အေးဂျင့်ဟောင်းကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ပိတ်မိနေတဲ့ ဗန်ဒါဘိခ်

သူ့အေးဂျင့်ဟောင်းနဲ့ ပြသနာတက်နေတာကြောင့် မန်ယူကွင်းလယ်လူဗန်ဒီဘိခ်ဟာ

အိုးလ်ထရက်ဖို့ဒ်မှာ ပိတ်မိနေကြောင်း သတင်းတွေအရ သိရပါတယ်။

ဒါကြောင့်လည်း အဲဒီနယ်သာလန်ကွင်းလယ်လူဟာ မန်ယူအရန်ခုံမှာ

ပိုပြီးခပ်ကြာကြာနေရဖွယ်ရှိနေပါတယ်။

အဲဒီပေါင် ၃၅.၇ သန်းတန်ကစားသမားဟာ ဒီရာသီပရီးမီးယားလိဂ်မှာ

ဆိုးလ်ရှားလက်ထက်ရော ကာရစ်နဲ့ ရန်းနစ်လက်ထက်မှာပါ

တစ်ပွဲမှာ ပွဲထွက်ရခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့နွေရာသီတုန်းက အဲဗာတန်ဟာ ဗန်ဒီဘိခ်ကို အငှားခေါ်ဖို့

ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဗန်ဒီဘိခ်ဟာ မန်ယူနဲ့စိတ်ပျက်ဖွယ်ရာသီတစ်ခုအပြီး ပြီးခဲ့တဲ့အောက်တိုဘာမှာ

သူ့အေးဂျင့်ဂူဒိုအဲလ်ဘတ်နဲ့ လမ်းခွဲခဲ့တာပါ။

သူဟာ ဖရန်ကီဒီဂျောင်နဲ့ လင်ဒီလော့ဖ်တို့လို ကစားသမားတွေအတွက်

အလုပ်လုပ်ပေးနေတဲ့ အေးဂျင့်အလီဒါဆန်ဆီ ဦးလှည့်ခဲ့ပေမယ့်

အဲလ်ဘတ်နဲ့စာချုပ်သက်တမ်းမကုန်သေးပါဘူး။

”အခုအပြောင်းအရွှေ့မှာ ဗန်ဒီဘိခ်ပြောင်းနိုင်ဖို့ဆိုတာက

အရမ်းကို ခက်ခဲပါတယ်။ အရင်အေးဂျင့်နဲ့ စာချုပ်သက်တမ်းမကုန်သေးလို့

နောက်အေးဂျင့်က အပြောင်းအရွှေ့အတွက် စီစဉ်လို့ မရနိုင်ပါဘူး။

အရင်အေးဂျင့်နဲ့ ၂ နှစ်စာချုပ်က ရာသီကုန်တိုင်အောင် သက်တမ်းမကုန်သေးပါဘူး။

ဒါကြောင့် တစ်ခုခုအပြောင်းအလဲမဖြစ်ရင် ကစားသမားဟာ

မန်ချက်စတာမှာပဲ ဆက်ရှိနေမှာပါ”လို့ နီးစပ်သူတစ်ယောက်က

The Mirror သတင်းစာကို ပြောပါတယ်။

ဗန်ဒီဘိခ်ဟာ သူ့ရဲ့အေဂျက်အသင်းဖော်ဟောင်း ဒီဂျောင်ရှိရာ

ဘာစီလိုနာကို ပြောင်းချင်နေတယ်လို့ နားလည်ရပါတယ်။

ဒါကြောင့်လည်း ဒီဂျောင်ရဲ့အေးဂျင့်နဲ့ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာပါ။

မန်ယူမှာ ၂ နှစ်ကြာ အိပ်မက်ဆိုးမက်ခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ

လာမယ့်နွေရာသီအပြောင်းအရွှေ့ဆို ၂၅ နှစ်ပြည့်မှာပါ။

သူဟာ သရဲနီတွေအတွက် ၄၈ ပွဲမှာ ၂ ဂိုးသာသွင်းနိုင်ခဲ့ပြီး

၂ ဂိုးသာ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

zawgyi

ေအးဂ်င့္ေဟာင္းေၾကာင့္ အိုးလ္ထရက္ဖို႔ဒ္မွာ ပိတ္မိေနတဲ့ ဗန္ဒါဘိခ္

သူ႔ေအးဂ်င့္ေဟာင္းနဲ႔ ျပသနာတက္ေနတာေၾကာင့္ မန္ယူကြင္းလယ္လူဗန္ဒီဘိခ္ဟာ

အိုးလ္ထရက္ဖို႔ဒ္မွာ ပိတ္မိေနေၾကာင္း သတင္းေတြအရ သိရပါတယ္။

ဒါေၾကာင့္လည္း အဲဒီနယ္သာလန္ကြင္းလယ္လူဟာ မန္ယူအရန္ခုံမွာ

ပိုၿပီးခပ္ၾကာၾကာေနရဖြယ္ရွိေနပါတယ္။

အဲဒီေပါင္ ၃၅.၇ သန္းတန္ကစားသမားဟာ ဒီရာသီပရီးမီးယားလိဂ္မွာ

ဆိုးလ္ရွားလက္ထက္ေရာ ကာရစ္နဲ႔ ရန္းနစ္လက္ထက္မွာပါ

တစ္ပြဲမွာ ပြဲထြက္ရျခင္း မရွိေသးပါဘူး။

ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အဲဗာတန္ဟာ ဗန္ဒီဘိခ္ကို အငွားေခၚဖို႔

ႀကိဳးပမ္းခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

ဗန္ဒီဘိခ္ဟာ မန္ယူနဲ႔စိတ္ပ်က္ဖြယ္ရာသီတစ္ခုအၿပီး ၿပီးခဲ့တဲ့ေအာက္တိုဘာမွာ

သူ႔ေအးဂ်င့္ဂူဒိုအဲလ္ဘတ္နဲ႔ လမ္းခြဲခဲ့တာပါ။

သူဟာ ဖရန္ကီဒီေဂ်ာင္နဲ႔ လင္ဒီေလာ့ဖ္တို႔လို ကစားသမားေတြအတြက္

အလုပ္လုပ္ေပးေနတဲ့ ေအးဂ်င့္အလီဒါဆန္ဆီ ဦးလွည့္ခဲ့ေပမယ့္

အဲလ္ဘတ္နဲ႔စာခ်ဳပ္သက္တမ္းမကုန္ေသးပါဘူး။

”အခုအေျပာင္းအေ႐ႊ႕မွာ ဗန္ဒီဘိခ္ေျပာင္းႏိုင္ဖို႔ဆိုတာက

အရမ္းကို ခက္ခဲပါတယ္။ အရင္ေအးဂ်င့္နဲ႔ စာခ်ဳပ္သက္တမ္းမကုန္ေသးလို႔

ေနာက္ေအးဂ်င့္က အေျပာင္းအေ႐ႊ႕အတြက္ စီစဥ္လို႔ မရႏိုင္ပါဘူး။

အရင္ေအးဂ်င့္နဲ႔ ၂ ႏွစ္စာခ်ဳပ္က ရာသီကုန္တိုင္ေအာင္ သက္တမ္းမကုန္ေသးပါဘူး။

ဒါေၾကာင့္ တစ္ခုခုအေျပာင္းအလဲမျဖစ္ရင္ ကစားသမားဟာ

မန္ခ်က္စတာမွာပဲ ဆက္ရွိေနမွာပါ”လို႔ နီးစပ္သူတစ္ေယာက္က

The Mirror သတင္းစာကို ေျပာပါတယ္။

ဗန္ဒီဘိခ္ဟာ သူ႔ရဲ႕ေအဂ်က္အသင္းေဖာ္ေဟာင္း ဒီေဂ်ာင္ရွိရာ

ဘာစီလိုနာကို ေျပာင္းခ်င္ေနတယ္လို႔ နားလည္ရပါတယ္။

ဒါေၾကာင့္လည္း ဒီေဂ်ာင္ရဲ႕ေအးဂ်င့္နဲ႔ အလုပ္လုပ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။

မန္ယူမွာ ၂ ႏွစ္ၾကာ အိပ္မက္ဆိုးမက္ခဲ့ရတဲ့ ဗန္ဒီဘိခ္ဟာ

လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ဆို ၂၅ ႏွစ္ျပည့္မွာပါ။

သူဟာ သရဲနီေတြအတြက္ ၄၈ ပြဲမွာ ၂ ဂိုးသာသြင္းႏိုင္ခဲ့ၿပီး

၂ ဂိုးသာ ဖန္တီးေပးႏိုင္ခဲ့ပါတယ္။