အေစီကွင်းလယ်လူ ဖရန့်ကက်စ်စီကို ပေါ့ဘာနေရာမှာ အစားထိုးဖို့ ယူနိုက်တက် စဉ်းစားထား

အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားမရဖြစ်နေတဲ့

ယူနိုက်တက်ရဲ့ယာယီနည်းပြ ရန်းနစ်ခ်ဟာ လာမယ့်ဈေးကွက်မှာ

အနည်းဆုံး ကွင်းလယ်ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ဖို့

ရည်မှန်းထားတယ်လို့သိရပါတယ်။

ယူနိုက်တက် အသင်းဟာ လာမယ့်နှစ် နွေရာသီ အပြောင်းအရွှေ့မှာ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့

အေစီမီလန် ကွင်းလယ်လူ ဖရန့်ကက်စ်စီကို စိတ်ဝင်စားမှုရှိပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်လူ ဖရန့် ဟာ

အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်လောက်တောင်

မကျန်တော့ပါဘူး။ အသင်းနဲ့ စာချုပ်သစ်သာ ထပ်မံ ချုပ်ဆိုခြင်း မရှိပါက

ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့

အသင်းပြောင်းနိုင်မယ့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ဖရန့်ဟာ ကြံ့ခိုင်မှု ကောင်းမွန်သလို ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ် စတဲ့

ကွင်းလယ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိကာ ဘယ်ခြေရော ၊ ညာခြေပါ

အားသန်သူ ဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းများ ရှိနေပြီး

အဲဒီထဲမှာ လီဗာပူးလည်း ပါပါတယ်။

တစ်ဖက်မှာ ယူနိုက်တက်နဲ့ ပြင်သစ်သားတို့ရဲ့ စာချုပ်ဟာ

ဇွန်လမှာ ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ညှိနှိုင်းမှုတွေကလည်း

မအောင်မြင်သေးတာကြောင့် ယူနိုက်တက်တို့ အနေနဲ့ ကွင်းလယ်လူကို

ခေါ်ယူဖို့ အလျင်အမြန်လုပ်ဆောင်နေရတာလည်းဖြစ်ပါတယ်။

ကက်စ်စီဟာ အတ္တလန်တာအသင်းမှာ ကစားစဉ်ကတည်းက

ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားချင်ကြောင်း လူသိရှင်ကြား

ဝန်ခံထားသူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ ငယ်ဘဝ အိပ်မက်အသင်းဟာ

မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်ပါတယ်။

အေစီမီလန်အသင်းကတော့ ကက်စ်စီကို လက်လွတ်ဆုံးရှုံးခဲ့မယ်ဆိုရင်

ယူရိုပြိုင်ပွဲမှာပေါ်တူဂီအသင်းနဲ့အတူ ခြေစွမ်းပြခဲ့တဲ့ လိုင်လီအသင်းက

ရီနာတို ဆန်ချက်ဇ်ကို ခေါ်ယူဖို့ပြင်ဆင်ထားတယ်လို့လည်း

သတင်းတွေက ဖော်ပြထားပါတယ်။

zawgyi

ေအစီကြင္းလယ္လူ ဖရန႔္ကက္စ္စီကို ေပါ့ဘာေနရာမွာ အစားထိုးဖို႔ ယူႏိုက္တက္ စဥ္းစားထား

အသင္းရဲ႕ ကြင္းလယ္ပိုင္းကို အားမရျဖစ္ေနတဲ့

ယူႏိုက္တက္ရဲ႕ယာယီနည္းျပ ရန္းနစ္ခ္ဟာ လာမယ့္ေဈးကြက္မွာ

အနည္းဆုံး ကြင္းလယ္ကစားသမား ႏွစ္ဦးကို ေခၚယူႏိုင္ဖို႔

ရည္မွန္းထားတယ္လို႔သိရပါတယ္။

ယူႏိုက္တက္ အသင္းဟာ လာမယ့္ႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့

ေအစီမီလန္ ကြင္းလယ္လူ ဖရန႔္ကက္စ္စီကို စိတ္ဝင္စားမႈရွိပါတယ္။

အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဖရန႔္ ဟာ

ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ေလာက္ေတာင္

မက်န္ေတာ့ပါဘူး။ အသင္းနဲ႔ စာခ်ဳပ္သစ္သာ ထပ္မံ ခ်ဳပ္ဆိုျခင္း မရွိပါက

ယခုႏွစ္ ေဘာလုံးရာသီ အကုန္မွာ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔

အသင္းေျပာင္းႏိုင္မယ့္ ကစားသမား တစ္ဦးလည္း ျဖစ္ပါတယ္။

ဖရန႔္ဟာ ႀကံ့ခိုင္မႈ ေကာင္းမြန္သလို ကြင္းလယ္ခံစစ္ ၊ ဗဟိုကြင္းလယ္ စတဲ့

ကြင္းလယ္ေနရာစုံမွာ ကစားႏိုင္စြမ္း ရွိကာ ဘယ္ေျခေရာ ၊ ညာေျခပါ

အားသန္သူ ျဖစ္တာေၾကာင့္ ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းမ်ား ရွိေနၿပီး

အဲဒီထဲမွာ လီဗာပူးလည္း ပါပါတယ္။

တစ္ဖက္မွာ ယူႏိုက္တက္နဲ႔ ျပင္သစ္သားတို႔ရဲ႕ စာခ်ဳပ္ဟာ

ဇြန္လမွာ ကုန္ဆုံးမွာျဖစ္ၿပီး သက္တမ္းတိုးဖို႔ ညႇိႏႈိင္းမႈေတြကလည္း

မေအာင္ျမင္ေသးတာေၾကာင့္ ယူႏိုက္တက္တို႔ အေနနဲ႔ ကြင္းလယ္လူကို

ေခၚယူဖို႔ အလ်င္အျမန္လုပ္ေဆာင္ေနရတာလည္းျဖစ္ပါတယ္။

ကက္စ္စီဟာ အတၱလန္တာအသင္းမွာ ကစားစဥ္ကတည္းက

ပရီးမီးယားလိဂ္ဆီ ေျပာင္းေ႐ႊ႕ ကစားခ်င္ေၾကာင္း လူသိရွင္ၾကား

ဝန္ခံထားသူ တစ္ဦး ျဖစ္ၿပီး သူ႔ရဲ႕ ငယ္ဘဝ အိပ္မက္အသင္းဟာ

မန္ခ်က္စတာ ယူႏိုက္တက္အသင္း ျဖစ္ပါတယ္။

ေအစီမီလန္အသင္းကေတာ့ ကက္စ္စီကို လက္လြတ္ဆုံးရႈံးခဲ့မယ္ဆိုရင္

ယူ႐ိုၿပိဳင္ပြဲမွာေပၚတူဂီအသင္းနဲ႔အတူ ေျခစြမ္းျပခဲ့တဲ့ လိုင္လီအသင္းက

ရီနာတို ဆန္ခ်က္ဇ္ကို ေခၚယူဖို႔ျပင္ဆင္ထားတယ္လို႔လည္း

သတင္းေတြက ေဖာ္ျပထားပါတယ္။