင္းအတြက္

အေရးႀကီးတဲ့အလုပ္ေတြလုပ္ဖို႔ က်န္ပါေသးတယ္”ဆိုၿပီး ႐ြန္းနီ ကေျပာပါတယ္။

႐ြန္းနီကို ပရိသတ္ေတြက ပရီးမီးယားလိဂ္မွာျပန္ျမင္ခ်င္တာမွန္ေပမယ့္

သူကေတာ့ သူျပဳစုပ်ိဳးေထာင္ကူညီေနတဲ့ ဒါဘီအသင္းကို မစြန႔္ပစ္ႏိုင္ေသးပါဘူး။

သူမရွိရင္ ဒါဘီရဲ႕ အေနအထားေတြ ယိုင္နဲ႔ ၿပိဳလဲသြားႏိုင္ပါတယ္။

႐ြန္းနီရဲ႕ သစၥာတရားကေတာ့ ခ်ီးက်ဴးထိုက္ပါတယ္။