အော့တာမန်ဒီကို အရေးယူဖို့ ပျက်ကွက်ခဲ့လို့ ကွင်းလယ်ဒိုင်နဲ့ VAR ကို အရေးယူပိတ်ပင်

အာဂျင်တီးနား ၀-၀ ဘရာဇီးတို့ရဲ့ တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ

ဘရာဇီးတောင်ပံကစားသမား ရာဖင်ဟာရဲ့ ပါးစပ်မှာ ၅ ချက်ချုပ်ရတဲ့အထိ

တံတောင်ကျွေးခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူ အော့တာမန်ဒီကို

အရေးယူဖို့ ပျက်ကွက်ခဲ့လို့ ကွင်းလယ်ဒိုင်လူကြီး အန်ဒရက်စ်ကူညာနဲ့

VAR ဒိုင် အက်စ်တီဘန်အော့စတိွုက်တို့ ၂ ဦးကို တောင်အမေရိက

ဘောလုံးအဖွဲ့ချုပ်က ပွဲတာဝန်ယူခွင့်ပိတ်ပင် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

ဘရာဇီးဟာ အာဂျင်တီးနားနဲ့ မကစားခင်ကတည်းက

ခြေစစ်ပွဲအောင်ခဲ့ပြီးဖြစ်ပေမယ့် အာဂျင်တီးနားကတော့

ဘရာဇီးပွဲအပြီးမှသာ ခြေစစ်ပွဲအောင်သွားခဲ့တာဖြစ်ပါတယ်။

တောင်အမေရိကဇုန်မှာ ၂ သင်းလုံး​ ရှုံးပွဲမရှိကြသေးသလို ထိပ်ဆုံးက

ဦးဆောင်နေတဲ့ ၂ သင်းဖြစ်ပေမယ့် ဒေသတွင်း ခါးသည်းတဲ့

ပြိုင်ဘက်တွေဖြစ်နေသလို ပွဲကစားခဲ့ရာမှာလည်း ကွင်းအတွင်းက

ကစားသမားတွေ အကြားမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။

ဘရာဇီးနည်းပြ တီတီကတော့ အော့တာမန်ဒီ အနီကတ်အပြမခံရလို့

ပြင်းထန်စွာပေါက်ကွဲခဲ့ပြီး အော့တာမန်ဒီရဲ့ တံတောင်တွက်မှုကို VAR က

မမြင်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်သလို ဒီလိုပုံနဲ့ အရည်အသွေးရှိ အဆင့်မြင့်

VAR ဒိုင်မဖြစ်ဘူးလို့လည်း ထပ်ခါထပ်ခါ ဝေဖန်ခဲ့ပါသေးတယ်။

ရာဖင်ဟာကို တံတောင်ကျွေးခဲ့တဲ့ အော့တာမန်ဒီရဲ့ လုပ်ရပ်ကို

ဘရာဇီးပရိသတ်တွေအကြားမှာလည်း ဒေါသတွေ ထွက်ခဲ့ပြီး

လူမှုကွန်ရက်တွေမှာ ဝေဖန်ခဲ့ကြပါတယ်။ အာဆင်နယ်နဲ့

ဘရာဇီးကစားသမားဟောင်း ဂီလ်ဘာတိုဆေးလ်ဗားကတော့

“VAR အိပ်နေလိုက်တော့” လို့ အင်စတာဂရမ်မှာ ရေးသားဝေဖန်ခဲ့သလို

သူ့အရှေ့မှာဖြစ်သွားတာကို လျစ်လျူရူ့ခဲ့တဲ့ စည်းကြပ်ဒိုင်ကိုပါ

ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ အော့တာမန်ဒီကတော့ အဲ့ဒိဖြစ်စဥ်မှာ

သူ့အနေနဲ့ ဘောလုံးကိုပဲ အပြည့်အဝ အာရုံစိုက်ခဲ့တယ်လို့

အင်စတာဂရမ်မှာ ပြန်လည်ရှင်းလင်း ရေးတင်ခဲ့ပါတယ်။

ချီလီ ၀-၂ အီကွေဒေါတို့ရဲ့ ပွဲစဥ္မှာလည်း ချီလီကွင်းလယ်လူ

ဗီဒယ်က အီကွေဒေါကစားသမား ဖီးလစ်တောရက်စ်ရဲ့ မျက်နှာကို

ကွန်ဖူးကန်ချက်နဲ့ ကန်ခဲ့တဲ့ ဖြစ်စဥ္ဖြစ်ပွားခဲ့ပြီး ဗီဒယ်ကတော့ အနီကတ် အပြခံခဲ့ရပါတယ်။

zawgyi

ေအာ့တာမန္ဒီကို အေရးယူဖို႔ ပ်က္ကြက္ခဲ့လို႔ ကြင္းလယ္ဒိုင္နဲ႔ VAR ကို အေရးယူပိတ္ပင္

အာဂ်င္တီးနား ၀-၀ ဘရာဇီးတို႔ရဲ႕ ေတာင္အေမရိကဇုန္ ေျခစစ္ပြဲမွာ

ဘရာဇီးေတာင္ပံကစားသမား ရာဖင္ဟာရဲ႕ ပါးစပ္မွာ ၅ ခ်က္ခ်ဳပ္ရတဲ့အထိ

တံေတာင္ေကြၽးခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူ ေအာ့တာမန္ဒီကို

အေရးယူဖို႔ ပ်က္ကြက္ခဲ့လို႔ ကြင္းလယ္ဒိုင္လူႀကီး အန္ဒရက္စ္ကူညာနဲ႔

VAR ဒိုင္ အက္စ္တီဘန္ေအာ့စတိြဳက္တို႔ ၂ ဦးကို ေတာင္အေမရိက

ေဘာလုံးအဖြဲ႕ခ်ဳပ္က ပြဲတာဝန္ယူခြင့္ပိတ္ပင္ ျပစ္ဒဏ္ခ်မွတ္လိုက္ပါတယ္။

ဘရာဇီးဟာ အာဂ်င္တီးနားနဲ႔ မကစားခင္ကတည္းက

ေျခစစ္ပြဲေအာင္ခဲ့ၿပီးျဖစ္ေပမယ့္ အာဂ်င္တီးနားကေတာ့

ဘရာဇီးပြဲအၿပီးမွသာ ေျခစစ္ပြဲေအာင္သြားခဲ့တာျဖစ္ပါတယ္။

ေတာင္အေမရိကဇုန္မွာ ၂ သင္းလုံး​ ရႈံးပြဲမရွိၾကေသးသလို ထိပ္ဆုံးက

ဦးေဆာင္ေနတဲ့ ၂ သင္းျဖစ္ေပမယ့္ ေဒသတြင္း ခါးသည္းတဲ့

ၿပိဳင္ဘက္ေတြျဖစ္ေနသလို ပြဲကစားခဲ့ရာမွာလည္း ကြင္းအတြင္းက

ကစားသမားေတြ အၾကားမွာပါ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။

ဘရာဇီးနည္းျပ တီတီကေတာ့ ေအာ့တာမန္ဒီ အနီကတ္အျပမခံရလို႔

ျပင္းထန္စြာေပါက္ကြဲခဲ့ၿပီး ေအာ့တာမန္ဒီရဲ႕ တံေတာင္တြက္မႈကို VAR က

မျမင္ဘူးဆိုတာ လုံးဝ မျဖစ္ႏိုင္သလို ဒီလိုပုံနဲ႔ အရည္အေသြးရွိ အဆင့္ျမင့္

VAR ဒိုင္မျဖစ္ဘူးလို႔လည္း ထပ္ခါထပ္ခါ ေဝဖန္ခဲ့ပါေသးတယ္။

ရာဖင္ဟာကို တံေတာင္ေကြၽးခဲ့တဲ့ ေအာ့တာမန္ဒီရဲ႕ လုပ္ရပ္ကို

ဘရာဇီးပရိသတ္ေတြအၾကားမွာလည္း ေဒါသေတြ ထြက္ခဲ့ၿပီး

လူမႈကြန္ရက္ေတြမွာ ေဝဖန္ခဲ့ၾကပါတယ္။ အာဆင္နယ္နဲ႔

ဘရာဇီးကစားသမားေဟာင္း ဂီလ္ဘာတိုေဆးလ္ဗားကေတာ့

“VAR အိပ္ေနလိုက္ေတာ့” လို႔ အင္စတာဂရမ္မွာ ေရးသားေဝဖန္ခဲ့သလို

သူ႔အေရွ႕မွာျဖစ္သြားတာကို လ်စ္လ်ဴ႐ူ႕ခဲ့တဲ့ စည္းၾကပ္ဒိုင္ကိုပါ

ေဝဖန္ျပစ္တင္ခဲ့ပါတယ္။ ေအာ့တာမန္ဒီကေတာ့ အဲ့ဒိျဖစ္စဥ္မွာ

သူ႔အေနနဲ႔ ေဘာလုံးကိုပဲ အျပည့္အဝ အာ႐ုံစိုက္ခဲ့တယ္လို႔

အင္စတာဂရမ္မွာ ျပန္လည္ရွင္းလင္း ေရးတင္ခဲ့ပါတယ္။

ခ်ီလီ ၀-၂ အီေကြေဒါတို႔ရဲ႕ ပြဲစၪၼွာလည္း ခ်ီလီကြင္းလယ္လူ

ဗီဒယ္က အီေကြေဒါကစားသမား ဖီးလစ္ေတာရက္စ္ရဲ႕ မ်က္ႏွာကို

ကြန္ဖူးကန္ခ်က္နဲ႔ ကန္ခဲ့တဲ့ ျဖစ္စၪၹျစ္ပြားခဲ့ၿပီး ဗီဒယ္ကေတာ့ အနီကတ္ အျပခံခဲ့ရပါတယ္။