
ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ ပြီးခဲ့တဲ့ အပတ်ကပဲ သူ အနှစ် ၂၀ နီးပါး
ပိုင်ဆိုင်လာတဲ့ ချဲလ်ဆီး အသင်းကို ရောင်းချတော့မှာ ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
ခရစ်စတယ် ပဲလေ့စ် နည်းပြဟောင်း တစ်ဦး ဖြစ်သူဆိုင်မွန် ဂျော်ဒန် က
အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်း အပေါ်ကလွဲပြီး ၊
ပရီးမီးယားလိဂ်နဲ့ အင်္ဂလိပ် ဘောလုံး လောက အပေါ်
ဘာတစ်ခုမှ အကျိုးမပြုတာကြောင့် ၊ ၎င်းတို့ အတွက်
အရှုပ်ထုပ် တစ်ခု သက်သာသွားတယ်လို့ ပြောဆိုထားပါတယ်။
ဆိုင်မွန် ဂျော်ဒန် က ” အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်း အတွက်က လွဲပြီး ၊
အင်္ဂလိပ် ဘောလုံးလောကမှာ ဖြစ်ပျက်ခဲ့တဲ့ အဆိုးရွားဆုံး အရာတွေထဲက တစ်ခုပါ။”
”ပရီးမီးယားလိဂ် ဟာ အမြင့် ပျံသန်းနေပြီးသား ဖြစ်သလို ၊
ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ခတွေကနေလည်း
ဝင်ငွေတွေ အများကြီး ရရှိပြီးသား ဖြစ်ပါတယ် ။
ချဲလ်ဆီးမှာ သူ လုပ်ခဲ့တဲ့ အရာက ငွေကြေး ဖောင်းပွမှုသာ ဖြစ်သလို ၊
သူဟာ ဘောလုံးလောကကို ငွေကြေးနဲ့ ဝယ်ယူလို့ ရတယ် ဆိုတဲ့
လုပ်ထုံးနဲ့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုး တိုင်းတာမှုကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။”
”ဒီတော့ ဘဏ္ဍာရေး အရ ငွေကြေး မတတ်နိုင်တာ
မင်းထိုက်နဲ့ မင်းကံဆိုတဲ့ သဘော သက်ရောက်သွားစေပါတယ် ။
အခုတော့ ကျွန်တော်တို့ သူ့ကြောင့် ဘာပြန်ရလိုက်လဲ ? ပေးဆပ်လိုစိတ် မရှိတဲ့ ၊
အချိန်တန်ရင် လစာပဲ မျှော်တတ်တဲ့ ကစားသမား မျိုးဆက် တစ်ခုသာ
အစားထိုး ပြန်ရလိုက်ပါတယ် ။ ”
“ငွေကြေး ဓန အင်အား ကြီးကြီးမားမား ပိုင်ဆိုင်ထားကြတဲ့
လူတစ်စုကို နိုင်ငံထဲ ဝင်လာခွင့်ပေး ၊ ကျေကျေနပ်နပ်ကြီးနဲ့
ဘောလုံး ကလပ်တွေကို လည်ပတ်ခွင့် ပေးမိတာရဲ့
နောက်ဆက်တွဲ အကျိုးဆက်က ဘာလဲ ဆိုရင်ဘောလုံးလောကကို
ဖျက်ဆီးတဲ့ ငွေကြေး ဖောင်းပွမှုသာ ဖြစ်ပါတယ် ။
အမြတ်ထွက်ခဲ့တဲ့သူတွေကတော့ ကစားသမားတွေနဲ့ အေးဂျင့်တွေသာ ဖြစ်ပါတယ် ။
အခုတော့ အရှုပ်ထုပ် တစ်ခု ရှင်းသွားတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
zawgyi
႐ိုမန္ ေအဘရာမိုဗစ္ခ္် ဟာ ၿပီးခဲ့တဲ့ အပတ္ကပဲ သူ အႏွစ္ ၂၀ နီးပါး
ပိုင္ဆိုင္လာတဲ့ ခ်ဲလ္ဆီး အသင္းကို ေရာင္းခ်ေတာ့မွာ ျဖစ္ေၾကာင္း အသိေပးခဲ့ပါတယ္။
ခရစ္စတယ္ ပဲေလ့စ္ နည္းျပေဟာင္း တစ္ဦး ျဖစ္သူဆိုင္မြန္ ေဂ်ာ္ဒန္ က
ေအဘရာမိုဗစ္ခ္် ဟာ ခ်ဲလ္ဆီး အသင္း အေပၚကလြဲၿပီး ၊
ပရီးမီးယားလိဂ္နဲ႔ အဂၤလိပ္ ေဘာလုံး ေလာက အေပၚ
ဘာတစ္ခုမွ အက်ိဳးမျပဳတာေၾကာင့္ ၊ ၎တို႔ အတြက္
အရႈပ္ထုပ္ တစ္ခု သက္သာသြားတယ္လို႔ ေျပာဆိုထားပါတယ္။
ဆိုင္မြန္ ေဂ်ာ္ဒန္ က ” ေအဘရာမိုဗစ္ခ္် ဟာ ခ်ဲလ္ဆီး အသင္း အတြက္က လြဲၿပီး ၊
အဂၤလိပ္ ေဘာလုံးေလာကမွာ ျဖစ္ပ်က္ခဲ့တဲ့ အဆိုး႐ြားဆုံး အရာေတြထဲက တစ္ခုပါ။”
”ပရီးမီးယားလိဂ္ ဟာ အျမင့္ ပ်ံသန္းေနၿပီးသား ျဖစ္သလို ၊
႐ုပ္သံ တိုက္႐ိုက္ ထုတ္လႊင့္ခေတြကေနလည္း
ဝင္ေငြေတြ အမ်ားႀကီး ရရွိၿပီးသား ျဖစ္ပါတယ္ ။
ခ်ဲလ္ဆီးမွာ သူ လုပ္ခဲ့တဲ့ အရာက ေငြေၾကး ေဖာင္းပြမႈသာ ျဖစ္သလို ၊
သူဟာ ေဘာလုံးေလာကကို ေငြေၾကးနဲ႔ ဝယ္ယူလို႔ ရတယ္ ဆိုတဲ့
လုပ္ထုံးနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုး တိုင္းတာမႈကို ေျပာင္းလဲ ပစ္ခဲ့ပါတယ္။”
”ဒီေတာ့ ဘ႑ာေရး အရ ေငြေၾကး မတတ္ႏိုင္တာ
မင္းထိုက္နဲ႔ မင္းကံဆိုတဲ့ သေဘာ သက္ေရာက္သြားေစပါတယ္ ။
အခုေတာ့ ကြၽန္ေတာ္တို႔ သူ႔ေၾကာင့္ ဘာျပန္ရလိုက္လဲ ? ေပးဆပ္လိုစိတ္ မရွိတဲ့ ၊
အခ်ိန္တန္ရင္ လစာပဲ ေမွ်ာ္တတ္တဲ့ ကစားသမား မ်ိဳးဆက္ တစ္ခုသာ
အစားထိုး ျပန္ရလိုက္ပါတယ္ ။ ”
“ေငြေၾကး ဓန အင္အား ႀကီးႀကီးမားမား ပိုင္ဆိုင္ထားၾကတဲ့
လူတစ္စုကို ႏိုင္ငံထဲ ဝင္လာခြင့္ေပး ၊ ေက်ေက်နပ္နပ္ႀကီးနဲ႔
ေဘာလုံး ကလပ္ေတြကို လည္ပတ္ခြင့္ ေပးမိတာရဲ႕
ေနာက္ဆက္တြဲ အက်ိဳးဆက္က ဘာလဲ ဆိုရင္ေဘာလုံးေလာကကို
ဖ်က္ဆီးတဲ့ ေငြေၾကး ေဖာင္းပြမႈသာ ျဖစ္ပါတယ္ ။
အျမတ္ထြက္ခဲ့တဲ့သူေတြကေတာ့ ကစားသမားေတြနဲ႔ ေအးဂ်င့္ေတြသာ ျဖစ္ပါတယ္ ။
အခုေတာ့ အရႈပ္ထုပ္ တစ္ခု ရွင္းသြားတာေပါ့ ။ ” လို႔ ေျပာၾကားခဲ့ပါတယ္ ။