အော့တာမန်ဒီအတွက် အကောင်းဆုံးသရုပ်ဆောင်အနီကတ်ဆု

ဘင်ဖီကာနောက်ခံလူဖြစ်တဲ့ နီကိုလက်စ်အော့တာမန်ဒီဟာ ကြာသပတေးနေ့ညက

ပေါ်တိုနဲ့ရင်ဆိုင်ခဲ့တဲ့ ပေါ်တူဂီဖလားပွဲမှာ
ပြိုင်ဘက်ကစားသမား လူးဝစ်ဒီယက်ဇ်ကို ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ပြီး သူ

ဟန်အမူအယာပိုခဲ့လို့ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဒီပွဲမှာပေါ်တိုက ၃-၀ နဲ့အနိုင်ရရှိခဲ့ပေမယ့် အော့တာမန်ဒီ ရဲ့လုပ်ရပ်ကလူအများ

ပြောစရာဖြစ်ခဲ့ရတာပါ။ သူဟာဘောလုံးရယူဖို့ကြိုးစားတဲ့ ဒီယက်ဇ်ရဲ့မျက်နှာကို

သူ့လက်မောင်းနဲ့ပြေးဆောင့်ခဲ့ပေမယ့် ဒိုက်ကိုလှည့်စားနိုင်ဖို့ သူကမျက်နှာအုပ်ပြီး

လှဲချခဲ့တာပါ။ အော့တာမန်ဒီက ဘယ်လောက်အထိအမူအယာပိုခဲ့သလဲဆိုရင်

ကွင်းထဲမှာဒီယက်ဇ်လဲကျခဲ့ပြီး ပြန်ထတဲ့အချိန်အထိသူကလည်း မထဘဲနာကျင်

ဟန်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာအဲဒီအာဂျင်တီးနားသားရဲ့ရှက်စရာကောင်းတဲ့

ဟန်ဆောင်မှုဖြစ်ခဲ့ပေမယ့် ဒိုင်လူကြီးကိုတော့အရူးလုပ်လို့မရခဲ့ဘဲ အဝါကတ်

ပြခံခဲ့ရတာပါ။ မန်စီးတီးနောက်ခံလူဟောင်းဖြစ်တဲ့ အော့တာမန်ဒီဟာ ပထမ

အဝါကတ်ထိထားပြီးဖြစ်လို့ အနီကတ်နဲ့ပါထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

အခုဖြစ်ရပ်ဟာပွဲပြီးကာနီးမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပေါ်တိုကလည်း ၃-၀ နဲ့နိုင်

ပြီးသားဖြစ်လို့ ပွဲရလဒ်ကိုဘယ်လိုမှမပြောင်းနိုင်တဲ့ အခြေအနေဖြစ်တာကြောင့်

အော့တာမန်ဒီရဲ့လုပ်ရပ်ဟာ မိုက်မဲပြီးအသိဥာဏ်မရှိတဲ့သူတွေရဲ့လုပ်ရပ်မျိုးလို့လည်း

နည်းပြဂျော့ဂျီးဆပ် ရဲ့အပြစ်တင်ခြင်းကိုလည်းခံခဲ့ရပါတယ်။ သူဟာဒီရာသီဘင်ဖီကာ

အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲကစားခဲ့သူဖြစ်ပါတယ်။

သူဟာ ၂၀၂၀ စက်တင်ဘာလတုန်းကမန်စီးတီးကနေပေါင် ၁၃.၇ သန်းနဲ့ ဘင်ဖီကာကို

ပြောင်းလာခဲ့သူဖြစ်ပါတယ်။ ဘင်ဖီကာ ဟာဖလားပွဲမှာပေါ်တိုကိုရှုံးခဲ့တဲ့အပြင် ပေါ်တူဂီ

ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံးကဦးဆောင်နေတဲ့ ပေါ်တိုနောက်မှာ ၄ မှတ်အကွာနဲ့

တတိယနေရာမှာရှိနေပါတယ်။ လက်ရှိမှာ ၁၅ ပွဲကစားပြီး ၃၇ မှတ်ရထားတဲ့ ဘင်ဖီကာ

ဟာလာမယ့် ဒီဇင်ဘာ ၃၀ မှာ ပေါ်တိုနဲ့အိမ်ကွင်းကစားရဦးမှာဖြစ်ပါတယ်။

Zawgyi

ေအာ့တာမန္ဒီအတြက္ အေကာင္းဆုံးသ႐ုပ္ေဆာင္အနီကတ္ဆု

ဘင္ဖီကာေနာက္ခံလူျဖစ္တဲ့ နီကိုလက္စ္ေအာ့တာမန္ဒီဟာ ၾကာသပေတးေန႔ညက

ေပၚတိုနဲ႔ရင္ဆိုင္ခဲ့တဲ့ ေပၚတူဂီဖလားပြဲမွာ
ၿပိဳင္ဘက္ကစားသမား လူးဝစ္ဒီယက္ဇ္ကို ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့ၿပီး သူက

ဟန္အမူအယာပိုခဲ့လို႔ အနီကတ္ျပထုတ္ပယ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

 

ဒီပြဲမွာေပၚတိုက ၃-၀ နဲ႔အႏိုင္ရရွိခဲ့ေပမယ့္ ေအာ့တာမန္ဒီ ရဲ႕လုပ္ရပ္ကလူအမ်ား

ေျပာစရာျဖစ္ခဲ့ရတာပါ။ သူဟာေဘာလုံးရယူဖို႔ႀကိဳးစားတဲ့ ဒီယက္ဇ္ရဲ႕မ်က္ႏွာကို

သူ႔လက္ေမာင္းနဲ႔ေျပးေဆာင့္ခဲ့ေပမယ့္ ဒိုက္ကိုလွည့္စားႏိုင္ဖို႔ သူကမ်က္ႏွာအုပ္ၿပီး

လွဲခ်ခဲ့တာပါ။ ေအာ့တာမန္ဒီက ဘယ္ေလာက္အထိအမူအယာပိုခဲ့သလဲဆိုရင္

ကြင္းထဲမွာဒီယက္ဇ္လဲက်ခဲ့ၿပီး ျပန္ထတဲ့အခ်ိန္အထိသူကလည္း မထဘဲနာက်င္

ဟန္ေဆာင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာအဲဒီအာဂ်င္တီးနားသားရဲ႕ရွက္စရာေကာင္းတဲ့

ဟန္ေဆာင္မႈျဖစ္ခဲ့ေပမယ့္ ဒိုင္လူႀကီးကိုေတာ့အ႐ူးလုပ္လို႔မရခဲ့ဘဲ အဝါကတ္

ျပခံခဲ့ရတာပါ။ မန္စီးတီးေနာက္ခံလူေဟာင္းျဖစ္တဲ့ ေအာ့တာမန္ဒီဟာ ပထမ

အဝါကတ္ထိထားၿပီးျဖစ္လို႔ အနီကတ္နဲ႔ပါထုတ္ပယ္ခံလိုက္ရတာျဖစ္ပါတယ္။
အခုျဖစ္ရပ္ဟာပြဲၿပီးကာနီးမွာ ေပၚေပါက္ခဲ့တာျဖစ္ၿပီး ေပၚတိုကလည္း ၃-၀ နဲ႔ႏိုင္

ၿပီးသားျဖစ္လို႔ ပြဲရလဒ္ကိုဘယ္လိုမွမေျပာင္းႏိုင္တဲ့ အေျခအေနျဖစ္တာေၾကာင့္

ေအာ့တာမန္ဒီရဲ႕လုပ္ရပ္ဟာ မိုက္မဲၿပီးအသိဥာဏ္မရွိတဲ့သူေတြရဲ႕လုပ္ရပ္မ်ိဳးလို႔လည္း

နည္းျပေဂ်ာ့ဂ်ီးဆပ္ ရဲ႕အျပစ္တင္ျခင္းကိုလည္းခံခဲ့ရပါတယ္။ သူဟာဒီရာသီဘင္ဖီကာ

အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရေနသူျဖစ္ၿပီး ၿပိဳင္ပြဲအရပ္ရပ္ ၂၃ ပြဲကစားခဲ့သူျဖစ္ပါတယ္။

 

သူဟာ ၂၀၂၀ စက္တင္ဘာလတုန္းကမန္စီးတီးကေနေပါင္ ၁၃.၇ သန္းနဲ႔ ဘင္ဖီကာကို

ေျပာင္းလာခဲ့သူျဖစ္ပါတယ္။ ဘင္ဖီကာ ဟာဖလားပြဲမွာေပၚတိုကိုရႈံးခဲ့တဲ့အျပင္ ေပၚတူဂီ

ပရီးမီးယားလိဂ္မွာလည္း ထိပ္ဆုံးကဦးေဆာင္ေနတဲ့ ေပၚတိုေနာက္မွာ ၄ မွတ္အကြာနဲ႔

တတိယေနရာမွာရွိေနပါတယ္။ လက္ရွိမွာ ၁၅ ပြဲကစားၿပီး ၃၇ မွတ္ရထားတဲ့ ဘင္ဖီကာ

ဟာလာမယ့္ ဒီဇင္ဘာ ၃၀ မွာ ေပၚတိုနဲ႔အိမ္ကြင္းကစားရဦးမွာျဖစ္ပါတယ္။