
ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ သားဖြစ်တဲ့ မက်ဆီမီလီယန်ဟာ ဖခင်နဲ့အတူ





အေစီမီလန်အသင်းလေ့ကျင့်ရေးမှာပါဝင်ခဲ့ပြီးနောက် စွမ်းဆောင်ရည်ကောင်းတွေ
ထုတ်ပြနိုင်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်





ပထမအကျော့မှာ ဘရာဟင်ဒိုင်ယက်ဇ်ရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့
စပါးကိုအနိုင်ယူကျော်ဖြတ်ခဲ့ပေမဲ့ ဒူးဒဏ်ရာခွဲစိတ်ထားတဲ့ အီဘရာဟီမိုဗစ်ကတော့
အချိန်မီပြန်မလာနိုင်သေးပါဘူး။ ဒါပေမဲ့ မတ်လအတွင်းယှဉ်ပြိုင်မယ့်





စပါးနဲ့ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာတော့ ဆွီဒင်ဝါရင့်
တိုက်စစ်မှူးကြီးကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ စပါးနဲ့ပထမအကျော့ပွဲစဉ်မှာ





ပါဝင်ခွင့်မရခဲ့တဲ့ အေစီမီလန်အသင်းစီနီယာကစားသမားတွေဟာ
အသက် ၁၈ နှစ်အောက်အသင်းနဲ့လေ့ကျင့်ရေးမှာခြေစမ်းကစားခဲ့ကြတာ
ဖြစ်တယ်။ သတင်းတွေအရတော့ နည်းပြပီအိုလီဟာ အီဘရာဟီမိုဗစ်ကို





သူ့ရဲ့အသက် ၁၆ နှစ်အရွယ်သားဖြစ်သူနဲ့တွဲကစားခွင့်ရဖို့အတွက်
နှစ်ဖက်အလဲအလှယ်လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။





ဇလာတန်ရဲ့ သားကြီးဖြစ်တဲ့ မက်ဆီမီလီယန်ဟာ အဲ့ဒီပွဲစဉ်မှာတော့
ဘယ်တောင်ပံတိုက်စစ်ကစားခဲ့ပြီး ဖခင်ကတော့ ညာဘက်ခြမ်း
တိုက်စစ်မှာပါဝင်ကစားသွားခဲ့တာဖြစ်တယ်။ အီဘရာဟီမိုဗစ်ဟာ





သားအဖနှစ်ယောက်ရဲ့ရင်သပ်ရှုမောဖွယ်ရာစုစည်းမှုတွေကို
သူ့ရဲ့တွစ်တာအကောင့် ကတစ်ဆင့် “အထက်ပါ ဗီဒီယိုပလေယာမှ





ာကြည့်ပါ၊ DNA” ဆိုတဲ့ စာတမ်းနဲ့အတူမျှဝေသွားခဲ့ပါတယ်။
ပရိသတ်တစ်ယောက်က “အဲ့ဒါက တွန်းအားတစ်ခုပဲ။ ပရော်ဖက်ရှင်နယ်
ဖြစ်နေတုန်းမှာ မင်းရဲ့သားဖြစ်သူနဲ့ အတူလေ့ကျင့်မှုကိုစိတ်ကူးယဉ်ကြည့်ပါ” လို့





မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က “သူ့အဖေရဲ့ ဘောလုံးစွမ်းရည်
တစ်ဝက်လောက်ရှိမယ်လို့မျှော်လင့်တယ်။ အဲ့လိုဆိုရင်တောင်





ဒီနေ့ခေတ်ကစားသမားတွေထက်ပိုကောင်းနေသေးတယ်” လို့
တုံ့ပြန်ခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “အသက်ကြီးတယ်လို့
ခံစားရသူတွေရှိလား” လို့ ရေးသားခဲ့သလို စတုတ္ထတစ်ယောက်က





“၂၀၀၆ ခုနှစ်မှာမွေးဖွားခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ မက်ဆီမီလီယန်ရဲ့
စစ်မှန်တဲ့ DNA ကိုကြည့်ပါ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်တယ်။





zawgyi
ေအစီမီလန္ေလ့က်င့္ေရးမွာ သားျဖစ္သူနဲ႔တြဲကစားခြင့္ရခဲ့တဲ့အတြက္ အီဘရာဟီမိုဗစ္ ဝမ္းသာမဆုံးျဖစ္ေန
ဇလာတန္အီဘရာဟီမိုဗစ္ရဲ႕ သားျဖစ္တဲ့ မက္ဆီမီလီယန္ဟာ ဖခင္နဲ႔အတူ





ေအစီမီလန္အသင္းေလ့က်င့္ေရးမွာပါဝင္ခဲ့ၿပီးေနာက္ စြမ္းေဆာင္ရည္ေကာင္းေတြ
ထုတ္ျပႏိုင္ခဲ့ပါတယ္။ ေအစီမီလန္အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္





ပထမအေက်ာ့မွာ ဘရာဟင္ဒိုင္ယက္ဇ္ရဲ႕တစ္လုံးတည္းေသာသြင္းဂိုးနဲ႔
စပါးကိုအႏိုင္ယူေက်ာ္ျဖတ္ခဲ့ေပမဲ့ ဒူးဒဏ္ရာခြဲစိတ္ထားတဲ့ အီဘရာဟီမိုဗစ္ကေတာ့
အခ်ိန္မီျပန္မလာႏိုင္ေသးပါဘူး။ ဒါေပမဲ့ မတ္လအတြင္းယွဥ္ၿပိဳင္မယ့္





စပါးနဲ႔ဒုတိယအေက်ာ့ အေဝးကြင္းပြဲစဥ္မွာေတာ့ ဆြီဒင္ဝါရင့္
တိုက္စစ္မႉးႀကီးကိုျမင္ေတြ႕ရဖို႔ရွိေနပါတယ္။ စပါးနဲ႔ပထမအေက်ာ့ပြဲစဥ္မွာ





ပါဝင္ခြင့္မရခဲ့တဲ့ ေအစီမီလန္အသင္းစီနီယာကစားသမားေတြဟာ
အသက္ ၁၈ ႏွစ္ေအာက္အသင္းနဲ႔ေလ့က်င့္ေရးမွာေျခစမ္းကစားခဲ့ၾကတာ
ျဖစ္တယ္။ သတင္းေတြအရေတာ့ နည္းျပပီအိုလီဟာ အီဘရာဟီမိုဗစ္ကို





သူ႔ရဲ႕အသက္ ၁၆ ႏွစ္အ႐ြယ္သားျဖစ္သူနဲ႔တြဲကစားခြင့္ရဖို႔အတြက္
ႏွစ္ဖက္အလဲအလွယ္လုပ္ေပးခဲ့တယ္လို႔ သိရပါတယ္။





ဇလာတန္ရဲ႕ သားႀကီးျဖစ္တဲ့ မက္ဆီမီလီယန္ဟာ အဲ့ဒီပြဲစဥ္မွာေတာ့
ဘယ္ေတာင္ပံတိုက္စစ္ကစားခဲ့ၿပီး ဖခင္ကေတာ့ ညာဘက္ျခမ္း
တိုက္စစ္မွာပါဝင္ကစားသြားခဲ့တာျဖစ္တယ္။ အီဘရာဟီမိုဗစ္ဟာ





သားအဖႏွစ္ေယာက္ရဲ႕ရင္သပ္ရႈေမာဖြယ္ရာစုစည္းမႈေတြကို
သူ႔ရဲ႕တြစ္တာအေကာင့္ ကတစ္ဆင့္ “အထက္ပါ ဗီဒီယိုပေလယာမွ





ာၾကည့္ပါ၊ DNA” ဆိုတဲ့ စာတမ္းနဲ႔အတူမွ်ေဝသြားခဲ့ပါတယ္။
ပရိသတ္တစ္ေယာက္က “အဲ့ဒါက တြန္းအားတစ္ခုပဲ။ ပေရာ္ဖက္ရွင္နယ္
ျဖစ္ေနတုန္းမွာ မင္းရဲ႕သားျဖစ္သူနဲ႔ အတူေလ့က်င့္မႈကိုစိတ္ကူးယဥ္ၾကည့္ပါ” လို႔





မွတ္ခ်က္ေပးခဲ့သလို ဒုတိယတစ္ေယာက္က “သူ႔အေဖရဲ႕ ေဘာလုံးစြမ္းရည္
တစ္ဝက္ေလာက္ရွိမယ္လို႔ေမွ်ာ္လင့္တယ္။ အဲ့လိုဆိုရင္ေတာင္





ဒီေန႔ေခတ္ကစားသမားေတြထက္ပိုေကာင္းေနေသးတယ္” လို႔
တုံ႔ျပန္ခဲ့ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “အသက္ႀကီးတယ္လို႔
ခံစားရသူေတြရွိလား” လို႔ ေရးသားခဲ့သလို စတုတၳတစ္ေယာက္က





“၂၀၀၆ ခုႏွစ္မွာေမြးဖြားခဲ့တဲ့ သူ႔ရဲ႕သားျဖစ္သူ မက္ဆီမီလီယန္ရဲ႕
စစ္မွန္တဲ့ DNA ကိုၾကည့္ပါ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္တယ္။