
လက်ရှိချန်ပီယံပြင်သစ်အသင်းဟာ အာဂျင်တီးနားနဲ့ကစားမယ့် ဗိုလ်လုပွဲကျရင် ၂၀၁၈ ဗိုလ်လုပွဲတုန်းက ဝတ်ဆင်ခဲ့တဲ့ ဂျာစီပုံစံအတိုင်း
အင်္ကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်တို့ကို အပြာရောင်ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။
ပြင်သစ်အသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို (၂)ကြိမ်ဆက်တက်ရောက်နိုင်ခဲ့ပြီး
အီတလီ(၁၉၃၄၊ ၁၉၃၈)၊ ဘရာဇီးလ် (၁၉၅၈၊ ၁၉၆၂)တို့နောက်ပိုင်း
ကမ္ဘာ့ဖလားချန်ပီယံဆု (၂)ကြိမ်ဆက်ဆွတ်ခူးနိုင်တဲ့ တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ဖို့ ကြိုးစားရမှာပါ။
ဒါ့အပြင် ပြင်သစ်နာမည်ကျော်ကစားသမား ဘာပေ(၂၃နှစ်)ဟာလည်း ဘရာဇီးလ်ဂန္ထဝင်ပီလီနောက်ပိုင်း
ကမ္ဘာ့ဖလားချန်ပီယံဆု(၂)ကြိမ်ဆက် ရယူနိုင်တဲ့ အသက်အငယ်ဆုံးကစားသမား၊ ကမ္ဘာ့ဖလားဗိုလ်လုပွဲ(၂)ပွဲဆက်
ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံးကစားသမားစတဲ့ စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပွဲအများစုမှာ ဂျာစီအပြာ၊ ဘောင်းဘီအဖြူ၊ ခြေအိတ်အနီရောင်နဲ့ ဝတ်ဆင်ကစားခဲ့တဲ့ ပြင်သစ်အသင်းဟာ
အာဂျင်တီးနားနဲ့ဗိုလ်လုပွဲမှာ ရလဒ်ကောင်းအောင် အတိတ်နမိတ်ယူတဲ့အနေနဲ့ ၂၀၁၈ ဗိုလ်လုပွဲတုန်းက ခရိုအေးရှားကို အနိုင်ရတဲ့ပွဲကအတိုင်း
တစ်ကိုယ်လုံးကို အပြာရောင်ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကစားသမားတွေဟာ ဂျာစီ၊ ဘောင်းဘီနဲ့ ခြေအိတ်တို့ကို နက်ပြာရောင်ဝတ်ဆင်ကစားခဲ့ပါတယ်။
အခုလည်း ပြင်သစ်တို့ တစ်ကိုယ်လုံး အပြာရောင်ဝတ်ဆင်သွားမှာဖြစ်ပေမယ့် အဲဒီအတိုင်းကစားခဲ့တဲ့ အုပ်စုတွင်းပွဲမှာတော့ ရလဒ်မကောင်းခဲ့ပါဘူး။
ပြင်သစ်အသင်းဟာ တူနီးရှားနဲ့အုပ်စုနောက်ဆုံးပွဲမှာ ဂျာစီအပြာ၊ ဘောင်းဘီအပြာ၊ ခြေအိတ်အပြာဝတ်ဆင်ခဲ့ပြီး (၁-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။
အဲဒါကြောင့် ပြင်သစ်အသင်း ၂၀၁၈ ကလိုပဲ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မလား . .
တူနီးရှားနဲ့ပွဲတုန်းကလို အာဂျင်တီးနားကို ရှုံးပွဲတွေ့သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ . .
zawgyi
ေအာင္အတိတ္၊ ေအာင္နမိတ္ေဆာင္ႏိုင္ေအာင္ ၂၀၁၈ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက ဂ်ာစီပုံစံအတိုင္း လာမယ့္ဗိုလ္လုပြဲမွာ ဝတ္ဆင္သြားမယ့္ ျပင္သစ္
လက္ရွိခ်န္ပီယံျပင္သစ္အသင္းဟာ အာဂ်င္တီးနားနဲ႔ကစားမယ့္ ဗိုလ္လုပြဲက်ရင္ ၂၀၁၈ ဗိုလ္လုပြဲတုန္းက ဝတ္ဆင္ခဲ့တဲ့ ဂ်ာစီပုံစံအတိုင္း
အက်ႌ၊ ေဘာင္းဘီနဲ႔ ေျခအိတ္တို႔ကို အျပာေရာင္ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။
ျပင္သစ္အသင္းဟာ သူတို႔ရဲ႕ သမိုင္းတစ္ေလွ်ာက္ ပထမဆုံးအျဖစ္ ကမာၻ႔ဖလားဗိုလ္လုပြဲကို (၂)ႀကိမ္ဆက္တက္ေရာက္ႏိုင္ခဲ့ၿပီး
အီတလီ(၁၉၃၄၊ ၁၉၃၈)၊ ဘရာဇီးလ္ (၁၉၅၈၊ ၁၉၆၂)တို႔ေနာက္ပိုင္း
ကမာၻ႔ဖလားခ်န္ပီယံဆု (၂)ႀကိမ္ဆက္ဆြတ္ခူးႏိုင္တဲ့ တတိယေျမာက္အသင္းအျဖစ္ မွတ္တမ္းဝင္ဖို႔ ႀကိဳးစားရမွာပါ။
ဒါ့အျပင္ ျပင္သစ္နာမည္ေက်ာ္ကစားသမား ဘာေပ(၂၃ႏွစ္)ဟာလည္း ဘရာဇီးလ္ဂႏၴဝင္ပီလီေနာက္ပိုင္း
ကမာၻ႔ဖလားခ်န္ပီယံဆု(၂)ႀကိမ္ဆက္ ရယူႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမား၊ ကမာၻ႔ဖလားဗိုလ္လုပြဲ(၂)ပြဲဆက္
ဂိုးသြင္းႏိုင္တဲ့ အသက္အငယ္ဆုံးကစားသမားစတဲ့ စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ဖို႔ အခြင့္အေရးရွိေနပါတယ္။
၂၀၂၂ ကမာၻ႔ဖလားပြဲအမ်ားစုမွာ ဂ်ာစီအျပာ၊ ေဘာင္းဘီအျဖဴ၊ ေျခအိတ္အနီေရာင္နဲ႔ ဝတ္ဆင္ကစားခဲ့တဲ့ ျပင္သစ္အသင္းဟာ
အာဂ်င္တီးနားနဲ႔ဗိုလ္လုပြဲမွာ ရလဒ္ေကာင္းေအာင္ အတိတ္နမိတ္ယူတဲ့အေနနဲ႔ ၂၀၁၈ ဗိုလ္လုပြဲတုန္းက ခ႐ိုေအးရွားကို အႏိုင္ရတဲ့ပြဲကအတိုင္း
တစ္ကိုယ္လုံးကို အျပာေရာင္ဝတ္ဆင္ကစားသြားမွာျဖစ္ပါတယ္။
၂၀၁၈ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ျပင္သစ္ကစားသမားေတြဟာ ဂ်ာစီ၊ ေဘာင္းဘီနဲ႔ ေျခအိတ္တို႔ကို နက္ျပာေရာင္ဝတ္ဆင္ကစားခဲ့ပါတယ္။
အခုလည္း ျပင္သစ္တို႔ တစ္ကိုယ္လုံး အျပာေရာင္ဝတ္ဆင္သြားမွာျဖစ္ေပမယ့္ အဲဒီအတိုင္းကစားခဲ့တဲ့ အုပ္စုတြင္းပြဲမွာေတာ့ ရလဒ္မေကာင္းခဲ့ပါဘူး။
ျပင္သစ္အသင္းဟာ တူနီးရွားနဲ႔အုပ္စုေနာက္ဆုံးပြဲမွာ ဂ်ာစီအျပာ၊ ေဘာင္းဘီအျပာ၊ ေျခအိတ္အျပာဝတ္ဆင္ခဲ့ၿပီး (၁-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့ပါတယ္။
အဲဒါေၾကာင့္ ျပင္သစ္အသင္း ၂၀၁၈ ကလိုပဲ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံႏိုင္မလား . .
တူနီးရွားနဲ႔ပြဲတုန္းကလို အာဂ်င္တီးနားကို ရႈံးပြဲေတြ႕သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ . .