အူဘာမီယန်းရဲ့အခက်ခဲဆုံးပြိုင်ဘက်က ဗန်ဒိုက်၊ ဒီယက်စ်နဲ့ ရာမို့စ်တို့မဟုတ်ဘဲ တိုင်ရုန်းမင်းစ်ဖြစ်နေ

ဘာစီလိုနာတိုက်စစ်မှူး အူဘာမီယန်းက သူ့ရဲ့

ကစားသမားဘဝတစ်လျှောက် အခက်ခဲဆုံးပြိုင်ဘက်မှာ
ဗီလာနောက်ခံလူ တိုင်ရုန်းမင်းစ်ဖြစ်တယ်လို့
အံ့အားသင့်ဖွယ် ထုတ်ဖော်ပြောဆိုလာပါတယ်။
အသက် ၃၂နှစ်အရွယ်ရှိ အူဘာမီယန်းဟာ
အာဆင်နယ်နည်းပြ အာတီတာနဲ့ ဆက်ဆံရေး

အဆင်မပြေဖြစ်ခဲ့ရပြီးနောက် ဇန်နဝါရီလက
ဘာစီလိုနာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့
ရောက်ရှိလာခဲ့တဖြစ်ပြီး တနင်္ဂနွေညက
ဗလန်စီယာကို ၁-၄ဂိုးနဲ့အနိုင်ရခဲ့တဲ့
လာလီဂါပွဲမှာ ဟက်ထရစ်သွင်းယူကာ

အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။


အူဘာမီယန်းဟာ ကစားသမားဘဝတစ်လျှောက်
ဗန်ဒိုက်၊ ဒီယက်စ်နဲ့ ရာမို့စ်တို့လို

ကမ္ဘာကျော် နောက်ခံလူတွေနဲ့ အားပြိုင်ခဲ့ရပေမယ့်
သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်ကတော့
အင်္ဂလန်လက်ရွေးစင် တိုင်ရုန်းမင်းစ်ဖြစ်တယ်လို့ ပြောပါတယ်။

၂၀၁၉ မှာ ဗီလာအသင်း တန်းတက်လာပြီးနောက်
အူဘာမီယန်းဟာ တိုင်ရုန်းမင်းစ်နဲ့
၅ကြိမ် ရင်ဆိုင်ခဲ့ပြီး တိုင်ရုန်းမင်းစ်က
၃ပွဲအနိုင်ရခဲ့သလို ပေးဂိုးမရှိပါ
ကစားနိုင်ခဲ့ကာ တခြား ၂ပွဲမှာ

အာဆင်နယ်အသင်း အနိုင်ရခဲ့ရာမှာ
အူဘာမီယန်းလည်း ၂ပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။
အဲဒီမှာ ၂၀၂၀ ဇူလိုင်လက
ကိုဗစ်အပြီး ပွဲတွေပြန်အစမှာ ကစားခဲ့တဲ့ပွဲလည်း
ပါဝင်ခဲ့ပြီး ဗီလာက အာဆင်နယ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။


အဲဒီပွဲမှာ ထရက်ဇီဂေးက ဗီလာအတွက်
တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူခဲ့ပြီး
ပွဲအပြီးမှာ တိုင်ရုန်းမင်းစ်နဲ့ အူဘာမီယန်းတို့

ရယ်မောပျော်ရွှင်စွာ နှုတ်ဆက်ခဲ့ကြပါတယ်။