အေးချမ်းတဲ့ ဂန်းနားအရိပ်ဆိုတာက ဆာကာအတွက်တော့ ခိုလှုံရာဖြစ်ခဲ့ပြီ

အနိုင်ဆိုတာ မြန်မာပြည်မှာ အဆိုတော်ဖြစ်ပြီး အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ အာဆင်နယ်ပဲလို့ ပြောရမလိုဖြစ်နေတဲ့ ဒီရာသီမှာ မန်စီးတီး၊ မန်ယူနဲ့ လီဗာပူးတို့ ချောင်းနေတဲ့ အပေါက်တစ်ပေါက် ရှိပါတယ်။ သူတို့ချောင်းနေတဲ့ အပေါက်ကလေးက ကျဉ်းပေမယ့် မြင်ကွင်းရှင်းနေတာ့

သုံးသင်းစလုံး မျက်စိကျနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါက တခြားတော့ မဟုတ်ပါ ဘူး။ အသက် ၂၀ အရွယ်ရှိနေတဲ့ တောင်ပံကစားသမား ဘူကာယို ဆာကာပဲဖြစ်ပါတယ်။ ဆာကာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက အာဆင်နယ်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့

ကစားသမားဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရပြီးဖြစ်ပါတယ်။ ဆာကာဟာ အာဆင် နယ်အသင်းမှာ လုပ်ခလစာ အနည်းဆုံး ရရှိတဲ့ ကစားသမားဖြစ်ပြီး စာချုပ် သက်တမ်းက ၂ နှစ်ကျန်နေပါသေးတယ်။ အခုလက်ရှိရာသီမှာတော့ ဆာကာဟာ

ပရော်ဖက်ရှင်နယ်အဆင့် ခြေစွမ်းကို ပြသနိုင်နေပြီဖြစ်တာကြောင့် လန်ဒန်က လပ်ရဲ့ ပြိုင်ဘက်အသင်းကြီးတွေ မျက်စိကျနေတာပါ။ ဒါပေမဲ့လည်း ကာယ ကံရှင်ကစားသမားကတော့ ဂန်းနားတွေနဲ့အတူ ဆက်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတဲ့အကြောင်းကို အရိပ်အမြွက်

ထုတ်ပြောလာပြီဖြစ်ပါတယ်။ နည်းပြ အာ တီတာဟာ သူ့အပေါ်မှာ ယုံကြည်မှုအပြည့်ရှိနေတာကြောင့် အာဆင်နယ်ဟာ သူ့ရဲ့ ခိုလှုံရာဖြစ်တယ်ဆိုတဲ့သဘောမျိုးကို ဆာကာက ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ‘’သူ့ရဲ့ ယုံကြည်မှုကို ကျွန်တော် မျှဝေတာပါ။ အာဆင်နယ်ကို ကျွန်တော့်ရဲ့

အိမ်လိုပဲ ခံစားရပါတယ်။ အသင်းဖော်တွေဆီကနေ ပေးလာတဲ့ ချစ်ခြင်းမေတ္တာကိုလည်း ကျွန်တော်ခံစားမိတယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေ အားလုံးဆီကရောပေါ့လေ။ နည်းပြက ကျွန်တော့်အတွက်ဆို အမြဲတမ်းရှိပေးပါတယ်။ မတူကွဲပြားခြားနားတဲ့ အကြံဉာဏ်မျိုး

တွေ ပေးတာက ကျွန်တော့်အတွက် တကယ့်ကို ထူးခြားပါတယ်။ အီးမရိတ်စ်ရဲ့ ဝန်းကျင်အသိုင်းအဝိုင်းက ကောင်းသထက် ကောင်းလာနေပြီး ကျွန်တော်ကစားတဲ့ ပွဲချိန်တိုင်းမှာ ပရိသတ်ဆီကနေပေးတဲ့ သြဘာသံက မောင်းနှင်အားဖြစ်စေတယ်လို့ ခံစားမိပါတယ်။

အဲဒီလို အခိုက်အတန့်လေးတိုင်းကို ကျွန်တော်တို့ ချစ်မြတ်နိုးနေတာပါ။ အဲဒီလို အားပေးမှုတွေရဲ့ ရလဒ်ကြောင့်ပဲ ကျွန်တော်တို့ ဟာ တောင့်တင်းတဲ့အသင်းမျိုးလို့ ခံစားမိနေတာပါ’’ လို့ ဆာကာက ပြောဆို ခဲ့တဲ့အကြောင်း The Sun သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။

(zawgyi)

အႏိုင္ဆိုတာ ျမန္မာျပည္မွာ အဆိုေတာ္ျဖစ္ၿပီး အဂၤလန္ပရီးမီးယားလိဂ္မွာေတာ့ အာဆင္နယ္ပဲလို႔ ေျပာရမလိုျဖစ္ေနတဲ့ ဒီရာသီမွာ မန္စီးတီး၊ မန္ယူနဲ႔ လီဗာပူးတို႔ ေခ်ာင္းေနတဲ့ အေပါက္တစ္ေပါက္ ရွိပါတယ္။ သူတို႔ေခ်ာင္းေနတဲ့ အေပါက္ကေလးက က်ဥ္းေပမယ့္

ျမင္ကြင္းရွင္းေနတာ့ သုံးသင္းစလုံး မ်က္စိက်ေနတာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ အဲဒါက တျခားေတာ့ မဟုတ္ပါ ဘူး။ အသက္ ၂၀ အ႐ြယ္ရွိေနတဲ့ ေတာင္ပံကစားသမား ဘူကာယို ဆာကာပဲျဖစ္ပါတယ္။ ဆာကာဟာ ၿပီးခဲ့တဲ့ ရာသီကတည္းက အာဆင္နယ္နဲ႔အတူ

ေျခစြမ္းျပႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ေ႐ြးခ်ယ္ခံထားရၿပီးျဖစ္ပါတယ္။ ဆာကာဟာ အာဆင္ နယ္အသင္းမွာ လုပ္ခလစာ အနည္းဆုံး ရရွိတဲ့ ကစားသမားျဖစ္ၿပီး စာခ်ဳပ္ သက္တမ္းက ၂ ႏွစ္က်န္ေနပါေသးတယ္။ အခုလက္ရွိရာသီမွာေတာ့

ဆာကာဟာ ပေရာ္ဖက္ရွင္နယ္အဆင့္ ေျခစြမ္းကို ျပသႏိုင္ေနၿပီျဖစ္တာေၾကာင့္ လန္ဒန္က လပ္ရဲ႕ ၿပိဳင္ဘက္အသင္းႀကီးေတြ မ်က္စိက်ေနတာပါ။ ဒါေပမဲ့လည္း ကာယ ကံရွင္ကစားသမားကေတာ့ ဂန္းနားေတြနဲ႔အတူ ဆက္ၿပီး တိုက္ပြဲဝင္သြားမယ္ ဆိုတဲ့အေၾကာင္းကို

အရိပ္အႁမြက္ ထုတ္ေျပာလာၿပီျဖစ္ပါတယ္။ နည္းျပ အာ တီတာဟာ သူ႔အေပၚမွာ ယုံၾကည္မႈအျပည့္ရွိေနတာေၾကာင့္ အာဆင္နယ္ဟာ သူ႔ရဲ႕ ခိုလႈံရာျဖစ္တယ္ဆိုတဲ့သေဘာမ်ိဳးကို ဆာကာက ေျပာဆိုသြားခဲ့တာ ျဖစ္ပါတယ္။ ‘’သူ႔ရဲ႕ ယုံၾကည္မႈကို

ကြၽန္ေတာ္ မွ်ေဝတာပါ။ အာဆင္နယ္ကို ကြၽန္ေတာ့္ရဲ႕ အိမ္လိုပဲ ခံစားရပါတယ္။ အသင္းေဖာ္ေတြဆီကေန ေပးလာတဲ့ ခ်စ္ျခင္းေမတၱာကိုလည္း ကြၽန္ေတာ္ခံစားမိတယ္။ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ပရိသတ္ေတြ အားလုံးဆီကေရာေပါ့ေလ။

နည္းျပက ကြၽန္ေတာ့္အတြက္ဆို အၿမဲတမ္းရွိေပးပါတယ္။ မတူကြဲျပားျခားနားတဲ့ အႀကံဉာဏ္မ်ိဳးေတြ ေပးတာက ကြၽန္ေတာ့္အတြက္ တကယ့္ကို ထူးျခားပါတယ္။ အီးမရိတ္စ္ရဲ႕ ဝန္းက်င္အသိုင္းအဝိုင္းက ေကာင္းသထက္ ေကာင္းလာေနၿပီး

ကြၽန္ေတာ္ကစားတဲ့ ပြဲခ်ိန္တိုင္းမွာ ပရိသတ္ဆီကေနေပးတဲ့ ၾသဘာသံက ေမာင္းႏွင္အားျဖစ္ေစတယ္လို႔ ခံစားမိပါတယ္။ အဲဒီလို အခိုက္အတန႔္ေလးတိုင္းကို ကြၽန္ေတာ္တို႔ ခ်စ္ျမတ္ႏိုးေနတာပါ။

အဲဒီလို အားေပးမႈေတြရဲ႕ ရလဒ္ေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ဟာ ေတာင့္တင္းတဲ့အသင္းမ်ိဳးလို႔ ခံစားမိေနတာပါ’’ လို႔ ဆာကာက ေျပာဆို ခဲ့တဲ့အေၾကာင္း The Sun သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။