အေဘရာဟမ်က ဆန်ချို လို ကစားသမားမျိုးနဲ့ တွဲကစားခွင့်ရဖို့ဆိုတာ တိုက်စစ်မှူးတွေရဲ့ အိမ်မက်ပဲလို့ ဖွင့်ဟ

ရိုးမားအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး အေဘရာဟမ် က မန်ယူနိုက်တက်အသင်းရဲ့

အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချို ကို ချီးကျူးစကားဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်း နောက်ဆုံးကစားခဲ့တဲ့ အန်ဒိုရာအသင်းနဲ့ ပွဲစဉ်မှာ နည်းပြ

ဆောက်ဂိတ် က အေဘရာဟမ် နဲ့ ဆန်ချို တို့ကို တိုက်စစ်မှာ အတူပွဲထုတ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ဆန်ချို က အကောင်းဆုံးပုံစံပြသခဲ့ပြီး အေဘရာဟမ် နဲ့ ဘင်ချီးဝဲလ် တို့ရဲ့

သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပါတယ်။

ဆန်ချို ရဲ့ ကစားပုံနဲ့ ပတ်သက်ပြီး အေဘရာဟမ် က “ ဂိုးဖန်တီးပေးဖို့ကိုပဲ ဂရုစိုက်တဲ့

ဆန်ချို လို ကစားသမားမျိုးနဲ့ တွဲကစားခွင့်ရဖို့ဆိုတာ တိုက်စစ်မှူးတွေရဲ့ အိမ်မက်ပါ။

အခုချိန်မှာ တောင်ပံကစားသမားတွေဆီကနေ ဂိုးဖန်တီးပေးမှုတွေကို အများကြီး

မျှော်လင့်လို့မရတော့ဘူး။ ဂိုးဖန်တီးပေးဖို့ကို ဂရုမစိုက်ပဲ ကိုယ်တိုင်ဂိုးသွင်းဖို့ကိုသာ

အားသန်နေတဲ့ တောင်ပံကစားသမားတွေ အများကြီးပဲ “ လို့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟခဲ့ပါတယ်။

ဆန်ချို ဟာ မန်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲကစားပေးပြီးချိန်မှာ

သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကို မလုပ်နိုင်သေးပေမယ့် အင်္ဂလန်အတွက်

ကစားပေးခဲ့ရာမှာတော့ ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပြီး

ပုံမှန်ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့တာကြောင့် သူ့အနေနဲ့ ဖိအားတွေ

အောက်ကနေ ခဏတာလွတ်မြောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အခုဆိုရင် ဆန်ချို ပေါ်မှာ သက်ရောက်ခဲ့တဲ့ ဖိအားတွေက ယူနိုက်တက်နည်းပြ

ဆိုးလ်ရှား ပေါ်ကို ရောက်သွားခဲ့ပြီလို့ ပြောနိုင်ပါတယ်။ ကစားသမားတဦးက

ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါခြေစွမ်းဆိုးရွားနေတယ်ဆိုရင်တော့

ကာယကံရှင်ကစားသမားကသာ ဝေဖန်မှုတွေကို ခံယူရမှာပါ။ ဒါပေမဲ့

ကလပ်အသင်းမှာ ရုန်းကန်နေရပြီး နိုင်ငံအသင်းမှာ ခြေစွမ်းပြသနေရင်တော့

နည်းပြတွေနဲ့ သက်ဆိုင်လာပါပြီ။ နောက်လာမယ့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေမှာ

ဆန်ချို ရဲ့ ပုံစံကောင်းတွေ ဆက်လက်ပျောက်ဆုံးနေဦးမယ်ဆိုရင်တော့

တာဝန်အရှိဆုံးသူဟာ ဆိုးလ်ရှား ပဲ ဖြစ်မှာပါ။

zawgyi

ေအဘရာဟမ္က ဆန္ခ်ိဳ လို ကစားသမားမ်ိဳးနဲ႔ တြဲကစားခြင့္ရဖို႔ဆိုတာ တိုက္စစ္မႉးေတြရဲ႕ အိမ္မက္ပဲလို႔ ဖြင့္ဟ

႐ိုးမားအသင္းရဲ႕ အဂၤလန္တိုက္စစ္မႉး ေအဘရာဟမ္ က မန္ယူႏိုက္တက္အသင္းရဲ႕

အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ိဳ ကို ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

အဂၤလန္အသင္း ေနာက္ဆုံးကစားခဲ့တဲ့ အန္ဒိုရာအသင္းနဲ႔ ပြဲစဥ္မွာ နည္းျပ

ေဆာက္ဂိတ္ က ေအဘရာဟမ္ နဲ႔ ဆန္ခ်ိဳ တို႔ကို တိုက္စစ္မွာ အတူပြဲထုတ္ခဲ့ပါတယ္။

အဲဒီပြဲမွာ ဆန္ခ်ိဳ က အေကာင္းဆုံးပုံစံျပသခဲ့ၿပီး ေအဘရာဟမ္ နဲ႔ ဘင္ခ်ီးဝဲလ္ တို႔ရဲ႕

သြင္းဂိုးေတြကို ဖန္တီးေပးခဲ့ပါတယ္။

ဆန္ခ်ိဳ ရဲ႕ ကစားပုံနဲ႔ ပတ္သက္ၿပီး ေအဘရာဟမ္ က “ ဂိုးဖန္တီးေပးဖို႔ကိုပဲ ဂ႐ုစိုက္တဲ့

ဆန္ခ်ိဳ လို ကစားသမားမ်ိဳးနဲ႔ တြဲကစားခြင့္ရဖို႔ဆိုတာ တိုက္စစ္မႉးေတြရဲ႕ အိမ္မက္ပါ။

အခုခ်ိန္မွာ ေတာင္ပံကစားသမားေတြဆီကေန ဂိုးဖန္တီးေပးမႈေတြကို အမ်ားႀကီး

ေမွ်ာ္လင့္လို႔မရေတာ့ဘူး။ ဂိုးဖန္တီးေပးဖို႔ကို ဂ႐ုမစိုက္ပဲ ကိုယ္တိုင္ဂိုးသြင္းဖို႔ကိုသာ

အားသန္ေနတဲ့ ေတာင္ပံကစားသမားေတြ အမ်ားႀကီးပဲ “ လို႔ သတင္းစာရွင္းလင္းပြဲမွာ ဖြင့္ဟခဲ့ပါတယ္။

ဆန္ခ်ိဳ ဟာ မန္ယူႏိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲကစားေပးၿပီးခ်ိန္မွ

ာ သြင္းဂိုးေတြ ၊ ဂိုးဖန္တီးမႈေတြကို မလုပ္ႏိုင္ေသးေပမယ့္ အဂၤလန္အတြက္

ကစားေပးခဲ့ရာမွာေတာ့ ဂိုးဖန္တီးမႈ ၂ ႀကိမ္အထိျပဳလုပ္ေပးႏိုင္ခဲ့ၿပီး

ပုံမွန္ေျခစြမ္းေတြကို ျပန္လည္ျပသႏိုင္ခဲ့တာေၾကာင့္ သူ႔အေနနဲ႔ ဖိအားေတြ

ေအာက္ကေန ခဏတာလြတ္ေျမာက္ခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

အခုဆိုရင္ ဆန္ခ်ိဳ ေပၚမွာ သက္ေရာက္ခဲ့တဲ့ ဖိအားေတြက ယူႏိုက္တက္နည္းျပ

ဆိုးလ္ရွား ေပၚကို ေရာက္သြားခဲ့ၿပီလို႔ ေျပာႏိုင္ပါတယ္။ ကစားသမားတဦးက

ကလပ္အသင္းမွာေရာ ႏိုင္ငံအသင္းမွာပါေျခစြမ္းဆိုး႐ြားေနတယ္ဆိုရင္ေတာ့

ကာယကံရွင္ကစားသမားကသာ ေဝဖန္မႈေတြကို ခံယူရမွာပါ။ ဒါေပမဲ့

ကလပ္အသင္းမွာ ႐ုန္းကန္ေနရၿပီး ႏိုင္ငံအသင္းမွာ ေျခစြမ္းျပသေနရင္ေတာ့

နည္းျပေတြနဲ႔ သက္ဆိုင္လာပါၿပီ။ ေနာက္လာမယ့္ ယူႏိုက္တက္ရဲ႕ ပြဲစဥ္ေတြမွာ

ဆန္ခ်ိဳ ရဲ႕ ပုံစံေကာင္းေတြ ဆက္လက္ေပ်ာက္ဆုံးေနဦးမယ္ဆိုရင္ေတာ့

တာဝန္အရွိဆုံးသူဟာ ဆိုးလ္ရွား ပဲ ျဖစ္မွာပါ။