
လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ မာဆေးဆိုက်ဒါဘီပွဲစဉ်မှာတော့





ကြိုးကြာနီတွေဟာ အလွန်လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကနေ
ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဆာလက်သွင်းယူခဲ့တဲ့ဦးဆောင်ဂိုးကို





ကြည့်မယ်ဆိုရင် အဲဗာတန်အသင်းဂိုးရလုရခင်ဖြစ်ခဲ့ပြီး စက္ကန့်ပိုင်းအကြာမှာ
လီဗာပူးကဂိုးသွင်းယူသွားခဲ့တာဖြစ်တယ်။ တော်ဖီတွေဟာ
ထောင့်ကန်ဘောကနေ လီဗာပူးဂိုးပေါက်ကိုခြိမ်းခြောက်ခဲ့ရာမှာ





တိုင်ထိထွက်ခဲ့ပြီး နောက်တစ်ကြိမ်ကန်သွင်းယူလို့ပြန်ထွက်လာတဲ့
ဘောလုံးကို ဒါဝင်းနူးနက်ဇ်က ဆာလက်နဲ့ ဝမ်းတူးရိုက်ပြီး





တောက်လျှောက်ဆွဲပြေးသွားခဲ့ပါတယ်။ အဲဗာတန် ၁၈ ကိုက်စည်း
ထောင့်ချိုးနားမရောက်ခင်မှာတော့ ဥရုဂွေးသားက ဆာလက်ဆီကို
ပြန်ဖြတ်ပေးခဲ့ပြီး ဂိုးသမားပစ်ဖို့ဒ်ရှေ့ထွက်လာချိန်မှာတော့





ဆာလက်က အသာလေးလမ်းကြောင်းပြောင်းပြီးပိတ်သွင်းခဲ့တာဖြစ်တယ်။
ပွဲချိန် ၃၆ မိနစ်မှာရရှိခဲ့တဲ့ လီဗာပူးရဲ့သွင်းဂိုးနဲ့ပက်သတ်လို့တော့





ဘွတ်ကီဒိုင်တစ်ခုဖြစ်တဲ့ ODDSbible က “ပစ်ဖို့ဒ်က ၁၀ မိနစ်လောက်စောပိုင်း
ဥမင်လှိုင်ခေါင်းထဲဆင်းနေတယ်” လို့ အရွှန်းဖောက်ခဲ့သလို
Paddy Power ကလည်း ပစ်ဖို့ဒ်ဟာ ဆာလက်ဂိုးသွင်းနိုင်ဖို့





ကူညီပေးချင်တယ်လို့ခံစားရကြောင်း ပို့စ်တင်ခဲ့ပါတယ်။
“ဂျော်ဒန်ပစ်ဖို့ဒ်က အော်ပြီးပြေးထွက်လာသလို ဆာလက်ရဲ့





အဖွင့်ဂိုးကိုခွင့်ပြုလိုက်တယ်” လို့ ဘွတ်ကီဒိုင်ဖြစ်တဲ့ Paddy Power က
ပို့စ်တင်ခဲ့တာဖြစ်တယ်။ ပရိသတ်တွေကလည်း ပစ်ဖို့ဒ်ရဲ့ဂိုးရှေ့
ပြေးထွက်လာပုံကချိန်သားမကိုက်ဘူးလို့ ဝေဖန်ခဲ့ကြပါတယ်။





zawgyi
အဲဗာတန္ဂိုးရလုရခင္ပုံစံမ်ိဳးကေန စကၠန႔္ပိုင္းအၾကာမွာလ်င္ျမန္တဲ့ တန္ျပန္တိုက္စစ္က တစ္ဆင့္ လီဗာပူး ဂိုးသြင္းယူခဲ့





လီဗာပူးနဲ႔ အဲဗာတန္တို႔ရဲ႕ မာေဆးဆိုက္ဒါဘီပြဲစဥ္မွာေတာ့
ႀကိဳးၾကာနီေတြဟာ အလြန္လ်င္ျမန္တဲ့တန္ျပန္တိုက္စစ္ကေန
ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဆာလက္သြင္းယူခဲ့တဲ့ဦးေဆာင္ဂိုးကို





ၾကည့္မယ္ဆိုရင္ အဲဗာတန္အသင္းဂိုးရလုရခင္ျဖစ္ခဲ့ၿပီး စကၠန႔္ပိုင္းအၾကာမွာ
လီဗာပူးကဂိုးသြင္းယူသြားခဲ့တာျဖစ္တယ္။ ေတာ္ဖီေတြဟာ





ေထာင့္ကန္ေဘာကေန လီဗာပူးဂိုးေပါက္ကိုၿခိမ္းေျခာက္ခဲ့ရာမွာ
တိုင္ထိထြက္ခဲ့ၿပီး ေနာက္တစ္ႀကိမ္ကန္သြင္းယူလို႔ျပန္ထြက္လာတဲ့
ေဘာလုံးကို ဒါဝင္းႏူးနက္ဇ္က ဆာလက္နဲ႔ ဝမ္းတူး႐ိုက္ၿပီး





ေတာက္ေလွ်ာက္ဆြဲေျပးသြားခဲ့ပါတယ္။ အဲဗာတန္ ၁၈ ကိုက္စည္း
ေထာင့္ခ်ိဳးနားမေရာက္ခင္မွာေတာ့ ဥ႐ုေဂြးသားက ဆာလက္ဆီကို





ျပန္ျဖတ္ေပးခဲ့ၿပီး ဂိုးသမားပစ္ဖို႔ဒ္ေရွ႕ထြက္လာခ်ိန္မွာေတာ့
ဆာလက္က အသာေလးလမ္းေၾကာင္းေျပာင္းၿပီးပိတ္သြင္းခဲ့တာျဖစ္တယ္။
ပြဲခ်ိန္ ၃၆ မိနစ္မွာရရွိခဲ့တဲ့ လီဗာပူးရဲ႕သြင္းဂိုးနဲ႔ပက္သတ္လို႔ေတာ့





ဘြတ္ကီဒိုင္တစ္ခုျဖစ္တဲ့ ODDSbible က “ပစ္ဖို႔ဒ္က ၁၀ မိနစ္ေလာက္ေစာပိုင္း
ဥမင္လႈိင္ေခါင္းထဲဆင္းေနတယ္” လို႔ အ႐ႊန္းေဖာက္ခဲ့သလို





Paddy Power ကလည္း ပစ္ဖို႔ဒ္ဟာ ဆာလက္ဂိုးသြင္းႏိုင္ဖို႔
ကူညီေပးခ်င္တယ္လို႔ခံစားရေၾကာင္း ပို႔စ္တင္ခဲ့ပါတယ္။
“ေဂ်ာ္ဒန္ပစ္ဖို႔ဒ္က ေအာ္ၿပီးေျပးထြက္လာသလို ဆာလက္ရဲ႕





အဖြင့္ဂိုးကိုခြင့္ျပဳလိုက္တယ္” လို႔ ဘြတ္ကီဒိုင္ျဖစ္တဲ့ Paddy Power က
ပို႔စ္တင္ခဲ့တာျဖစ္တယ္။ ပရိသတ္ေတြကလည္း ပစ္ဖို႔ဒ္ရဲ႕ဂိုးေရွ႕





ေျပးထြက္လာပုံကခ်ိန္သားမကိုက္ဘူးလို႔ ေဝဖန္ခဲ့ၾကပါတယ္။