အူဘာမီယန်းကို အငှားနဲ့ခေါ်ယူဖို့  ကြိုးပမ်းနေတဲ့ နယူးကာဆယ်

ပရီးမီးယားလိဂ်တန်းဆင်းဇုန်အတွင်းရပ်တည်နေတဲ့ နယူးကာဆယ်အသင်းဟာ

အာဆင်နယ်အသင်းမှာ စိတ်ပျက်စရာအနေအထားနဲ့ရင်ဆိုင်နေရတဲ့

တိုက်စစ်မှူးအူဘာမီယန်းကို အငှားနဲ့ခေါ်ယူဖို့ အံ့အားသင့်စရာ

ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ အူဘာမီယန်းဟာ စည်းကမ်းပိုင်းဆိုင်ရာ

ပြဿနာတွေကြောင့် နည်းပြအာတီတာနဲ့ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ပြီး

အသင်းခေါင်းဆောင်ရာထူးကနေဖယ်ရှားခံခဲ့ရသလို ပြီးခဲ့တဲ့

ဒီဇင်ဘာလအစပိုင်းကတည်းက အသင်းအတွက်ပါဝင်ကစားခွင့်မရတော့ပါဘူး။

ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးအူဘာမီယန်းဟာ

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဆင်နွှဲဖို့အတွက် လက်ရွေးစင်အသင်းနဲ့

စောစောစီးစီးပူးပေါင်းခဲ့ပြီး အာဆင်နယ်အသင်းမှာ

သူ့အနာဂတ်ဆက်ရှိဖို့မလွယ်တာကြောင့် နယူးကာဆယ်အသင်းက

အူဘာမီယန်းကိုခေါ်ယူဖို့ဆန္ဒရှိနေတာဖြစ်ပါတယ်။

အက်ဒီဟောင်းရဲ့နယူးကာဆယ်အသင်းဟာ အူဘာမီယန်းရဲ့

အပြောင်းအရွှေ့ကိစ္စအတွက် အာဆင်နယ်နဲ့ဆွေးနွေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး

အငှားနဲ့အရင်ဆုံးခေါ်ပြီးမှ ရာသီကုန်ကျရင် ပေါင်သန်း(၂၀)နဲ့

အပြီးသတ်ခေါ်ယူဖို့ရှိနေတယ်လို့ ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့ပါတယ်။

ဆော်ဒီသန်းကြွယ်သူဌေးတွေပိုင်ဆိုင်ထားတဲ့

နယူးကာဆယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ

အခြေအနေမကောင်းဖြစ်နေပြီး (၁၉)ပွဲကစားအပြီး (၁)ပွဲသာနိုင်ထားသလို

(၁၁)မှတ်နဲ့အဆင့်(၁၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အက်ဒီဟောင်းအနေနဲ့ အခုဇန်နဝါရီကာလအတွင်း

ထိပ်တန်းကစားသမားတချို့ခေါ်ယူအားဖြည့်ဖို့ဆန္ဒပြင်းပြနေပြီး

အူဘာမီယန်းက အသင်းရဲ့ပထမဆုံးနာမည်ကျော်ကစားသမားခေါ်ယူမှုဖြစ်လာဖို့ရှိနေပါပြီ။

zawgyi

အူဘာမီယန္းကို အငွားနဲ႔ေခၚယူဖို႔  ႀကိဳးပမ္းေနတဲ့ နယူးကာဆယ္

ပရီးမီးယားလိဂ္တန္းဆင္းဇုန္အတြင္းရပ္တည္ေနတဲ့ နယူးကာဆယ္အသင္းဟာ

အာဆင္နယ္အသင္းမွာ စိတ္ပ်က္စရာအေနအထားနဲ႔ရင္ဆိုင္ေနရတဲ့

တိုက္စစ္မႉးအူဘာမီယန္းကို အငွားနဲ႔ေခၚယူဖို႔ အံ့အားသင့္စရာ

ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ အူဘာမီယန္းဟာ စည္းကမ္းပိုင္းဆိုင္ရာ

ျပႆနာေတြေၾကာင့္ နည္းျပအာတီတာနဲ႔ဆက္ဆံေရးအဆင္မေျပျဖစ္ခဲ့ၿပီး

အသင္းေခါင္းေဆာင္ရာထူးကေနဖယ္ရွားခံခဲ့ရသလို ၿပီးခဲ့တဲ့

ဒီဇင္ဘာလအစပိုင္းကတည္းက အသင္းအတြက္ပါဝင္ကစားခြင့္မရေတာ့ပါဘူး။

ဂါဘြန္လက္ေ႐ြးစင္တိုက္စစ္မႉးအူဘာမီယန္းဟာ

အာဖရိကႏိုင္ငံမ်ားဖလားၿပိဳင္ပြဲဆင္ႏႊဲဖို႔အတြက္ လက္ေ႐ြးစင္အသင္းနဲ႔

ေစာေစာစီးစီးပူးေပါင္းခဲ့ၿပီး အာဆင္နယ္အသင္းမွာ

သူ႔အနာဂတ္ဆက္ရွိဖို႔မလြယ္တာေၾကာင့္ နယူးကာဆယ္အသင္းက

အူဘာမီယန္းကိုေခၚယူဖို႔ဆႏၵရွိေနတာျဖစ္ပါတယ္။

အက္ဒီေဟာင္းရဲ႕နယူးကာဆယ္အသင္းဟာ အူဘာမီယန္းရဲ႕

အေျပာင္းအေ႐ႊ႕ကိစၥအတြက္ အာဆင္နယ္နဲ႔ေဆြးေႏြးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီး

အငွားနဲ႔အရင္ဆုံးေခၚၿပီးမွ ရာသီကုန္က်ရင္ ေပါင္သန္း(၂၀)နဲ႔

အၿပီးသတ္ေခၚယူဖို႔ရွိေနတယ္လို႔ ၿဗိတိန္သတင္းစာ The Mirror က

ေဖာ္ျပခဲ့ပါတယ္။ ေဆာ္ဒီသန္းႂကြယ္သူေဌးေတြပိုင္ဆိုင္ထားတဲ့

နယူးကာဆယ္အသင္းဟာ ဒီရာသီပရီးမီးယားလိဂ္မွာ

အေျခအေနမေကာင္းျဖစ္ေနၿပီး (၁၉)ပြဲကစားအၿပီး (၁)ပြဲသာႏိုင္ထားသလို

(၁၁)မွတ္နဲ႔အဆင့္(၁၉)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အက္ဒီေဟာင္းအေနနဲ႔ အခုဇန္နဝါရီကာလအတြင္း

ထိပ္တန္းကစားသမားတခ်ိဳ႕ေခၚယူအားျဖည့္ဖို႔ဆႏၵျပင္းျပေနၿပီး

အူဘာမီယန္းက အသင္းရဲ႕ပထမဆုံးနာမည္ေက်ာ္ကစားသမားေခၚယူမႈျဖစ္လာဖို႔ရွိေနပါၿပီ။