
ဗုဒ္ဓဟူးနေ့တုန်းက ဒေ့ါမွန်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ တာဒစ်က
အေဂျက်စ်အသင်းအတွက်အရေးပါတဲ့ချေပဂိုးသွင်းသွင်းယူခဲ့ပေမယ့်
ပေးဆပ်မှုကတော့ ကြီးမားခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ချေပဂိုးရအောင်လို့
သူ့ရဲ့ဖွားဖက်တော်ကို အနာခံပြီးဂိုးသွင်းခဲ့တာကြောင့် ဒီဂိုးဟာ ‘ချန်ပီယံလိဂ်ပြိုင်ပွဲ
သမိုင်းတစ်လျှောက် အနာကျင်ရဆုံးဂိုး’လို့တောင် တင်စားရမယ်။
ဟာသဆန်ဆန်ပြောရရင်တော့ တာဒစ်က ဘောလုံးတစ်လုံးဂိုးထဲဝင်ဖို့
ဘောလုံးနှစ်လုံးအနာခံပြီးတော့ ဂိုးသွင်းခဲ့တာပါပဲ။ တာဒစ်လိုအနေအထားမျိုးမပြောနဲ့
ကိုယ့်ရဲ့အတွင်းပစ္စည်းကို ဘောလုံးလာမှန်ရင် ဘယ်လောက်တောင်
အီစိမ့်သွားလဲဆိုတာ ဘောလုံးကစားဖူးတဲ့ ယောကျ်ားလေးတိုင်း နားလည်ကြမှာပါပဲ။
အခု တာဒစ်က (၈၅)သိန်းတန်သာမဟုတ်ဘဲ တန်ဖိုးမဖြတ်နိုင်တဲ့
အတွင်းပစ္စည်းပါထိခိုက်မိတာဆိုတော့ နောက်ဆုံးကျောက်ပတ်တီး
ကိုင်လိုက်ရတဲ့အထိဖြစ်သွားပါတော့တယ်။ အဲဒီပွဲအပြီး ကွင်းထဲကထွက်လာတဲ့
တာဒစ်ရဲ့ပုံကိုကြည့်ပြီးတော့ ကိုယ်ချင်းပဲစာပေးရမလား ..ရယ်ပဲရယ်ရမလားဆိုတာ
မသိတော့ပါဘူး။ တာဒစ်ဟာ သူ့ရဲ့အဖိုးမဖြတ်နိုင်တဲ့အရာကို
ကျောက်ပတ်တီးစည်းထားရတဲ့အပြင် ပတ်တီးနဲ့ချည်ပြီးတော့ စလွယ်သိုင်းထားတာက
ဘယ်လောက်များနေရထိုင်ရခက်မလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့။
တော်သေးတာက တာဒစ်ဟာ မြန်မာနိုင်ငံသားမဟုတ်လို့ပါပဲ။ မဟုတ်ရင်
ဒီပုံစံနဲ့ ဘတ်စ်ကားတိုးစီးဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ်ပါ ..ဒေ့ါမွန်နဲ့ပွဲမှာ တာဒစ်ရဲ့ချေပဂိုးကြောင့် အေဂျက်စ်အသင်း စိတ်ဓာတ်တက်လာပြီး
ဟော်လာ၊ ကလာဆင်တို့က အနိုင်ဂိုးတွေသွင်းယူပြီးတော့ (၃-၁)ဂိုးနဲ့
အနိုင်ယူခဲ့တဲ့အတွက် အခုဆို အေဂျက်စ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုတွင်း
(၄)ပွဲကစား၊ (၄)ပွဲနိုင်နဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ကို တက်ရောက်ခဲ့တဲ့အပြင်
ဒါက အသင်းရဲ့ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အကောင်းဆုံးအုပ်စုတွင်း
စွမ်းဆောင်ရည်ပါပဲ။ အေဂျက်စ်အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း
အသင်းခေါင်းဆောင်စိတ်ဓာတ်အပြည့်အဝနဲ့ အနာခံပြီးဂိုးသွင်းခဲ့တဲ့
တာဒစ်ရဲ့အဖိုးတန်ပစ္စည်းလေးကို ကျောက်ပတ်တီးအစား
ရွှေကွပ်ပေးဖို့ကောင်းတယ်လို့ ယူဆပါကြောင်း . . .
zawgyi
ေအဂ်က္စ္အသင္းအတြက္အေရးပါတဲ့ေခ်ပဂိုးသြင္းသြင္းယူခဲ့ေပမယ့္ ေပးဆပ္မႈ ႀကီးမားခဲ့တဲ့ တာဒစ္
ဗုဒၶဟူးေန႔တုန္းက ေဒ့ါမြန္နဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာ တာဒစ္က
ေအဂ်က္စ္အသင္းအတြက္အေရးပါတဲ့ေခ်ပဂိုးသြင္းသြင္းယူခဲ့ေပမယ့္
ေပးဆပ္မႈကေတာ့ ႀကီးမားခဲ့တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက ေခ်ပဂိုးရေအာင္လို႔
သူ႔ရဲ႕ဖြားဖက္ေတာ္ကို အနာခံၿပီးဂိုးသြင္းခဲ့တာေၾကာင့္ ဒီဂိုးဟာ ‘ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ
သမိုင္းတစ္ေလွ်ာက္ အနာက်င္ရဆုံးဂိုး’လို႔ေတာင္ တင္စားရမယ္။
ဟာသဆန္ဆန္ေျပာရရင္ေတာ့ တာဒစ္က ေဘာလုံးတစ္လုံးဂိုးထဲဝင္ဖို႔
ေဘာလုံးႏွစ္လုံးအနာခံၿပီးေတာ့ ဂိုးသြင္းခဲ့တာပါပဲ။ တာဒစ္လိုအေနအထားမ်ိဳးမေျပာနဲ႔
ကိုယ့္ရဲ႕အတြင္းပစၥည္းကို ေဘာလုံးလာမွန္ရင္ ဘယ္ေလာက္ေတာင္
အီစိမ့္သြားလဲဆိုတာ ေဘာလုံးကစားဖူးတဲ့ ေယာက်္ားေလးတိုင္း နားလည္ၾကမွာပါပဲ။
အခု တာဒစ္က (၈၅)သိန္းတန္သာမဟုတ္ဘဲ တန္ဖိုးမျဖတ္ႏိုင္တဲ့
အတြင္းပစၥည္းပါထိခိုက္မိတာဆိုေတာ့ ေနာက္ဆုံးေက်ာက္ပတ္တီး
ကိုင္လိုက္ရတဲ့အထိျဖစ္သြားပါေတာ့တယ္။ အဲဒီပြဲအၿပီး ကြင္းထဲကထြက္လာတဲ့
တာဒစ္ရဲ႕ပုံကိုၾကည့္ၿပီးေတာ့ ကိုယ္ခ်င္းပဲစာေပးရမလား ..ရယ္ပဲရယ္ရမလားဆိုတာ
မသိေတာ့ပါဘူး။ တာဒစ္ဟာ သူ႔ရဲ႕အဖိုးမျဖတ္ႏိုင္တဲ့အရာကို
ေက်ာက္ပတ္တီးစည္းထားရတဲ့အျပင္ ပတ္တီးနဲ႔ခ်ည္ၿပီးေတာ့ စလြယ္သိုင္းထားတာက
ဘယ္ေလာက္မ်ားေနရထိုင္ရခက္မလဲဆိုတာ စဥ္းစားသာၾကည့္ၾကပါေတာ့။
ေတာ္ေသးတာက တာဒစ္ဟာ ျမန္မာႏိုင္ငံသားမဟုတ္လို႔ပါပဲ။ မဟုတ္ရင္
ဒီပုံစံနဲ႔ ဘတ္စ္ကားတိုးစီးဖို႔ကေတာ့ ဘယ္လိုမွမျဖစ္ႏိုင္ပါဘူး။ ဘာပဲျဖစ္ျဖစ္ပါ ..
ေဒ့ါမြန္နဲ႔ပြဲမွာ တာဒစ္ရဲ႕ေခ်ပဂိုးေၾကာင့္ ေအဂ်က္စ္အသင္း စိတ္ဓာတ္တက္လာၿပီ
း ေဟာ္လာ၊ ကလာဆင္တို႔က အႏိုင္ဂိုးေတြသြင္းယူၿပီးေတာ့ (၃-၁)ဂိုးနဲ႔
အႏိုင္ယူခဲ့တဲ့အတြက္ အခုဆို ေအဂ်က္စ္အသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုတြင္း
(၄)ပြဲကစား၊ (၄)ပြဲႏိုင္နဲ႔ ရႈံးထြက္(၁၆)သင္းအဆင့္ကို တက္ေရာက္ခဲ့တဲ့အျပင္
ဒါက အသင္းရဲ႕ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးအုပ္စုတြင္း
စြမ္းေဆာင္ရည္ပါပဲ။ ေအဂ်က္စ္အသင္းတာဝန္ရွိသူေတြအေနနဲ႔လည္း
အသင္းေခါင္းေဆာင္စိတ္ဓာတ္အျပည့္အဝနဲ႔ အနာခံၿပီးဂိုးသြင္းခဲ့တဲ့
တာဒစ္ရဲ႕အဖိုးတန္ပစၥည္းေလးကို ေက်ာက္ပတ္တီးအစား
ေ႐ႊကြပ္ေပးဖို႔ေကာင္းတယ္လို႔ ယူဆပါေၾကာင္း . . .