အော့ဘွန်နာရဲ့သတင်းက ဒေးဗစ်မွိုက်စ်အတွက်တော့ ဒီညပွဲကစပြီးတိုင်ပတ်တော့မယ်

ဝက်စ်ဟမ်းအသင်းရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ အော့ဘွန်နာဟာ

ဒူးဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိအနားယူရဖို့ရှိနေတဲ့အတွက်

ဒီရာသီမှာ ရလဒ်ကောင်းတွေရယူနေတဲ့ ဝက်စ်ဟမ်းအသင်းနည်းပြဒေးဗစ်မွိုက်စ်အတွက်

ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာဖို့ရှိနေပါတယ်။ ဒေးဗစ်မွိုက်စ်က အော့ဘွန်နာဟာ

လာမယ့်ရက်ပိုင်းအတွင်း ဒူးဒဏ်ရာခွဲစိတ်ကုသမှုခံယူမှာဖြစ်ပြီး ရာသီကုန်အထိ

အနားယူရဖို့ရှိနေတယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

အော့ဘွန်နာဟာလွန်ခဲ့တဲ့နှစ်ပတ်က လီဗာပူးလ်အသင်းကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ

အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး (၉)လအထိအနားယူရမယ်လို့သတင်းထွက်ခဲ့ပါတယ်။

အခု ဒေးဗစ်မွိုက်စ်က “လာမယ့်ရက်ပိုင်းအတွင်း အော့ဘွန်နာဟာ ဒဏ်ရာခွဲစိတ်

ကုသမှုခံယူမှာဖြစ်ပါတယ်။ သူက ထိပ်တန်းအဆင့်ကစားသမားတစ်ဦးဖြစ်လို့

အခုသတင်းက သူ့အတွက်စိတ်မကောင်းစရာပါပဲ။ ဒီရာသီမှာ အသင်းအတွက်

အော့ဘွန်နာ ပြန်ကစားနိုင်ဖို့က တော်တော်လေးခက်သွားပြီလို့

ကျွန်တော်ထင်ပါတယ်”ဆိုပြီးတော့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်နဲ့ပွဲမှာ ဒေးဗစ်မွိုက်စ်က အော့ဘွန်နာကိုလူစားလဲခဲ့ပြီး ဆေးအဖွဲ့က

ကုသမှုပေးခဲ့ပေမယ့် သူ့ဒူးဒဏ်ရာက မသက်သာခဲ့ပါဘူး။

အဲဒီနောက် စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ခဲ့ချိန်မှာတော့ အော့ဘွန်နာရဲ့

ဒူးအရွတ်စုတ်ပြဲသွားတာကိုတွေ့ရှိခဲ့ရပြီး ခွဲစိတ်ကုသမှုခံယူရတော့မှာဖြစ်ပါတယ်။

အသက်(၃၃)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အော့ဘွန်နာဟာ ၂၀၁၅ ခုနှစ်တုန်းက

ဂျူဗင်တပ်စ်အသင်းကနေ ဝက်စ်ဟမ်းအသင်းဆီပြောင်းရွှေ့ခဲ့ပြီး

အသင်းအတွက်ပြိုင်ပွဲစုံမှာ(၂၀၁)ပွဲအထိကစားခဲ့ပါတယ်။

ဒါ့အပြင် ဒီရာသီပရီးမီးယားလိဂ်မှာအသင်းအတွက်ပွဲတိုင်းပါဝင်ကစားခဲ့သလို

အမှတ်ပေးဇယားအဆင့်(၃)နေရာရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။

အော့ဘွန်နာရဲ့လက်ရှိစာချုပ်ကလာမယ့်နှစ်၊နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့်

ဝက်စ်ဟမ်းအသင်းကတော့ အော့ဘွန်နာဒဏ်ရာကနေ ပြန်လည်သက်သာလာအောင်

ကူညီသွားဖို့အတွက် စာချုပ်သက်တမ်းထပ်တိုးဖို့ စီစဉ်နေပါပြီ။

Zawgyi

ေအာ့ဘြန္နာရဲ႕သတင္းက ေဒးဗစ္မြိဳက္စ္အတြက္ေတာ့ ဒီညပြဲကစၿပီးတိုင္ပတ္ေတာ့မယ္

ဝက္စ္ဟမ္းအသင္းရဲ႕အဓိကေနာက္ခံလူတစ္ဦးျဖစ္တဲ့ ေအာ့ဘြန္နာဟာ

ဒူးဒဏ္ရာျပႆနာေၾကာင့္ ရာသီကုန္အထိအနားယူရဖို႔ရွိေနတဲ့အတြက္

ဒီရာသီမွာ ရလဒ္ေကာင္း

ေတြရယူေနတဲ့ ဝက္စ္ဟမ္းအသင္းနည္းျပေဒးဗစ္မြိဳက္စ္အတြက္ ႀကီးမားတဲ့

ထိုးႏွက္ခ်က္ျဖစ္လာဖို႔ရွိေနပါတယ္။ ေဒးဗစ္မြိဳက္စ္က ေအာ့ဘြန္နာဟာ

လာမယ့္ရက္ပိုင္းအတြင္း ဒူးဒဏ္ရာခြဲစိတ္ကုသမႈခံယူမွာျဖစ္ၿပီး ရာသီကုန္အထိ

အနားယူရဖို႔ရွိေနတယ္လို႔ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။ ေအာ့ဘြန္နာဟာ

လြန္ခဲ့တဲ့ႏွစ္ပတ္က လီဗာပူးလ္အသင္းကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲမွာ

အဲဒီဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး (၉)လအထိအနားယူရမယ္လို႔သတင္းထြက္ခဲ့ပါတယ္။

အခု ေဒးဗစ္မြိဳက္စ္က “လာမယ့္ရက္ပိုင္းအတြင္း ေအာ့ဘြန္နာဟာ ဒဏ္ရာခြဲစိတ္

ကုသမႈခံယူမွာျဖစ္ပါတယ္။ သူက ထိပ္တန္းအဆင့္ကစားသမားတစ္ဦးျဖစ္လို႔

အခုသတင္းက သူ႔အတြက္စိတ္မေကာင္းစရာပါပဲ။ ဒီရာသီမွာ အသင္းအတြက္

ေအာ့ဘြန္နာ ျပန္ကစားႏိုင္ဖို႔က ေတာ္ေတာ္ေလးခက္သြားၿပီလို႔

ကြၽန္ေတာ္ထင္ပါတယ္”ဆိုၿပီးေတာ့ ေျပာၾကားခဲ့ပါတယ္။

 

လီဗာပူးလ္နဲ႔ပြဲမွာ ေဒးဗစ္မြိဳက္စ္က ေအာ့ဘြန္နာကိုလူစားလဲခဲ့ၿပီး ေဆးအဖြဲ႕က

ကုသမႈေပးခဲ့ေပမယ့္ သူ႔ဒူးဒဏ္ရာက မသက္သာခဲ့ပါဘူး။

အဲဒီေနာက္ စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ခဲ့ခ်ိန္မွာေတာ့ ေအာ့ဘြန္နာရဲ႕

ဒူးအ႐ြတ္စုတ္ၿပဲသြားတာကိုေတြ႕ရွိခဲ့ရၿပီး ခြဲစိတ္ကုသမႈခံယူရေတာ့မွာျဖစ္ပါတယ္။

အသက္(၃၃)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ေအာ့ဘြန္နာဟာ ၂၀၁၅ ခုႏွစ္တုန္းက

ဂ်ဴဗင္တပ္စ္အသင္းကေန ဝက္စ္ဟမ္းအသင္းဆီေျပာင္းေ႐ႊ႕ခဲ့ၿပီး

အသင္းအတြက္ၿပိဳင္ပြဲစုံမွာ(၂၀၁)ပြဲအထိကစားခဲ့ပါတယ္။ ဒါ့အျပင္ ဒီရာသီ

ပရီးမီးယားလိဂ္မွာအသင္းအတြက္ပြဲတိုင္းပါဝင္ကစားခဲ့သလို အမွတ္ေပးဇယား

အဆင့္(၃)ေနရာေရာက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့သူျဖစ္ပါတယ္။ ေအာ့ဘြန္နာရဲ႕

လက္ရွိစာခ်ဳပ္ကလာမယ့္ႏွစ္၊ေႏြရာသီမွာ သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္

ဝက္စ္ဟမ္းအသင္းကေတာ့ ေအာ့ဘြန္နာဒဏ္ရာကေန ျပန္လည္သက္သာလာေအာင္

ကူညီသြားဖို႔အတြက္ စာခ်ဳပ္သက္တမ္းထပ္တိုးဖို႔ စီစဥ္ေနပါၿပီ။