အော်ဘာမီယန်းက ဟာလန်းထက်သာလွန်တယ်လို့ ဘာစီလိုနာအသင်းသမားဟောင်း  ပြောကြား

ဘာစီလိုနာအသင်းတောင်ပံကစားသမားဟောင်း လိုဘိုကာရက်စ်ကိုက

ကတ်တလန်သားတို့အတွက်အော်ဘာမီယန်းဟာ

ဟာလန်းထက်ပိုကောင်းတဲ့တိုက်စစ်မှူးဖြစ်တယ်လို့ ပြောသွားခဲ့တာပါ။

ဟာလန်းဟာ ၂၀၂၀ခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ

ရတ်ဘူးဆဲလ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်။

အသက်၂၁နှစ်သာရှိသေးတဲ့တိုက်စစ်မှူးဟာ

ဘွန်ဒက်စ်လီဂါအင်အားကြီးအသင်းအတွက် ပြိုင်ပွဲစုံ၇၉ပွဲပါဝင်

ကစားပေးထားရာမှာ သွင်းဂိုးပေါင်း၈၀အထိသွင်းယူထားကာ

၂၁ကြိမ်ဖန်တီးပေးထားတာပါ။

အသက် ၃၂ နှစ်အရွယ် အော်ဘာမီယန်းဟာ ဇန်နဝါရီအကုန်

အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာစီလိုနာထံ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

အော်ဘာမီယန်းရဲ့ ကတ်တလန်ကစားသမား ဘဝမှာ အလားအလာကောင်းတဲ့

စတင်မှုကို ရရှိခဲ့ပြီး ဗလန်စီယာကို ၄-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့ပါတယ်။

ဒါကြောင့်လည်း သူဟာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စ်လီဂါနဲ့

လီဂူးဝမ်းတို့မှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကာရက်စ်ကိုက”အော်ဘာမီယန်းက ပုံစံကောင်းပြနေတယ်။

ဘာစီလိုနာအသင်းအတွက် ကောင်းမွန်တဲ့ရွှေ့ကွက်တစ်ခုပဲ။

အော်ဘာမီယန်းက အာလင်းဟာလန်းထက်သာပါတယ်”

“ကျွန်တော်ကဟာလန်းကို အတော်လေးသဘောကျပါတယ်။

သူ့မှာအလားအလာကောင်းတွေလည်းရှိတယ်။

ဒါပေမယ့် လာလီဂါနဲ့ဘာစီလိုနာမှာဆိုရင်တော့ အော်ဘာမီယန်းက

ဟာလန်းထက်သာလွန်ပါတယ်”လို့ပြောခဲ့တာပါ။

zawgyi






















