အူဘာမီယန်းကို တင်းကြပြီလေ..

ပရီးမီးယားလိဂ်ပွဲစဉ်(၁၄)အဖြစ် အာဆင်နယ်ကို(၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ

မန်ချက်စတာယူနိုက်တက်နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုက သူ့ရဲ့

Instagram မှာ အောင်ပွဲခံ Post တင်ခဲ့ပြီး အဲဒီ Post ကို အူဘာမီယန်းက

Like ပေးခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေ ဒေါသပေါက်ကွဲနေကြပါတယ်။

အူဘာမီယန်းဟာ ယူနိုက်တက်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်း

မပြနိုင်ခဲ့တဲ့အတွက် (၇၉)မိနစ်မှာ နည်းပြအာတီတာက သူ့ကို လာကာဇက်နဲ့

လူစားလဲခဲ့ရသလို အခု စီရော်နယ်လ်ဒို Post ကို Like လုပ်ခဲ့လို့ အာဆင်နယ်

ပရိသတ်တွေ မကျေမနပ်ဖြစ်နေတာပါ။ စီရော်နယ်လ်ဒိုကတော့ အာဆင်နယ်

အသင်းနဲ့ပွဲမှာ သူ့ရဲ့ကစားသမားဘဝဂုဏ်ယူစရာမှတ်တမ်းအဖြစ် နိုင်ငံနဲ့ကလပ်

အသင်းအတွက် သွင်းဂိုး(၈၀၀)ပြည့်ဂိုးကို (၅၂)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ရဲ့ဖန်တီးမှုကနေ

သွင်းယူခဲ့သလို မိနစ်(၇၀)မှာ ယူနိုက်တက်အသင်းပရီးမီးယားလိဂ်နိုင်ပွဲပြန်ရစေ

မယ့် ပယ်နယ်တီဂိုးသွင်းယူခဲ့ပါသေးတယ်။

အဲဒီပွဲအပြီး Instagram မှာ စီရော်နယ်လ်ဒိုက “ကျွန်တော်တို့ အားလုံး နောက်ပွဲ

အတွက် အာရုံစိုက်ထားရမှာဖြစ်လို့ အခုအချိန်က အောင်ပွဲခံရမယ့်အချိန်မဟုတ်

သေးပါဘူး။ ဒီနေ့နိုင်ပွဲက လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် အရေးပါတဲ့

နိုင်ပွဲဖြစ်ပေမယ့် ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်း ခရီးရှည်

ကြီးဖြတ်သန်းရဦးမှာဖြစ်ပါတယ်။ အသင်းဖော်တွေအားလုံးအတွက် ဂုဏ်ယူမိပြီး

ဒီညမှာ အကောင်းဆုံးစိတ်ဓာတ်ပြသနိုင်ခဲ့ပါတယ်။ အထူးကျေးဇူးတင်ရမှာက

အသင်းပရိသတ်တွေဖြစ်ပြီး သူတို့မရှိဘဲ ကျွန်တော်တို့ ဘာမှလုပ်ပြနိုင်မှာ

မဟုတ်ပါဘူး”လို့ရေးသားခဲ့တာဖြစ်ပါတယ်။

အဲဒီ Post ကို အူဘာမီယန်း Like လုပ်ခဲ့တဲ့အတွက် အာဆင်နယ်ပရိသတ်တွေက

‘ဒီဘဲက လူရွှင်တော်ပဲလုပ်သင့်ပြီး အသင်းခေါင်းဆောင်မဖြစ်သင့်ပါဘူး’၊

‘အူဘာမီယန်းရဲ့လုပ်ရပ်က တကယ့်ကို ရှက်စရာကောင်းပြီး ဂုဏ်သိက္ခာမရှိတဲ့

အပြုအမူပါ’၊ ‘အူဘာမီယန်းကိုတော့ Unfollow လုပ်လိုက်ပါပြီ’ ဆိုပြီးတော့

Twitter မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။

Zawgyi

အူဘာမီယန္းကို တင္းၾကၿပီေလ..
ပရီးမီးယားလိဂ္ပြဲစဥ္(၁၄)အျဖစ္ အာဆင္နယ္ကို(၃-၂)ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲအၿပီးမွာ

မန္ခ်က္စတာယူႏိုက္တက္နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒိုက သူ႔ရဲ႕

Instagram မွာ ေအာင္ပြဲခံ Post တင္ခဲ့ၿပီး အဲဒီ Post ကို အူဘာမီယန္းက

Like ေပးခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြ ေဒါသေပါက္ကြဲေနၾကပါတယ္။

အူဘာမီယန္းဟာ ယူႏိုက္တက္နဲ႔ပြဲမွာ ပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္ ေျခစြမ္း

မျပႏိုင္ခဲ့တဲ့အတြက္ (၇၉)မိနစ္မွာ နည္းျပအာတီတာက သူ႔ကို လာကာဇက္နဲ႔

လူစားလဲခဲ့ရသလို အခု စီေရာ္နယ္လ္ဒို Post ကို Like လုပ္ခဲ့လို႔ အာဆင္နယ္

ပရိသတ္ေတြ မေက်မနပ္ျဖစ္ေနတာပါ။ စီေရာ္နယ္လ္ဒိုကေတာ့ အာဆင္နယ္

အသင္းနဲ႔ပြဲမွာ သူ႔ရဲ႕ကစားသမားဘဝဂုဏ္ယူစရာမွတ္တမ္းအျဖစ္ ႏိုင္ငံနဲ႔ကလပ္

အသင္းအတြက္ သြင္းဂိုး(၈၀၀)ျပည့္ဂိုးကို (၅၂)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္ရဲ႕ဖန္တီးမႈကေန

သြင္းယူခဲ့သလို မိနစ္(၇၀)မွာ ယူႏိုက္တက္အသင္းပရီးမီးယားလိဂ္ႏိုင္ပြဲျပန္ရေစ

မယ့္ ပယ္နယ္တီဂိုးသြင္းယူခဲ့ပါေသးတယ္။

အဲဒီပြဲအၿပီး Instagram မွာ စီေရာ္နယ္လ္ဒိုက “ကြၽန္ေတာ္တို႔ အားလုံး ေနာက္ပြဲ

အတြက္ အာ႐ုံစိုက္ထားရမွာျဖစ္လို႔ အခုအခ်ိန္က ေအာင္ပြဲခံရမယ့္အခ်ိန္မဟုတ္

ေသးပါဘူး။ ဒီေန႔ႏိုင္ပြဲက လမ္းေၾကာင္းမွန္ေပၚျပန္ေရာက္ဖို႔အတြက္ အေရးပါတဲ့

ႏိုင္ပြဲျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ ရည္မွန္းခ်က္ပန္းတိုင္ကို မေရာက္မခ်င္း ခရီးရွည္

ႀကီးျဖတ္သန္းရဦးမွာျဖစ္ပါတယ္။ အသင္းေဖာ္ေတြအားလုံးအတြက္ ဂုဏ္ယူမိၿပီး

ဒီညမွာ အေကာင္းဆုံးစိတ္ဓာတ္ျပသႏိုင္ခဲ့ပါတယ္။ အထူးေက်းဇူးတင္ရမွာက

အသင္းပရိသတ္ေတြျဖစ္ၿပီး သူတို႔မရွိဘဲ ကြၽန္ေတာ္တို႔ ဘာမွလုပ္ျပႏိုင္မွာ

မဟုတ္ပါဘူး”လို႔ေရးသားခဲ့တာျဖစ္ပါတယ္။

အဲဒီ Post ကို အူဘာမီယန္း Like လုပ္ခဲ့တဲ့အတြက္ အာဆင္နယ္ပရိသတ္ေတြက

‘ဒီဘဲက လူ႐ႊင္ေတာ္ပဲလုပ္သင့္ၿပီး အသင္းေခါင္းေဆာင္မျဖစ္သင့္ပါဘူး’၊

‘အူဘာမီယန္းရဲ႕လုပ္ရပ္က တကယ့္ကို ရွက္စရာေကာင္းၿပီး ဂုဏ္သိကၡာမရွိတဲ့

အျပဳအမူပါ’၊ ‘အူဘာမီယန္းကိုေတာ့ Unfollow လုပ္လိုက္ပါၿပီ’ ဆိုၿပီးေတာ့

Twitter မွာ ေဝဖန္ေရးသားခဲ့ၾကပါတယ္။