အေဗရန်ဂရန့်ရဲ့ အသွေးအသား အာသာရမက်မီးတောက်ထဲက ဓားစာခံများအကြောင်း

အစ္စရေးလက်ရွေးစင်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့နည်းပြဟောင်းဖြစ်တဲ့

အေဗရမ်ဂရန့်ဟာ သူ့ရဲ့ထင်ပေါ်မှုကိုအသုံးပြုပြီး အမျိုသမီးလေးတွေရဲ့လိင်ပိုင်းဆိုင်ရာအပေါ်

မကြာခဏအနှောင့်အယှက်ပေးခဲ့တယ်လို့ ရုပ်သံကနေထုတ်ဖော်ခဲ့တဲ့စုံစမ်းစစ်ဆေးမှုတစ်ရပ်မှာ

ဖော်ပြခဲ့ပါတယ်။ Channel 12 ရဲ့စုံစမ်းမှုဖြစ်ပြီး Exposure လို့အမည်ပေးထားတဲ့ဒီထုတ်ပြန်မှုကို

ကိုယ်တိုင်မေးမြန်းမှုတွေလုပ်ခဲ့တဲ့ ဂျာနယ်လစ် ဟိန်အက်ဂါ ကတစ်နာရီနီးပါးကြာအောင်

တင်ဆက်သွားခဲ့တာဖြစ်ပါတယ်။ ဒီစုံစမ်းမှု အတွက်အမျိုးသမီးအချို့ကိုမေးမြန်းခဲ့ရာမှာ ဂရန့်ဟာ

သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုကိုအသုံးပြုကာ လိင်ပိုင်းဆိုင်ရာကျူးလွန်ဖို့အတွက်အတင်းအကျပ်အား

ထုတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

သူတို့တွေရဲ့ပြောကြားမှုတွေဟာ တပုံစံတည်းနီးပါးဖြစ်ပြီးအမျိုးသမီးလေးတွေဟာ

သူတို့အသက်မွေးဝမ်းကျောင်းလုပ်ငန်းရှေ့ဆက်နိုင်ဖို့အတွက် ကူညီပေးမယ်လို့ကမ်းလှမ်းခံရပြီး

အပြန်အလှန်အားဖြင့် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ဂရန့်ကကြံစည်ခဲ့ကာ

ငြင်းပယ်တဲ့သူတွေကိုလည်းနောက်ဆုံးမှာ လိုက်လျောလာတဲ့အထိဖိအားပေးခဲ့တာလို့လည်း

ဆိုကြပါတယ်။ ၂၀၂၀ ဇွန်လတုန်းက အသက် ၂၂ နှစ်သာရှိသေးတဲ့ အမျိုးသမီးက

အသက် ၆၇ နှစ်ရှိနေပြီဖြစ်တဲ့ ဂရန့်နဲ့ကြုံခဲ့ရပုံကိုအခုလိုဘဲပြောခဲ့ပါတယ်။ ဒီအမျိုးသမီးကို

ဂရန့်က တဲလ်အဗစ်မြို့မှာရှိတဲ့ သူ့တိုက်ခန်းကိုအလုပ်ရှာပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့

ခေါ်ယူခဲ့တာဖြစ်ပါတယ်။ သူက” ကျွန်မကိုအေးအေးဆေးဆေးနေပြီး အင်္ကျီတွေချွတ်ချဖို့

သူပြောခဲ့ပါတယ်။ ကျွန်မကတော့ သူနောက်နေတယ်ဘဲထင်တာပေါ့။ ကျွန်မကဆိုဖာရဲ့

အစွန်နားမှာထိုင်နေပြီး သူ့နဲ့နည်းနည်းလှမ်းပါတယ်။ ဒါနဲ့သူကကျွန်မအနားကိုကပ်လာပြီး

ပွေ့ဖက်ဖို့ကြိုးစားပြီး တကယ်လည်းဖက်ထားခဲ့ကာ ကျွန်မကိုမလွှတ်တော့ပါဘူး။

ဒီတော့ကျွန်မလည်းဘယ်လိုလုပ် နေသာထိုင်သာရှိတော့မလဲ။ သူ့လက်ကလည်း

ပေါင်ပေါ်ရောက်လာလို့ ချက်ချင်းဖယ်ခဲ့ရတာကို မှတ်မိပါသေးတယ်။ စက္ကန့်အနည်းငယ်လောက်

စကားပြောပြီးချိန်မှာသူကကျွန်မလည်ပင်းကိုဖက်ခဲ့လို့ အသက်ရှူတောင်ကျပ်လာပါတယ်။

ဒါနဲ့ ကျွန်မခေါင်းကိုလှည့်လိုက်တော့လည်း သူ့အားနဲ့နမ်းဖို့ကြိုးစားပြန်ပါရော။ ကျွန်မလည်း

ငြင်းတာပေါ့” လို့ပြောသွားပါတယ်။ ဒီအမျိုးသမီးကဘဲဆက်ပြီး ဂရန့်ဟာသူ့တိုက်ခန်းမှာ

ညအိပ်ဖို့အတင်းဖိအားပေးခဲ့တာကြောင့် ငြင်ဆန်ဖို့ခွန်အားမရှိဘဲဖြစ်ခဲ့တယ်လို့လည်း

ဆိုခဲ့ပါသေးတယ်။ သူကဆက်ပြီး” သူ့ကို နိုး လို့ပြောဖို့ကျွန်မခွန်အားမရှိခဲ့တော့ပါဘူး။

ဂရန့်ကထပ်ကြိုးစားလာပြီး ကျွန်မလက်ကိုသူ့ပေါင်ကြားထဲထည့်ထားခဲ့ပါတယ်။

ဒါနဲ့ကျွန်မလည်းရေချိုးခန်းထဲပြေးသွးပြီးငိုတော့တာပေါ့” လို့ဆိုပြန်ပါတယ်။

နောက်တစ်နေ့မနက်ပိုင်းသူမနိုးလာချိန်မှာ သူမဦးခေါင်းပေါ်ကနေ ဂရန့်က သူ့ငယ်ပါကို

ကိုင်ထားတာကိုလည်းတွေ့ခဲ့ရတဲ့အထိ ဂရန့်ကဆိုးရွားသောင်းကျန်းခဲ့တာပါ။

အဲဒီအမျိုးသမီးဟာ ဂရန့်ကိုထိပ်တိုက်တွေ့ခဲ့ပေမယ့် သူတို့ဖုန်းပြောကြတဲ့အခါမှာ ဂရန့်က

နှစ်ယောက်အလိုတူခဲ့သလိုပုံစံမျိုးပြောပြီးအသံဖမ်းယူထားခဲ့သေးတာဖြစ်ပါတယ်။

ဂရန့်ဒီလိုလုပ်ခဲ့တဲ့အထဲမှာ သူနဲ့အလုပ်အတူတွဲလုပ်ခဲ့ဘူးသူတွေ၊ တက်သစ်စ

အမျိုးသမီးဂျာနယ်လစ်တစ်ဦးနဲ့ ဒေသခံမိုဒယ်တစ်ယောက်လည်းပါဝင်ခဲ့ပါတယ်။ အဲဒီမော်ဒယ်ဆိုရင်

ဂရန့်ကကူညီပေးမယ်ဆိုလို့ အင်္ဂလန်ကိုလိုက်သွားခဲ့တာဖြစ်ပြီး ဟိုတယ်ခန်းထဲရောက်မှ

လိင်ဆက်ဆံဖို့အတင်းအကျပ်တောင်းဆိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီမော်ဒယ်ဟာ

အဲဒီဖြစ်ရပ်ကြောင့် သူ့ကိုလူတွေသတိထားမိကြမှာစိုးလို့ မော်ဒယ်ဘဝကိုစွန့်လိုက်တဲ့အထိ

ဖြစ်ခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့စုံစမ်းမှုနဲ့ပတ်သက်ပြီး ဂရန့်က ငြင်းပယ်ခြင်းမရှိပေမယ့်

မရည်ရွယ်ဘဲဖြစ်ခဲ့တာတွေအတွက် နှလုံးသားထဲကနေတောင်းပန်ပါကြောင်း၊

ဘယ်သူ့ကိုမှလည်း ထိခိုက်နာကျင်စေအောင် လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ဆိုခဲ့ပါတယ်။

Zawgyi

ေအဗရန္ဂရန႔္ရဲ့ အေသြးအသား အာသာရမက္မီးေတာက္ထဲက ဓားစာခံမ်ားအေၾကာင္း
အစၥေရးလက္ေ႐ြးစင္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕နည္းျပေဟာင္းျဖစ္တဲ့

ေအဗရမ္ဂရန႔္ဟာ သူ႔ရဲ႕ထင္ေပၚမႈကိုအသုံးျပဳၿပီး အမ်ိဳသမီးေလးေတြရဲ႕လိင္ပိုင္းဆိုင္ရာအေပၚ

မၾကာခဏအေႏွာင့္အယွက္ေပးခဲ့တယ္လို႔ ႐ုပ္သံကေနထုတ္ေဖာ္ခဲ့တဲ့စုံစမ္းစစ္ေဆးမႈတစ္ရပ္မွာ

ေဖာ္ျပခဲ့ပါတယ္။ Channel 12 ရဲ႕စုံစမ္းမႈျဖစ္ၿပီး Exposure လို႔အမည္ေပးထားတဲ့ဒီထုတ္ျပန္မႈကို

ကိုယ္တိုင္ေမးျမန္းမႈေတြလုပ္ခဲ့တဲ့ ဂ်ာနယ္လစ္ ဟိန္အက္ဂါ ကတစ္နာရီနီးပါးၾကာေအာင္

တင္ဆက္သြားခဲ့တာျဖစ္ပါတယ္။ ဒီစုံစမ္းမႈ အတြက္အမ်ိဳးသမီးအခ်ိဳ႕ကိုေမးျမန္းခဲ့ရာမွာ ဂရန႔္ဟာ

သူ႔ရဲ႕ထင္ေပၚေက်ာ္ၾကားမႈကိုအသုံးျပဳကာ လိင္ပိုင္းဆိုင္ရာက်ဴးလြန္ဖို႔အတြက္အတင္းအက်ပ္အား

ထုတ္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရပါတယ္။

 

သူတို႔ေတြရဲ႕ေျပာၾကားမႈေတြဟာ တပုံစံတည္းနီးပါးျဖစ္ၿပီးအမ်ိဳးသမီးေလးေတြဟာ

သူတို႔အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းေရွ႕ဆက္ႏိုင္ဖို႔အတြက္ ကူညီေပးမယ္လို႔ကမ္းလွမ္းခံရၿပီး

အျပန္အလွန္အားျဖင့္ လိင္ပိုင္းဆိုင္ရာအျမတ္ထုတ္ဖို႔ ဂရန႔္ကႀကံစည္ခဲ့ကာ

ျငင္းပယ္တဲ့သူေတြကိုလည္းေနာက္ဆုံးမွာ လိုက္ေလ်ာလာတဲ့အထိဖိအားေပးခဲ့တာလို႔လည္း

ဆိုၾကပါတယ္။ ၂၀၂၀ ဇြန္လတုန္းက အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ အမ်ိဳးသမီးက

အသက္ ၆၇ ႏွစ္ရွိေနၿပီျဖစ္တဲ့ ဂရန႔္နဲ႔ႀကဳံခဲ့ရပုံကိုအခုလိုဘဲေျပာခဲ့ပါတယ္။ ဒီအမ်ိဳးသမီးကို

ဂရန႔္က တဲလ္အဗစ္ၿမိဳ႕မွာရွိတဲ့ သူ႔တိုက္ခန္းကိုအလုပ္ရွာေပးမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔

ေခၚယူခဲ့တာျဖစ္ပါတယ္။ သူက” ကြၽန္မကိုေအးေအးေဆးေဆးေနၿပီး အက်ႌေတြခြၽတ္ခ်ဖို႔

သူေျပာခဲ့ပါတယ္။ ကြၽန္မကေတာ့ သူေနာက္ေနတယ္ဘဲထင္တာေပါ့။ ကြၽန္မကဆိုဖာရဲ႕

အစြန္နားမွာထိုင္ေနၿပီး သူ႔နဲ႔နည္းနည္းလွမ္းပါတယ္။ ဒါနဲ႔သူကကြၽန္မအနားကိုကပ္လာၿပီး

ေပြ႕ဖက္ဖို႔ႀကိဳးစားၿပီး တကယ္လည္းဖက္ထားခဲ့ကာ ကြၽန္မကိုမလႊတ္ေတာ့ပါဘူး။

ဒီေတာ့ကြၽန္မလည္းဘယ္လိုလုပ္ ေနသာထိုင္သာရွိေတာ့မလဲ။ သူ႔လက္ကလည္း

ေပါင္ေပၚေရာက္လာလို႔ ခ်က္ခ်င္းဖယ္ခဲ့ရတာကို မွတ္မိပါေသးတယ္။ စကၠန႔္အနည္းငယ္ေလာက္

စကားေျပာၿပီးခ်ိန္မွာသူကကြၽန္မလည္ပင္းကိုဖက္ခဲ့လို႔ အသက္ရႉေတာင္က်ပ္လာပါတယ္။

ဒါနဲ႔ ကြၽန္မေခါင္းကိုလွည့္လိုက္ေတာ့လည္း သူ႔အားနဲ႔နမ္းဖို႔ႀကိဳးစားျပန္ပါေရာ။ ကြၽန္မလည္း

ျငင္းတာေပါ့” လို႔ေျပာသြားပါတယ္။ ဒီအမ်ိဳးသမီးကဘဲဆက္ၿပီး ဂရန႔္ဟာသူ႔တိုက္ခန္းမွာ

ညအိပ္ဖို႔အတင္းဖိအားေပးခဲ့တာေၾကာင့္ ျငင္ဆန္ဖို႔ခြန္အားမရွိဘဲျဖစ္ခဲ့တယ္လို႔လည္း

ဆိုခဲ့ပါေသးတယ္။ သူကဆက္ၿပီး” သူ႔ကို ႏိုး လို႔ေျပာဖို႔ကြၽန္မခြန္အားမရွိခဲ့ေတာ့ပါဘူး။

ဂရန႔္ကထပ္ႀကိဳးစားလာၿပီး ကြၽန္မလက္ကိုသူ႔ေပါင္ၾကားထဲထည့္ထားခဲ့ပါတယ္။

ဒါနဲ႔ကြၽန္မလည္းေရခ်ိဳးခန္းထဲေျပးသြးၿပီးငိုေတာ့တာေပါ့” လို႔ဆိုျပန္ပါတယ္။

 

ေနာက္တစ္ေန႔မနက္ပိုင္းသူမႏိုးလာခ်ိန္မွာ သူမဦးေခါင္းေပၚကေန ဂရန႔္က သူ႔ငယ္ပါကို

ကိုင္ထားတာကိုလည္းေတြ႕ခဲ့ရတဲ့အထိ ဂရန႔္ကဆိုး႐ြားေသာင္းက်န္းခဲ့တာပါ။

အဲဒီအမ်ိဳးသမီးဟာ ဂရန႔္ကိုထိပ္တိုက္ေတြ႕ခဲ့ေပမယ့္ သူတို႔ဖုန္းေျပာၾကတဲ့အခါမွာ ဂရန႔္က

ႏွစ္ေယာက္အလိုတူခဲ့သလိုပုံစံမ်ိဳးေျပာၿပီးအသံဖမ္းယူထားခဲ့ေသးတာျဖစ္ပါတယ္။

ဂရန႔္ဒီလိုလုပ္ခဲ့တဲ့အထဲမွာ သူနဲ႔အလုပ္အတူတြဲလုပ္ခဲ့ဘူးသူေတြ၊ တက္သစ္စ

အမ်ိဳးသမီးဂ်ာနယ္လစ္တစ္ဦးနဲ႔ ေဒသခံမိုဒယ္တစ္ေယာက္လည္းပါဝင္ခဲ့ပါတယ္။ အဲဒီေမာ္ဒယ္ဆိုရင္

ဂရန႔္ကကူညီေပးမယ္ဆိုလို႔ အဂၤလန္ကိုလိုက္သြားခဲ့တာျဖစ္ၿပီး ဟိုတယ္ခန္းထဲေရာက္မွ

လိင္ဆက္ဆံဖို႔အတင္းအက်ပ္ေတာင္းဆိုခံခဲ့ရတာျဖစ္ပါတယ္။ ဒီေမာ္ဒယ္ဟာ

အဲဒီျဖစ္ရပ္ေၾကာင့္ သူ႔ကိုလူေတြသတိထားမိၾကမွာစိုးလို႔ ေမာ္ဒယ္ဘဝကိုစြန႔္လိုက္တဲ့အထိ

ျဖစ္ခဲ့ပါတယ္။ အခုထြက္ေပၚလာတဲ့စုံစမ္းမႈနဲ႔ပတ္သက္ၿပီး ဂရန႔္က ျငင္းပယ္ျခင္းမရွိေပမယ့္

မရည္႐ြယ္ဘဲျဖစ္ခဲ့တာေတြအတြက္ ႏွလုံးသားထဲကေနေတာင္းပန္ပါေၾကာင္း၊

ဘယ္သူ႔ကိုမွလည္း ထိခိုက္နာက်င္ေစေအာင္ လုပ္ေဆာင္ခဲ့ျခင္းမရွိေၾကာင္း ဆိုခဲ့ပါတယ္။